ပဲခူး အောက်တိုဘာ ၈ ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတပ်မမှူးတို့နှင့်အတူ အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်း ရေကြီးနစ်မြုပ်သည့် ရပ်ကွက်များနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ပဲခူးမြို့အတွင်း မြေနိမ့်ရပ်ကွက်များဖြစ်သည့် မြို့သစ်(င)ရပ်ကွက်နှင့် ကျောက်ကြီးစုရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုအခြေအနေများနှင့် နယ်မြေခံတပ်မတော်သားများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အနောက်ရွှေနံ့သာဘုန်းတော်ကြီးကျောင်း၊ ကလျာဏီသိမ်ကျောင်းနှင့် ဒက္ခိဏသာခါရာမကျောင်းတိုက်များရှိ ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိမှု တို့အား သွားရောက်ကြည့်ရှုခဲ့ပြီး ရေဘေးသင့်ပြည်သူများ စားသောက်နိုင်ရေး ဆန်၊ ဆီ၊ အသား၊ ငါး၊ ရေသန့်၊ ခေါက်ဆွဲခြောက်နှင့် ဟင်းသီးဟင်းရွက်များ ထောက်ပံ့ ပေးအပ်ခဲ့သည်။ …
Read More »Monthly Archives: October 2023
ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ရိုးရာခြင်းလုံးအသင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အောင်နိုင်ရေးအလံပေးအပ်
ပဲခူး အောက်တိုဘာ ၅ ============= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၅) ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ရိုးရာခြင်းလုံးအသင်းသို့ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးကိုယ်စားပြု ရိုးရာခြင်းလုံးအသင်းမှ အားကစားသမားများ၊ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူနှင့် နည်းပြများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူမှုရေးဦးတည်ချက်တွင်ပါရှိသည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုသည့် အမျိုးသားရေးဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး စွမ်းရည်တိုးတက်မြင့်မားစေရေး အားကစား နည်းများအလိုက် ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိကြောင်း၊ အားကစားသမားများအနေဖြင့် အနိုင်/အရှုံး တစ်ခုတည်းကို ဦးတည်ယှဉ်ပြိုင်ခြင်းမဟုတ်ပဲ ထိုက်တန်ထူးချွန်သည့် အားကစားသမားများပေါ်ထွက်လာ …
Read More »ပဲခူးမြို့၌ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပဲခူး အောက်တိုဘာ ၅ ===================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “အာစရိယဂုဏော အနန္တော”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဗဟိုအဆင့် ဒုတိယရရှိသူနှင့် တိုင်းဒေသကြီးအဆင့် ပထမဆုရရှိသူ များအား …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် စီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနားနှင့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှုများ ကွင်းဆင်းကြည့်ရှု
ပဲခူး အောက်တိုဘာ ၄ ================= ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် စီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရီးသွားလုပ်ငန်းသည် ကဏ္ဍပေါင်းစုံနှင့် ဆက်စပ်လျက်ရှိပြီး အလွှာအသီးသီးမှ လုပ်ငန်းမျိုးစုံ ပါဝင်နေသော ခရီးသွားလုပ်ငန်းရှိ အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် နည်းပညာနှင့် လူသားအရင်းအမြစ် ကောင်းများ လိုအပ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးတိုးတက်မှုများ တွင် MSMEလုပ်ငန်းများ အောင်မြင်ခြင်းသည် အဓိကမောင်းနှင်အားတစ်ရပ်ဖြစ်ပြီး တစ်နိုင်ငံလုံး၏ စီးပွားရေး လုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် MSME လုပ်ငန်းများဖြစ်ကြောင်း၊ ခရီးသွား လုပ်ငန်းကဏ္ဍအတွင်းရှိ …
Read More »ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေကို အထူးအလေးထား လိုက်နာရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား
ပဲခူး အောက်တိုဘာ ၃ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၃)ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ မှာကြားချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် မိမိတို့ ပဲခူးတိုင်းဒေသကြီးအတွင်း ကြုံတွေ့လာရမည့် ပူးပြင်းခြောက်သွေ့သော အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် သီးထပ်စွမ်းအား ထိခိုက်မှုမရှိစေရေးနှင့် သောက်သုံးရေရှားပါးမှုမဖြစ်စေရေး ယခုအချိန်ကတည်းက ကြိုတင်စီမံဆောင်ရွက် ထားရန်လိုအပ်ကြောင်း၊ မကြာမီ ပွင့်လင်းရာသီ ရောက်ရှိတော့မည်ဖြစ်၍ ပြည်တွင်း / ပြည်ပ ခရီးသွား လုပ်ငန်းများအား လိုအပ်သည့် ဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ အသစ်ဖွဲ့စည်းခဲ့သည့် ခရိုင်မြို့များတွင် Town Plan များ အသစ်ရေးဆွဲထားရန် လိုအပ်ကြောင်း၊ စက်မှုဇုန် များနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများတွင် ကျူးကျော်နေထိုင်မှုမရှိစေရေး လိုအပ်သော ကြေညာချက် များ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့နှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ အခမ်းအနားများသို့တက်ရောက်
ပဲခူး အောက်တိုဘာ ၁ ================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်တို့သည် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမတွင် ကျင်းပ ပြုလုပ်သည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားနှင့် ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ကျင်းပ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ထံမှ ပေးပို့သည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ယင်းနောက် …
Read More »