Home / 2024 / January (page 3)

Monthly Archives: January 2024

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း ဘက်စုံမွေးမြူရေးဇုန် အကောင် အထည်ဖော်ဆောင်ရွက်နေမှုနှင့် ပြည်ပပို့ကုန် ကြက်သွန်နီ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး

ပြည် ဒီဇင်ဘာ ၅ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၄)ရက်နေ့၊ မွန်းလွှဲပိုင်း က ပြည်မြို့နယ်အတွင်း ဘက်စုံမွေးမြူရေးဇုန် အကောင်အထည်ဖော်နေမှုနှင့် ပြည်ပပို့ကုန် ကြက်သွန်နီ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ တီတွတ်ကျေးရွာအနီး ဘက်စုံမွေးမြူရေးဇုံ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုခဲ့ရာ မွေးမြူသည့် တိရစ္ဆာန်အမျိုးအစားလိုက်ခွဲခြားပြီး မြေကွက်နေရာမဲနှိုက်ချထားပေးခဲ့မှုအခြေအနေများ၊ လမ်းဖောက်လုပ် ထားရှိမှု၊ လျှပ်စစ်မီးနှင့် ရေရရှိရေး ဆောင်ရွက်သွားနိုင်မည့် အခြေအနေများအား ကဏ္ဍအလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် ပတ်သက်ပြီး အမှန်တကယ် မွေးမြူသူများအား ခွင့်ပြုထားပေးရန်၊ ခြံလှောင်မွေးမြူရမည့် စနစ်ဖြစ်၍ တိရစ္ဆာန်အစာအတွက် နေဗီယာ မြက်စိုက်ပျိုးရန်၊ သာဘာဝမြေဩဇာ စက်ရုံလာရောက်တည်ဆောက်မည်ဖြစ်၍ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ အတွက် စျေးကွက်တစ်ခု ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ တိရစ္ဆာန်န်နှင့်ပတ်သက်သည့် …

Read More »

ပဲခူးမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၄ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်း၌ ဇန်နဝါရီလ(၄)ရက်နေ့ နံနက်(၄:၂၀) နာရီအချိန်က (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားလူမျိုးများ၊ အမှတ်(၇၇)‌ခြေမြန်တပ်မ ဌာနချုပ် အလံတင်တပ်ဖွဲ့နှင့် စစ်တီးဝိုင်းအဖွဲ့တို့ တက်ရောက်ကြပြီး အလံတင်တပ်ဖွဲ့မှ ပြည်‌ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့လွှင့်တင်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက် ဦးဆောင်သော အခမ်းအနား တက်ရောက် လာကြသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။ ဆက်လက်၍ နံနက်(၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် …

Read More »

တိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၃ ============           ဇန်နဝါရီလ(၃)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေး(MSMEs)လုပ်ငန်းများအတွက် ချေးငွေစိစစ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဒေသတွင်းပြည်တွင်းသုံးကုန်နှင့် အခြေခံကျသော စက်မှု/လက်မှုလုပ်ငန်းသည် MSMEs လုပ်ငန်းများ ဖြစ် အများစုသည် မိရိုးဖလာလုပ်ငန်းများဖြစ်ကာ ရေရှည်ရပ်တည်နိုင်ရေးနှင့်  ခေတ်မီကုန်ထုတ်လုပ်ငန်း များဖြစ်စေရေး နိုင်ငံတော်မှ အတိုးနည်းချေးငွေများ ထုတ်ချေးပေးခြင်းဖြစ်၍ အမှန်တကယ် ဆောင်ရွက် သည့် (MSMEs)လုပ်ငန်းရှင်များကိုသာ ထုတ်ချေးပေးနိုင်ရေး မြေပြင်ကွင်းဆင်းစိစစ်သွားရမှာဖြစ်ကြောင်း နှင့် လျှပ်စစ်မီးခက်ခဲသည့် ဒေသများရှိ စီးပွားရေးလုပ်ငန်းများအတွက် Gasifier များ တပ်ဆင်အသုံးပြုနိုင် ရေး အထူးအလေးထား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSMEs)လုပ်ငန်းရှင်များ ကုန်ထုတ်လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက် စေရေးအတွက် တင်ပြလာသည့် ချေးငွေနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီလ ၃ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၃)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးရေးလုပ်ငန်းသည် တောင်သူများ အတွက် အချိန်တိုကာလအတွင်း ဝင်ငွေရရှိသည့် Quick Win ဖြစ်သည့် လုပ်ငန်းတစ်ခုဖြစ်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း တစ်နှစ် (၂)သီး (၃)သီး သီးထပ်ဧကများ တိုးချဲ့ဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ပြည်ပသွင်းကုန် ဓါတ်မြေ ဩဇာလျော့ချသုံးစွဲနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲနိုင်ရေး၊ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာ စိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးဝန်ထမ်း များသည် အလှမ်းဝေးသည့်ကျေးရွာများအထိ ရောက်ရှိနိုင်ရန် အခက်အခဲရှိနိုင်သဖြင့် …

Read More »

အသိပေးကြေငြာခြင်း

သဲကုန်း ဇန်နဝါရီ ၈ သဲကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုးစနစ်/ ဈေးပြိုင်စနစ်များဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာခြင်း အပြည့်အစုံကြည့်ရှုရန်—————–

Read More »

အသိပေးကြေငြာခြင်း

ကဝ ဇန်နဝါရီ ၈ ကဝမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုးစနစ်/ ဈေးပြိုင်စနစ်များဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာခြင်း အပြည့်အစုံကြည့်ရှုရန်—————

Read More »

အသိပေးကြေငြာခြင်း

သနပ်ပင် ဇန်နဝါရီ ၈ သနပ်ပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုးစနစ်/ ဈေးပြိုင်စနစ်များဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာခြင်း အပြည့်အစုံကြည့်ရှုရန်—————

Read More »

အသိပေးကြေငြာခြင်း

ရေတာရှည် ဇန်နဝါရီ ၈ ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုးစနစ်/ ဈေးပြိုင်စနစ်များဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာခြင်း အပြည့်အစုံကြည့်ရှုရန်————–

Read More »

အသိပေးကြေငြာခြင်း

ဖြူး ဇန်နဝါရီ ၈ ဖြူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုးစနစ်/ ဈေးပြိုင်စနစ်များဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာခြင်း အပြည့်အစုံကြည့်ရှုရန်——————

Read More »

အသိပေးကြေငြာခြင်း

မင်းလှ ဇန်နဝါရီ ၈ မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုးစနစ်/ ဈေးပြိုင်စနစ်များဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာခြင်း အပြည့်အစုံကြည့်ရှုရန်————

Read More »