တောင်ငူ မေ ၁၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက တောင်ငူဒေသအတွင်း တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေ ရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်၊ နေပူကုန်းလမ်းရှိ လုပ်ငန်းရှင် ဦးကိုကိုနိုင်၏ ငရုတ်သီးအမှုန့်မျိုးစုံလုပ်ငန်းသို့ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ထုတ်လုပ်မှုအဆင့်ဆင့်တိုင်း သန့်ရှင်သပ်ရပ်မှုရှိစေရေးနှင့် အစားအစာ ဘေးကင်းလုံခြုံမှုရှိရန်၊ ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်ရန်နှင့် ကုန်ကြမ်းပြတ်လပ်မှုမရှိစေရေး အားလုံး ပူးပေါင်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တောင်ငူမြို့၊ ရွှေဟင်္သာ(၂)ရပ်ကွက်ရှိ “မိဘမေတ္တာ” မျှစ်ချို/မျှစ်ချဉ် စားသောက်ကုန် လုပ်ငန်းသို့ရောက်ရှိခဲ့ပြီး မျှစ်အစိုထုတ်လုပ်ခြင်းအပြင် ရာသီမရွေးစားသုံး၍ရပြီး ပြည်ပပို့ကုန်တစ်ခုဖြစ်သည့် မျှစ်ခြောက်လုပ်ငန်းလည်း တိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် ဝါးအချောထည် စက်မှု/လက်မှုထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website