ပဲခူး မေ ၄ ပဲခူးမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊အောင်သုခဆေးကုသဆောင်တွင် မေလ ၄ ရက်နေ့ နံနက်ပိုင်းက (၈၀)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်း ဒေသကြီးမီးသတ်ဦးစီးဌာနမှ စုပေါင်းသွေးလှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ ဝန်ကြီးများက လိုက်လံကြည့်ရှုအားပေးပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များအား ဆန်၊ ကြက်ဥ၊ မုန့်၊ အားဆေး၊အချိုရည်နှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ သွေးအလှူရှင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့သည်။ (၈၀)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း ရာတွင် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစောထွန်းဦးဆောင်၍ တိုင်းဒေသကြီး ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနရုံးများနှင့် မီးသတ်နယ်မြေစခန်းများရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ …
Read More »Daily Archives: May 4, 2026
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျေးလက်ဒေသနေ တောင်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်
တောင်ငူ မေ ၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ယမန်နေ့ မွန်းလွဲပိုင်းက တောင်ငူခရိုင်အတွင်းရှိ ကျေးလက်ဒေသနေ တောင်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဘိုးတော်ကုန်းကျေးရွာအုပ်စု၌ လုပ်ငန်းရှင်ဦးပြုံးချိုမှ ဂျပန်နိုင်ငံ၏ နည်းပညာဖြင့် ကြံမြုပ်ချေး၊ ကြံမြုပ်ပြာ၊ ကြက်ချေး၊ နွားချေး၊ မြေပဲခွံ၊ မြေဝါမှုန့်၊ အရိုးမုန့်၊ လချေးမှုန့်၊ ဂျစ်ပဆန်၊ ငါးအမိုင်နို၊ အီအပ်ဘိုကာချီနှင့် ထရိုင်ဂိုဒါးမာတို့အား နည်းစနစ်တကျ ရောစပ်၍ Benefit(ဘန်နီဖစ်) အမှတ်တံဆိပ်ဖြင့် သဘာဝမြေဩဇာ အောင်မြင်စွာ ထုတ်လုပ်ဖြန့်ဖြူးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးသည် ဆန်စပါးနှင့် ပဲမျိုးစုံ အဓိကထားထုတ်လုပ်သည့် တိုင်းဒေသကြီးဖြစ်၍ ဆန်စပါးနှင့် ပဲမျိုးစုံအတွက် သီးသန့် သဘာဝမြေဩဇာထုတ်လုပ်သွားရန်၊ အပင်၊ အသီး၊ အရွက်စသည်တို့ကို တိုက်ရိုက်အားပြုစေသည့် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်ငူမြို့၊ နန်းတော်ဦးလောကမာရဇိန်စေတီတော်မြတ်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွက်တင် မဟာမင်္ဂလာ အခမ်းအနားနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညို
တောင်ငူ မေ ၃ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်ငူမြို့၊ နန်းတော်ဦးလောကမာရဇိန် စေတီတော်မြတ်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွက်တင် မဟာမင်္ဂလာ အခမ်းအနားနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး ကြာနီကန်စာသင်တိုက် ပဓာနနာ ယက ဆရာတော်ကြီးထံမှ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အမှူးပြုသော ဧည့်ပရိတ်သတ်များ က ငါးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရတနာစိန်ဖူးတော်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ရတနာငှက်မြတ်နားတော်နှင့် အလှူရှင်များက စေတီတော်အတွင်း ထည့်သွင်း ပူဇော်မည့်ဌာပနာများအား သက်ဆိုင်ရာဆရာတော်ကြီးများထံ အသီးသီးကပ်လှူပူဇော်ခဲ့ကြပြီး ကြွရောက် လာသည့် ဆရာတော်ကြီးများက ဗုဒ္ဓဘိသေကအနေကဇာတင်ခဲ့ကြကာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှူး ပြုသော ဧည့်ပရိတ်သတ်များက ဆရာတော်ကြီးများထံ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website