ပဲခူး မေ ၁၅ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကင်းထောက်လူငယ်သင်တန်းဆင်းပွဲအား ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ ၁၅ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ များ၊ အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြ သည်။ ရှေးဦးစွာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ကင်းထောက်လူငယ်သင်တန်းသား/သူ များက “ကင်းထောက်ဆိုသည်မှာ”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့လူငယ်များသည် နိုင်ငံရဲ့ အနာဂတ်၊ နိုင်ငံ၏ အဓိကအင်အားစုဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာ ပြည့်ဝရန်လိုအပ်သကဲ့သို့ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိပြီး အများအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးကြရမည့်သူများဖြစ်ရန်နှင့် နိုင်ငံအတွက် အားထားရသော …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website