ပဲခူး မေ ၁၈ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ပဲခူးဇုန်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး/ပြည်နယ် ကိုယ်စားပြု ဘောလုံးအသင်းများ အား ကြိုဆိုသည့်အခမ်းအနားကို မေလ ၁၈ ရက်နေ့၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင် အသင်းများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင် အသင်းတိုအား လက်ဘက်ရည်နှင့်မုန့်တိုဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားအသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ အဆိုပါဘောလုံးပြိုင်ပွဲအုပ်စု(ခ) ပဲခူးဇုန်အုပ်စုပတ်လည်ပွဲစဉ်များကို ပဲခူးတိုင်းဒေသကြီးအားကစား …
Read More »Daily Archives: May 18, 2026
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အကြိုလှုပ်ရှားမှုများ အရှိန် အဟုန်ဖြင့် ဆက်လက်ကျင်းပပြုလုပ်လျက်ရှိ
ပဲခူး မေ ၁၈ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားအား မေလ ၁၈ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံ ရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားအား “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆို ဖွင့်လှစ် ပေးခဲ့ကြသည်။ ထိုနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာမှာ အသိပညာရှင် အတတ်ပညာရှင်များစွာ လိုအပ်သည့်အတွက် အသိပညာရှင် အတတ်ပညာရှင်များ ပေါ်ပေါက်လာစေရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်တွင် အခြေခံအကျဆုံး ဖြစ်သည့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေရေးနှင့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website