Home / 2026 / May / 31

Daily Archives: May 31, 2026

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှု ပြုလုပ်ပေး

ပဲခူး မေ ၃၁       ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှုပြုလုပ် ပေးနေမှုအား မေလ(၃၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှု့အားပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်တို့နှင့်အတူ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ ခွဲစိတ်ကုသမှုခံယူကြသည့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ရင်းရင်းနှီးနှီးလက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး အာဟာရမုန့်နှင့် ကြက်ဥများ၊ ထောက်ပံ့ငွေများကိုပေးအပ်ကာ ခွဲစိတ်ကုသမှုပြုလုပ်ပေးသည့် ကျန်းမာရေးဝန်ထမ်းကို လည်း လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။         ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို ခွဲစိတ်ကုသမှုများပြုလုပ်ပေးရာတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ …

Read More »

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေသာလျောင်းဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သင်္ကန်းတော် ရွှေအစစ်ချ ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း မင်္ဂလာအောင်ပွဲ အခမ်းအနားကျင်းပ

ပဲခူး မေ ၃၁            ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေသာလျောင်းဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သင်္ကန်းတော် ရွှေအစစ်ချ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း မင်္ဂလာအောင်ပွဲအခမ်းအနားကို မေလ(၃၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။            ရှေးဦးစွာ ဆရာတော်ကြီးများ ဦးဆောင်ကာ လက်ယာရစ်လှည့်လည်ပူဇော်ခဲ့ကြပြီး ရန်ကုန်မြို့၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်)၊ ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက်ကြီး၏ပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ ဆရာတော်ကြီး(၂)ပါးနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းတို့က စက်ခလုပ်နှိပ်၍ ပူဇော်ဖွင့်လှစ်ပေးကာ ဆရာတော် သံဃာတော်များက ဇယမင်္ဂလာ အောင်ဂါထာတော်ကို (၃)ကြိမ်ရွတ်ဆို ပူဇော်ပြီး ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာကို ဆောင်ရွက် တော်မူကြသည်။ ယင်းနောက် ရေစက်ချအလှူမင်္ဂလာအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်များအတွက်ဖွင့်လှစ်ခဲ့သော “အခြေခံစက်ချုပ်သင်တန်း” ဆင်းပွဲအခမ်းအနားကျင်းပ

ပဲခူး မေ ၃ဝ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိတိုင်းရင်းသားလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေးအတွက်” အခြေခံစက်ချုပ်သင်တန်း”ဆင်းပွဲအခမ်းအနားကို မေလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ တိုင်းဒေသကြီးလူငယ်စင်တာခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့် ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်များအနေဖြင့် ဘဝရပ်တည်မှုအတွက် ခိုင်မာသော အသက်မွေးဝမ်းကျောင်းပညာရပ် ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ မိသားစုအပိုဝင်ငွေ ရှာဖွေနိုင်စေရေး၊ တိုင်းရင်းသားဒေသများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကာ သက်မွေးပညာရပ် တတ်မြောက်ထားသူ သင်တန်းသူများအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးနဲ့ ဈေးကွက်ချိတ်ဆက်မှု ရရှိစေရေးအတွက် ဆက်လက်ပြီး တွန်းအားပေး ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အခြေခံစက်ချုပ်သင်တန်း၊ သင်တန်း သူများအား သင်တန်းဆင်လက်မှတ်များ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်း များ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မေ ၂၉   ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ ၂၉ ရက်နေ့၊ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ အား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSMEs စီးပွားရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် မြို့နယ်အလိုက် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ မိုးရာသီရောက်ရှိပြီဖြစ်၍ သဘာဝဘေးန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများနှင့် ကူးစက် ရောဂါနှိမ်နင်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများ ပြည့်ဝ စွာရရှိရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများက …

Read More »

ပဲခူးမြို့၌ MSMEs အေဂျင်စီမှ ကြီးမှူးကျင်းပသည့် ထုပ်ပိုးမှုဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မေ ၂၉ ပဲခူးတိုင်းဒေသကြီး MSMEs အေဂျင်စီမှ ကြီးမှူးကျင်းပသည့် ထုပ်ပိုးမှုဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲအခမ်းအနားအား မေလ ၂၉ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်း ပစ္စည်းများကို အခြေခံပြီး သွင်းကုန်အစားထိုး ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ဈေးကွက်ဝင်ဆံ့မှုရှိရန် အတွက် အရည်အသွေးပြည့်မီသည့် ထုပ်ပိုးမှုများဖြစ်ရန်လိုအပ်ကြောင်း၊ ထုပ်ပိုးမှုများ အဆင့်မြှင့်တင်ရာ တွင် ထုပ်ပိုးမှုအသွင်သဏ္ဍာန်သာမက ကုန်ပစ္စည်း၏ အရည်အသွေး၊ အမှတ်တံဆိပ်များ ပါရှိရန် အရေးကြီး ကြောင်း၊ နည်းပညာတိုးတက်လာသည်နှင့်အမျှ Smart Packaging ဖြစ်ရန်နှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေသည့် ထုပ်ပိုးမှုပုံစံများကို ရွေးချယ်ဆောင်ရွက်သွားရန်နှင့် လိုအပ်သည့် စက်ပစ္စည်းများကို ရွေးချယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သက်ဆိုင်ရာကုမ္ပဏီများနှင့် ချိတ်ဆက်ဝယ်ယူပေးသွားမှာဖြစ် ကြောင်း ပြောကြားခဲ့သည်။ …

Read More »