Home / 2026 / May / 21

Daily Archives: May 21, 2026

(၁၀၉)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး မေ ၂၁ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက (၁၀၉)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့် ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သူနာပြုသားဖွား အတတ်ပညာသည် ပြည်သူလူထု၏ အခြေခံကျန်းမာရေး တိုးတက်မြင့်မားလာစေရန် ပြုစုရှောက်ပေးရသည့် မြင့်မြတ်သော အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုဖြစ်ကာ သင်တန်းသူများအနေဖြင့် မိမိတို့တက်မြောက်ရမည့် အသိ ပညာ၊ အတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သည်အထိ လက်တွေ့လေ့ကျင့်သင်ယူပြီး လုပ်ငန်းခွင်ဝင်ရာတွင်လည်း လူမျိုး၊ ဘာသာ၊ အတန်းအစား မခွဲခြားဘဲ သူနာပြု ကျင့်ဝတ်၊ သိက္ခာ၊ သစ္စာအဓိဌာန်နှင့်အညီ ကျင့်ကြံနေထိုင်ကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။           ထို့နောက် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၂)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူး မေ ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၂)ကြိမ်မြောက် လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား မေလ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူတို့သည် ပဲခူးမြို့ ခုတင (၅၀၀)ဆံ့  အထွေထွေရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူနေကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊  ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးနေမှုနှင့် ရေသန့်၊ ကော်ဖီနှင့်အာဟာရမုန့်များ အခမဲ့တိုက်ကျွေးနေမှုများအား လိုက်လံ ကြည့်ရှုခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ …

Read More »

၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ပဲခူး မေ ၂၁ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေး အားလုံး ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ ဖွင့်ပွဲအခမ်းအနားအား မေလ(၂၁)ရက်နေ့၊ နံနက် ပိုင်းက ပဲခူးမြို့၊ တောင်ငူလမ်းနှင့် ဆေးရုံလမ်းထောင့်ရှိမြေနေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်း အနားသို့  ရောက်ရှိလာခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက ဘင်ခရာတီးခတ်ခြင်းနှင့် ပန်းပွားအက ကပြခြင်း တို့ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုနှင့် လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်တို့က ၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာဖွင့်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက …

Read More »