ပဲခူး မေ ၂၇ ပဲခူးမြို့၊ တိုင်းဒေသကြီးငါးလုပ်ငန်းသင်တန်းကျောင်း၌ ရက် ၁၀၀ စီမံချက်ဖြင့် သဘာဝတိုင်းရင်းငါး ဆေးထိုးသားဖောက် ပြုစုမွေးမြူခြင်းသင်တန်း ဖွင့်လှစ်ပွဲအခမ်းအနားအား မေလ ၂၇ ရက်နေ့၊ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် မြစ်ချောင်း အင်းအိုင်ပေါများပြားပြီး သဘာဝငါးမျိုးစုံထွက်ရှိရာ တိုင်းဒေသကြီးတစ်ခုဖြစ်ကာ သဘာဝငါးသယံဇာတ များ စဉ်ဆက်မပြတ်မျိုးပွားစေရေးနှင့် ငါးစားသုံးမှုဖူလုံပိုလျှံစေရေးအတွက် ယခုလိုသင်တန်းအား ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း၊ တက်ရောက်လာသည့် သင်တန်းသား/သူများအနေဖြင့် ရေချိုသဘာဝငါးမျိုးစိတ် များအား ထိန်းသိမ်းကာ ကိုယ်တိုင်မျိုးပွားပြီး ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်အတိုင်း ထုတ်လုပ် ရောင်းချနိုင်ပါက ပြည်တွင်းစားသုံးမှုအပြင် ပြည်ပပို့ကုန်အဆင့်ထိ ဆောင်ရွက်နိုင်မှာဖြစ်၍ သင်ကြား ပေးမည့် သင်ခန်းစာအလိုက် ကြိုးစားလေ့လာ သင်ယူသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် …
Read More »Daily Archives: May 27, 2026
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး မေ ၂၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် နတ်တလင်း ခရိုင်၊ သဲကုန်းမြို့နယ်၊ ဖလံကုန်းကျေးရွာအုပ်စု၌ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိ စေရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်မျိုးစေ့ ကြဲပတ်စိုက်ပျိုးနေမှု အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပေါင်းတည်မြို့နယ်၊ နတ်ပုတီးကျေးရွာအုပ်စု၌ ရေဆင်းပေါ်ဆန်း(၁) မျိုးသန့်မျိုးပွားစံပြကွက်၌ မျိုးကွဲနှုတ်ပယ်ခြင်းအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇီးကုန်းမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဦမျိုးလွင်ဦး၏ Winner သဘာဝမြေဩဇာထုတ်လုပ်ရေးအလုပ်ရုံသို့ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website