Home / 2026 / June / 02

Daily Archives: June 2, 2026

ပဲခူးမြို့၌ တတိယအကြိမ်မြောက် နွေရာသီအနုပညာသင်တန်း(အတီးဘာသာရပ်)သင်တန်းဆင်းပွဲကျင်းပ

ပဲခူး ဇွန် ၂          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် ၂ဝ၂၆ ခုနှစ်၊ တတိယအကြိမ်မြောက် နွေရာသီအနုပညာသင်တန်း(အတီးဘာသာရပ်) သင်တန်းဆင်းပွဲ အခမ်းအနားအား ပဲခူးမြို့၊ မြို့တော် ခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နွေရာသီအားလပ်ရက်များအား အကျိုး ရှိရှိ အသုံးချပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ကျောင်းသားလူငယ်များ တန်ဖိုးထား၍ ရေရှည် တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းနှင့် မိမိတို့သင်ကြားခဲ့ရသည့် အတီးဘာသာရပ်အလိုက် ကျွမ်းကျင် ပိုင်နိုင်စွာ တက်မြောက်စေရေး ဆက်လက်ကြိုးစားလေ့လာသင်ယူသွားကြစေလိုကြောင်း သင်တန်းဆင်း အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဥပဒေချုပ် ဦးခင်‌မောင်တင့်က သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပက်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။           ထို့နောက် နွေရာသီအနုပညာသင်တန်း (အတီးဘာသာရပ်) …

Read More »