Home / 2026 / June / 06

Daily Archives: June 6, 2026

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၅ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားအား ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ ၅ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၆ ခုနှစ်မှာ ကျရောက်သည့် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့်”ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်စို့” ဆိုသည့်အတိုင်း ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုကို လမ်းညွှန်ချက်များအတိုင်း ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ကမ္ဘာကြီး ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေဖို့ ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးဆက်သစ်များအတွက် ကောင်းမွန်ပြီးသန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေး နိုင်ဖို့ လူသားတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အသိစိတ်ဓာတ်ရှိရှိ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းထံသို့  သယံဇာတနှင့် သဘာဝ …

Read More »