ပဲခူး ဇွန် ၉ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးခရိုင်၊ ကဝမြို့၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကဒ်နှင့် အိမ်ထောင်စုစာရင်းများ လာရောက်ပြုလုပ်နေမှုအား ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ကဝမြို့နယ်၊ (၁)ရပ်ကွက် ကွင်းအတွင်းရှိ မိုးစပါးစိုက်လယ်မြေများ စုပေါင်းထွန်ယက်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သဘာဝ မြေဩဇာနှင့် ရွက်ဖျန်းမြေဩဇာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး အသိပညာပေးပြောကြားခဲ့သည်။ ၎င်းနောက် အုန်းနှဲစံပြကျေးရွာရှိ အစိုးရစက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းသား/သူများ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website