ပဲခူး ဇွန် ၁၂ ရက် ၁၀၀ စီမံချက်အဖြစ် ပဲခူးမြို့၌ Football For Schools Program Launching Ceremony အခမ်းအနားအား ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ဇွန်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ကျောင်းသားအားကစားသမားများက ကွင်းအတွင်းရောက်ရှိနေရာယူခဲ့ကြပြီး အားကစား သစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက Football For Schools သည် ဘောလုံးအားကစားဝါသနာပါသည့် ကလေးတွေ၏ ရင်ထဲကအိမ်မက်များကို စတင်အကောင်အထည်ဖော် ပေးခြင်းဖြစ်သလို စည်းလုံးမှုနှင့် အဖွဲ့အစည်းစိတ်ဓါတ်၊ စည်းကမ်းနှင့်လေးစားမှု၊ ဦးဆောင်မှု၊ အချိန်နှင့် တစ်ပြေးညီ မှန်ကန်သည့်ဆုံးဖြတ်ချက် ချမှတ်နိုင်မှုတို့အတွက် စတင်စိုက်ပျိုးပေးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ၏ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website