Home / 2026 / June / 11

Daily Archives: June 11, 2026

ပဲခူးမြို့၌ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲ အခမ်း အနားကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲ အား ဇွန်လ(၁၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး၊ တိုင်းဒေသကြီတရားလွှတ်တော်သူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားများ  တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်းမှာ နေထိုင်ကြတဲ့ ကရင်၊ အရှိုချင်း၊ မွန်၊ ရှမ်းနှင့် ပအိုဝ်းတိုင်းရင်းသားများရဲ့ စာပေဘာသာစကား တိုးတက်စေရန်နဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုများ တွေ့ဆုံနှီးနှောဖလှယ်နိုင်ရေး ကျင်းပပေးရခြင်းဖြစ်ကာ တိုင်းရင်းသားဒေသများဖွံ့ဖြိုး တိုးတက်ရေးနှင့် အေးချမ်းသာယာသော ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးတို့တွင် တိုင်းရင်းသား အားလုံးပူးပေါင်းလက်တွဲ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းနောက် ကရင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစောလင်း‌အောင်က အခမ်းအနားကျင်း ပရခြင်းနှင့်ပတ်သက်၍ …

Read More »