ပန်းတောင်း ဇွန် ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းက ပန်းတောင်းမြို့နယ်အတွင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ သည် ပန်းတောင်းမြို့နယ်၊ ငါးဆယ်ပေးကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာ၌ တောင်သူ ဦးညွန့်တင်၏ နွေနှမ်း(၁၅)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူ များနှင့်တွေ့ဆုံ၍ တစ်ကွင်းတစ်ဆက်တည်း သီးနှံမျိုးတူ တစ်မျိုးတည်းကိုသာစိုက်ပျိုးရန်နှင့် မြေဆီဩဇာ ကောင်းမွန်စေရေး ကြားသီနှံအား ပဲတစ်မျိုးမျိုးစိုက်ပျိုးရန် ပြောကြားခဲ့သည်။ ၎င်းနောက် ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ဘက်စုံသုံးသဘာဝရွက်ဖြန်းမြေဩဇာ ထုတ်လုပ်ထားရှိမှုအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ပဲခူတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၃၀)ဖြင့် ညောင်ကိုင်းတမံဆည်ရေသောက်စနစ်အတွင်းရှိ ညောင်ကိုင်းချောင်းဟောင်း အရှည်(၂.၂၇)မိုင် …
Read More »Daily Archives: June 14, 2026
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီ-ပြည် ရထားလမ်းတစ်လျှောက် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
သာယာဝတီ ဇွန် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဇွန်လ ၁၃ ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီ-ပြည် ရထားလမ်းတစ်လျှောက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် လွှတ်တော်ဥက္ကဋ္ဌတို့အား မြန်မာ့ မီးရထားတိုင်း(၆)တာဝန်ရှိသူများက ရန်ကုန်-ပြည် ရထားလမ်းတစ်လျောက် အဆင့်မြှင့်တင်ဆောင်ရွက် နေမှု၊ တရားမဝင်လမ်းကူးနေရာများ တည်ရှိနေမှု၊ DEMU အထူးအမြန်ရထားပြေးဆွဲမည့် အခြေအနေနှင့် ခေတ္တရပ်နားမည့် ဘူတာစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီ-ပြည် ရထားလမ်း တစ်လျှောက် မိုးစပါးစိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရထားလမ်းဘေးဝဲယာ အရိပ်ရသစ်ပင်များ စိုက်ပျိုးရန်၊ မီးရထားနှင့်မလွတ်ကင်းသည့် သစ်ပင်များဖယ်ရှားရှင်းလင်းရန်၊ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်
ပဲခူး ဇွန် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့သည် ဇွန်လ(၁၃)ရက်နေ့၊ နံနက်ပိုင်းက ဟံသာဝတီဗုဒ္ဓဂါယာ(ရွှေဂူကြီး)ဘုရားဝန်းအတွင်း၌ ၂၀၂၆ ခုနှစ်၊ ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သစ်တောသစ်ပင်များ တည်ရှိခြင်း သည် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးဖြစ်စဉ်များကို လျော့ချပေးနိုင်မှာဖြစ်၍ စိုက်ပျိုးသည့် သစ်ပင်များအား တစ်ပင်စိုက်တစ်ပင်ရှင် စနစ်ဖြင့် ပြုစုထိန်းသိမ်း စောင့်ရှောက်သွားကြရန် ပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီးတို့က ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များထံသို့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အတွက် ပျိုးပင် များ ပေးအပ်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website