Home / 2026 / June / 15

Daily Archives: June 15, 2026

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်နှင့် သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ဝါးအခြေခံစက်မှု/လက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေး

ပြည် ဇွန် ၁၅           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည် ယမန်နေ့ မွန်းလွဲပိုင်းက  ပြည်မြို့နယ်နှင့် သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ဝါးအခြေခံစက်မှု/လက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေး ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြည်မြို့နယ်၊ ဇီးအုပ်ကျေးရွာအုပ်စု၊ တောင်သူလယ်သမားသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ တောင်သူများအနေဖြင့် စိုက်ပျိုးရာသီ အချိန်မီစိုက်ပျိုးရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိသည့် မျိုးကောင်းမျိုးသန့်များအား ရွေးချယ်စိုက်ပျိုးရန်၊ တစ်ဧကစိုက်ပျိုးစရိတ်သက်သာစေရေး သဘာဝ မြေဩဇာအား သုံးစွဲရန်နှင့် တစ်ဘက်တစ်လမ်းမှ စားဖိုသီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးနိုင်ရေး တိုက်တွန်း ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သဲဆန်ကုန်းကြောလယ်မြေများအတွက် ယာ ၁၄ မျိုးစပါး၊ ရာသီမရွေးမျှစ်ချိုထုတ်လုပ်ရောင်းချနိုင်သည့် ကန်စွန်းဝါးပျိုးပင်နှင့် စားဆောင်သီးနှံ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့၌ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီး များဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေး

ပြည် ဇွန် ၁၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ပြည်မြို့၌ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီး များဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ သည်။              ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ဆေးရုံလာရောက်ပြသူများအား နွေးနွေးထွေးထွေး လိုက်လံနှုတ်ဆက်ခဲ့ပြီး အချိုရည်နှင့် အာဟာရမုန့်များ ပေးဝေခဲ့သည်။ ၎င်းနောက် ရောဂါအမျိုးအစားအလိုက် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ပြီး ဒေသထွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကျန်းမာရေးစောင့်ရှောက်မှုလာရောက် ခံယူနေကြသည့် ရဟန်းရှင်လူပြည်သူများအား ဝန်ဆောင်မှုဆိုင်ရာ ကူညီမှုများ ဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့၊ ပရဟိတအဖွဲ့များအား ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ခဲ့ပြီး ဆေးရုံအတွင်း …

Read More »