Home / 2026 / June / 08

Daily Archives: June 8, 2026

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တောင်ငူဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇွန် ၈           တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ ၈ ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တောင်ငူခရိုင်အတွင်းမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ များ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ အား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဒေသအဖြစ် ဆောင်ရွက် ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ အားကစားနှင့် ဒေသဖွံ့ဖြိုးရေး စသည့် ဘက်စုံကဏ္ဍစုံအား အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ တောင်ငူခရိုင်အတွင်း ဆက်စပ်သည့်မြို့နယ်များအားလုံး Smart City, Clean City …

Read More »