ဒိုက်ဦး ဇွန် ၁၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ဒိုက်ဦး မြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင် ကျေးရွာအုပ်စု၌ မွေးမြူရေးလုပ်ငန်းရှင် ဦးဥက္ကာမှ နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဥစားဘဲ ကောင်ရေ(၆၅၀၀) ထပ်မံတိုးချဲ့မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် ရှမ်းစုကျေးရွာ အုပ်စု၌မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်း မြေမြှုပ်နေမှုနှင့် မွေးမြူရေးလုပ်ငန်းရှင် ဒေါ်မေစိုးသူ၏ ကိုယ်တိုင်သားဖောက်၍ ဒေသကြက်ကောင် ရေ (၃၅၀၀)အောင်မြင်စွာ မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး တိရစ္ဆာန်ဆေးပစ္စည်းပေး အပ်ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဒိုက်ဦး မြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၌ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးသီးနှံစိုက်ဧကများအတွက် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website