Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေး စောင့်ရှောက်ဆောင်ရွက်ပေးခြင်း (၃)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေး စောင့်ရှောက်ဆောင်ရွက်ပေးခြင်း (၃)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်

ပဲခူး နိုဝင်ဘာ ၂၁

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် နိုဝင်ဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၆)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေး စောင့်ရှောက်ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူ တို့သည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူ နေကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊  ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုတို့အား လိုက်လံကြည့်ရှုခဲ့ပြီး   အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စေတနာ၊ မေတ္တာ၊ ဂရုဏာထား၍ ဆေးကုသမှုပေးခဲ့သည့် အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကြက်ခြေနီ အသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် မြို့မိ/မြို့ဖများအား ကျေးဇူးတင်စကား ပြောကြားခဲ့ကာ ဆေးကုသမှုလာရောက် ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား Smart Card ပြုလုပ်ပေးခြင်း၊ MEVM စက်ဖြင့် မဲပေးမှု သရုပ်ပြသခြင်းနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းတို့အား တာဝန်ရှိသူအသီးသီးတို့ပြုလုပ်ပေးနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

           ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြ သည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီးနောက် ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေထိုင်ရေး အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှုဖြင့် လစဉ်တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈) မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများ၌ ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးပေးခြင်း၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး (၁)လစာ လစဉ်ထောက်ပံ့ပေးခြင်းအပြင် ကာကွယ်ဆေးထိုးပေးခြင်းနှင့် အခြေခံစားသုံးကုန် များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ၂၀၂၂  ဒီဇင်ဘာလ(၂၁)ရက်နေ့မှ စတင်ဆောင်ရွက်ပေးခဲ့ရာ ယခု ၂၀၂၅ နိုဝင်ဘာ(၂၁)ရက်နေ့တွင် (၃)နှစ်တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်၍ ဆေးကုသမှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား တစ်ဦးလျှင် စားသုံးဆီ(၅၀)ကျပ်သားနှင့် ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက်ပေးခဲ့သည့် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများအား အောင်သုခဆေးကုသဆောင်၌ ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။