ပဲခူး အောက်တိုဘာ ၂၄ ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစားဥယျာဉ် မိုးလုံလေလုံအားကစားရုံ၌ အောက်တိုဘာ လ(၂၃)ရက်နေ့၊ ညနေပိုင်းက ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌတို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ လက်ဝှေ့ဝါသနာရှင်များက အမျိုးသား၊ အမျိုးသမီး ဝိတ်တန်းအလိုက် ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေးခဲ့ကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ရွှေတံဆိပ်(၅)ခု၊ ကြေးတံဆိပ်(၄)ခုတို့ဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသော ပဲခူးတိုင်း ဒေသကြီးအသင်းအား …
Read More »Daily Archives: October 24, 2026
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကလေးအလုပ်သမားလျော့နည်း ပပျောက်စေရေး ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှု မြင့်မား စေရေး ဆက်လက်ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ အသက်(၁၄)နှစ်မှ အသက်(၁၆)နှစ်ကြား လုပ်ငန်းခွင် သို့ ရောက်ရှိနေသော ကလေးအလုပ်သမားများအား ဥပဒေအရ သတ်မှတ်ထားသည့် အလုပ်လုပ်ချိန်(၄) နာရီသာလုပ်စေပြီး ကျန်သည့်အချိန်တွင် ကျောင်းပြင်ပပညာရေးတွင် တက်ရောက်သင်ကြားစေခြင်းနှင့် အသက်မွေးပညာသင်တန်းတစ်ခုခု တက်ရောက်သင်ကြားနိုင်စေရေး ဖန်တီးပေးသွားရန်ဖြစ်ကြောင်း၊ ကလေးငယ်များနှင့် တိုက်ရိုက်ဆက်စပ်ပတ်သက်လျက်ရှိသည့် မိဘများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်ဖြစ်ကြောင်း၊ ကလေးအလုပ်သမား ပပျောက်စေရေးအတွက် မြို့ပြတွင် သာမက ကျေးလက်ဒေသအထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ဥပဒေပါပြဌာန်းချက်များကို လိုက်နာ စေရေး အသိပညာပေးခြင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကလေးအလုပ်သမား …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website