ပဲခူး မေ ၇ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၆)ရက်နေ့၊ မွန်းလွဲ ပိုင်းက တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၉/၂၀၂၂)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးအတွင်း ဧပြီလမှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၀.၁)ရာခိုင်နှုန်းသာရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံနိုင်မှု (၉၃)ရာခိုင်နှုန်းကျော် လွှမ်းခြုံထားနိုင်ပြီး ဆက်လက်၍ ဦးတည် အုပ်စုအလိုက် (၁၀၀)ရာခိုင်နှုန်း လွှမ်းခြုံနိုင်ရေး အရှိန်အဟုန်မပြတ် ဆက်လက်ထိုးနှံနိုင်ရေး ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ ဆေးထိုးနှံရန် ကျန်ရှိသူများအနက် တိုင်းကျော်/နယ်ကျော် သွားရောက်သူများအား ရောက်ရှိနေသည့် မြို့နယ်များနှင့်ချိတ်ဆက်၍ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်မှသာ …
Read More »Bago Manager ZWL
ပဲခူးတက္ကသိုလ် နည်းပြသရုပ်ပြ ဆရာ၊ဆရာမအသစ်များအား ကြိုဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မေ ၆ =============== ပဲခူးတက္ကသိုလ် စုဝေးခန်းမ၌ မေလ(၆)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတက္ကသိုလ် နည်းပြသရုပ်ပြ ဆရာ၊ဆရာမအသစ်များအား ကြိုဆိုပွဲအခမ်း အနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆရာ/ ဆရာမများသည် နောင်တစ်ချိန် တိုင်းပြည်ပညာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာ စေဖို့ ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြရမည့်သူများဖြစ်ကြောင်း၊ ကျောင်းသား / သူများအပေါ် စေတနာ၊ ဝါသနာ၊ ကရုဏာ၊ နည်းနာ၊ စံနမူနာပြ ဆရာ/ ဆရာမများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဆရာ/ဆရာမ များ အနေဖြင့် နိုင်ငံကို အကျိုးပြုနိုင်သည့် သုတေသနလုပ်ငန်းများကိုလည်း တစ်ဖက်က တစိုက်မတ်မတ် ရှာဖွေဖော်ထုတ် ကြိုးစားသွားကြရမှာဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအောက်တွင် တက္ကသိုလ်၊ ကောလိပ်ပေါင်း(၈၄)ခု အထိ ရှိလာသည့်အတွက် အဆင့်မြင့်ပညာအနေဖြင့် ပညာရေးလွှမ်းခြုံမှုဟာ အားရစရာကောင်းတယ်လို့ ဆိုရမှာဖြစ်ကြောင်း၊ တက္ကသိုလ်/ ကောလိပ်များရှိ ဆရာ/ဆရာမများသည် …
Read More »ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်
ပဲခူး မေ ၅ =============== ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မေလ(၅)ရက်နေ့ နံနက်ပိုင်းအချိန်က (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား မိန့်ခွန်းအား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ၂၀၂၂ခုနှစ်၊ စွမ်းရည်သတ္တိဆိုင်ရာ ရဲဗလဆုတံဆိပ်ရရှိခဲ့သူ၊ တိုင်းဒေသကြီးအဆင့် မီးသတ်ကျင့်ဝတ်ပြိုင်ပွဲတွင် ပထမဆုရရှိသူများနှင့် စံပြ မီးသတ်စခန်းဆုရရှိသည့် ကဝမြို့နယ်မီးသတ်စခန်းတို့အား ဂုဏ်ပြုလက်မှတ်နှင့် ဆုများကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်မှ ဗဟိုအဆင့် အမြန်လမ်း စံပြမီးသတ်စခန်း ဒုတိယဆုနှင့် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူတို့အား ဂုဏ်ပြုလက်မှတ် နှင့်ဆု များကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေမှ လုပ်သက်(၂၅) နှစ်အထက် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ၂၀၂၁ခုနှစ် …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ညောင်လေးပင်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ညောင်လေးပင် မေ ၃ ================= တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများနှင့်အတူ မေလ(၃)ရက်နေ့၊ နံနက်ပိုင်းက ညောင်လေးပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ညောင်လေးပင်မြို့အား ခရိုင်မြို့အဖြစ် အဆင့်မြှင့်ထုတ်ပြန်ခဲ့ပြီးဖြစ်၍ ခရိုင်မြို့စံချိန်စံညွှန်းနှင့်အညီ လိုအပ်ချက်များ ဖြည့်ဆည်းဆောင် ရွက်ပေးရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး စသည်တို့ကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လိုအပ်ချက်များရှိပါက တင်ပြပေးရန် လိုအပ်ကြောင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးအား သမားရိုးကျ မိရိုးဖလာနည်းအတိုင်း စိုက်ပျိုးမွေးမြူခြင်းမျိုးမဟုတ်ဘဲ ခေတ်မီသိပ္ပံနည်းကျ …
Read More »မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ဆင့်ပွားသင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး
ပဲခူး မေ ၂ ===================== ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ မေလ(၂)ရက်နေ့၊ နံနက် ပိုင်းက မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ဆင့်ပွားသင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ (၁)နှစ်တာ ကာလ အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ခြင်းအတွက် ဆရာ/ဆရာမများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း၊ ပညာသင်နှစ်တစ် လျှောက်လုံး ကျန်းမာရေးဆိုင်ရာ အခက်အခဲများနှင့် အခြားအခက်အခဲများ ကြားမှ သင်ကြားသင်ယူမှုလုပ်ငန်းများ၊ စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းများကို အောင်မြင်ပြီးမြောက် အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ ၏ စွမ်းဆောင်ရည်ကြောင့်ပင်ဖြစ်၍ (၉-၄-၂၀၂၂)ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဆရာ/ဆရာမ များရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြု ဖော်ပြခဲ့ပြီးလည်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကောင်းမွန်သော လူစွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ပေးမည့် ပညာရေးသည် …
Read More »ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပဲခူးမြို့စာဖြေဌာနတွင် ၂၀၂၂ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကြသည့် သံဃာများနှင့် သီလရှင်များ၊ ကြီးကြပ်ဆရာတော်များအား ဖူးမြှော်ကြည်ညိုပြီး အအေးဗူးများ ဆက်ကပ်လှူဒါန်း
ပဲခူး ဧပြီ ၃၀ =============== ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာ၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပပြုလုပ်သည့် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို ပဲခူးမြို့ သာသနာ့ဗိမာန်နှင့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ကျောက်ပံတောင်းဓမ္မာရုံတို့တွင် ဧပြီလ(၃၀)ရက်နေ့မှ မေလ(၁၃) ရက်နေ့အထိ ကျင်းပပြုလုပ်လျှက်ရှိသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးမြို့တွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေကြသည့် သံဃာတော်များ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်များအား သွားရောက်ကြည်ညို ကန်တော့ပြီး အအေးဗူးများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ ကြသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာ၊ သာသနာရေးဦးစီး ဌာနက နှစ်စဉ်ကျင်းပပြုလုပ်သည့် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ပဲခူးမြို့ သာသနာ့ဗိမာန်နှင့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ကျောက်ပံတောင်းဓမ္မာရုံတို့တွင် ဖြေဆိုရန်အတွက် ဓမ္မာစရိယတန်း၌ ပါရာဇိကဏ်ကျမ်း(၅၆၈)ပါး၊ သီလက္ခန်ကျမ်း(၄၄၄)ပါး၊ ဓမ္မသင်္ဂဏီကျမ်း(၄၁၅)ပါး၊ မြန်မာစာဂုဏ်ထူး (၈၇)ပါး၊ ပါဠိဂုဏ်ထူး(၁၅)ပါး၊ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်
ပဲခူး ဧပြီ ၃၀ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်း ရေးပြုလုပ်ခြင်းအား ဧပြီလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးမြို့အတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ရေစီး ရေလာ ကောင်းမွန်စေရေး လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းများ ပြန်လည် အဆင့်မြှင့်တင်ရန်၊ ကွန်ကရစ်ပန်းခုံများ လမ်းဘေးဝဲ/ယာ တစ်ညီတစ်ညာတည်း ဖြစ်စေရေး ဆောင်ရွက်ရန်၊ လမ်းအလိုက် အမှိုက်ကန်၊ အမှိုက်ပုံးများ စနစ်တကျထားရှိစေရေးနှင့် ပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်စေရေး အသိပညာပေးရန်နှင့် အမှိုက်သိမ်းဆည်းမှုများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေး တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ …
Read More »ပူပြင်းခြောက်သွေ့သည့် ရာသီဥတုရောက်ရှိပြီဖြစ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မြို့/ရွာ သန့်ရှင်းသပ်ရပ်စေရေး ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား
ပဲခူး ဧပြီ ၂၉ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအစည်းအဝေး (၃/၂၀၂၂)အား ဧပြီလ(၂၈) ရက်နေ့၊ နံနက်ပိုင်းက Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပူပြင်းခြောက်သွေ့သည့် ရာသီဥတုဖြစ် သည့်အတွက် မီးဘေးအန္တရာယ်၊ လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်း ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လျှပ်စစ်မီးအန္တရာယ်စသည်တို့ကို အထူးဂရုပြုရမည်ဖြစ် ကြောင်း၊ ဌာနဆိုင်ရာ ရုံးတွင်း/ရုံးပြင်၊ မြို့တွင်း/ မြို့ပြင်၊ ကျေးရွာတွင်း/ ကျေးရွာပြင် စနစ်တကျ အမှိုက်စွန့်ပစ်ရန်၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများရှင်းလင်းထားရန်နှင့် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ရေရှားပါးသည့် ကျေးရွာဒေသ များ၌ ရေချိုထိန်း သောက်သုံးရေကန်များ ပြန်လည်တူးဖော်ခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်၍ စုစည်းတင်ပြပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် ကြွေးကျန်များ …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်း လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး အခြေခံဖြစ် သည့် (နိုင်-၄)မှတ်တမ်းများ Excel Format ဖြင့် ရာနှုန်းပြည့်ရိုက်သွင်းပြီးစီး
ပဲခူး ဧပြီ ၂၈ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၇)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း (နိုင်-၄)မှတ်တမ်းများ Excel Format ဖြင့် ရာနှုန်းပြည့်ရိုက်သွင်းပြီးစီးခြင်း အခမ်းအနား ကျင်းပပြု လုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အခြေခံဖြစ်သည့် (နိုင်-၄)စာရင်းမှတ်တမ်း ရိုက်သွင်းခြင်းအား မိမိတို့အစိုးရအဖွဲ့အနေဖြင့် အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် ခံယူ၍ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း (နိုင်-၄)စာရင်းအရ လူဦးရေ(၅၄)သိန်းကျော်အား Excel Format ဖြင့် ဧပြီလ(၄)ရက်နေ့ မှစ၍ ရိုက်သွင်းခဲ့ရာ ဧပြီလ(၂၇) ရက်နေ့ နံနက်ပိုင်းတွင် ရာနှုန်းပြည့် ပြီးစီးသွားခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် တတိယအများဆုံး (နိုင်-၄)စာရင်း ရေးသွင်းရသည့် …
Read More »မကြာမီ တက္ကသိုလ်များ ဖွင့်လှစ်တော့မည်ဖြစ်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူး တက္ကသိုလ် လိုအပ်ချက်များ သွားရောက်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့
ပဲခူး ဧပြီ ၂၆ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ဧပြီလ(၂၅)ရက်နေ့ မွန်းလွဲပိုင်းက မကြာမီ တက္ကသိုလ် များ ဖွင့်လှစ်တော့မည်ဖြစ်၍ ပဲခူးတက္ကသိုလ် လိုအပ်ချက်များ သွားရောက် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတက္ကသိုလ် အစည်းအဝေးခန်းမသို့ ရောက်ရှိခဲ့ရာ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ အေးအေးခိုင်မှ မကြာမီ အဝေးသင်တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ စတင်အပ်နှံနေပြီဖြစ်ပါကြောင်း၊ တက္ကသိုလ် အတွင်း ကျောင်းသား/သူများအား သတ်မှတ်အဆောင်များတွင် ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေ၊ ပဲခူးတက္ကသိုလ်အတွင်း လက်ရှိမြေအသုံးချမှု အခြေအနေနှင့် အနာဂတ်တွင် တိုးချဲ့ဆောင်ရွက်သွားမည့် ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် မြေအသုံးချမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ …
Read More »