သနပ်ပင် မတ် ၂၄ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့်အတူ မတ်လ(၂၃)ရက်နေ့၊ မွန်းလွဲ ပိုင်းက သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ် တို့အား မြို့ပြအင်္ဂါရပ်နှင့် အညီဖြစ်စေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့၊ မြို့တွင်းလမ်းဘေး(ဝဲ/ယာ) ရေနုတ်မြောင်းနှင့် Box Culvert ပြုလုပ်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး သတ်မှတ်စံချိန်စံညွန်းနှင့်အညီ အချိန်မီပြီးစီးရေး လမ်းညွှန်မှာ ကြားခဲ့ပြီးနောက် အခြေခံပညာအထက်တန်းကျောင်း(သနပ်ပင်)သို့ သွားရောက်ခဲ့ပြီး အခြေခံပညာအလယ်တန်းနှင့်အထက်တန်း စာမေးပွဲဖြေဆို နေမှုအား ကြည့်ရှုခဲ့ကာ ကျောင်းတွင်းမြေဖို့ရန်၊ ရေနုတ်မြောင်းတူးဖော်ပေးရန်၊ စက်ဘီးရပ်နားရန် နေရာများပြုလုပ်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းကို ကျောင်းအုပ်ဆရာမကြီးအား ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူး-သနပ်ပင်-ခရမ်း-သံလျင် လမ်းပေါ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ပုံငွေဖြင့် …
Read More »Bago Manager ZWL
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၊ ဘုရင့်နောင်ဝန်ထမ်းအိမ်ရာ စခန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်
ပဲခူး မတ် ၂၄ ================ (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မတ်လ(၂၂)ရက်နေ့၊ နံနက်ပိုင်း က ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၇)၊ သမိန်ဗရမ်းလမ်းရှိ ဘုရင့်နောင်ဝန်ထမ်း အိမ်ရာစခန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးအတွင်း ဌာနဆိုင်ရာအဖွဲ့ အစည်းများ တိုးမြှင့်ထားသဖြင့် နိုင်ငံ့ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာလိုအပ်ချက်များ ဖြည့်ဆည်း ပေးရန် နှစ်အလိုက်ဘတ်ဂျက်လျာထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဆင်ပြေစိတ်ချလုံခြုံစွာ မိသားစုဘဝများဖြစ်စေရေး၊ ဌာနပေါင်းစုံ ဝန်ထမ်းများ စုပေါင်းနေထိုင်ခြင်း ဖြင့် ချစ်ခင်ရင်းနှီးပြီး စုပေါင်းနေထိုင် စုပေါင်းလုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရေးနှင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို အေးချမ်းစွာ ဆောင်ရွက်နိုင်စေရေးအတွက် ယခုလို ဝန်ထမ်းအိမ်ရာစခန်းများ တည်ဆောက်ပေးရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့နေထိုင် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်
ပဲခူး မတ် ၂၂ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၂၁)ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၂ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၌ ၂၀၂၂ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များကိုလည်း လိုက်နာသွားရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်သူများ စိတ်အမောပြေနိုင်စေရေးနှင့် စုစည်း ပေါင်းစု ပျော်ရွှင်မှုဆိုသည့် မိသားစုအသွင်သဏ္ဍာန်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်္ကြန်အကျနေမှစ၍ သင်္ကြန်အကြတ်နေ့အထိ ဖျော်ဖြေရေးဗဟို မဏ္ဍပ်၊ စတုဒီသာမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များဖြင့် စနစ်တကျ စီစဉ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ လမ်းလျှောက်သင်္ကြန်နှင့် ဌာနဆိုင်ရာ စတုဒီသာမဏ္ဍပ်များလည်း ထပ်မံထည့်သွင်းရမည်ဖြစ်ကြောင်း၊ …
Read More »ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး မတ် ၂၁ ================== ပဲခူးတိုင်းဒေကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ် နေသည့် အားကောင်းသောမုန်တိုင်းငယ် (Depression)၏ အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ် ခြင်း၊ မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ မုန်တိုင်းလမ်းကြောင်းသည် အချိန်မရွေး ပြောင်းလဲနိုင်သဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် သဘာဝဘေးကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ ခြင်း၊ ချောင်း/မြစ်ရေမြင့်တက်ခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် မြစ်/ချောင်းကမ်းနားရှိ ရပ်ကွက်/ကျေးရွာများအား မိုးလေဝသ အခြေအနေများ ကြိုတင်အသိပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ အားကစား ခန်းမများ၊ စာသင်ကျောင်းများတွင် …
Read More »စိုက်ပျိုးနိုင်သောမြေများတွင် သီးထပ်၊ သီးညှပ်စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း၍ တောင်သူလိုအပ် ချက်များ ဖြည့်ဆည်းပေးရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းပြောကြား
ပဲခူး မတ် ၁၈ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးတွင် စိုက်ပျိုးနိုင် သော မြေဧရိယာဧက သိန်း(၃၀)ကျော်ရှိပြီး လူ့စွမ်းအားအရင်းအမြစ်လည်း ပေါကြွယ်ဝကြောင်း၊ စိုက်ပျိုးနိုင်သော မြေများတွင် သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း၍ တောင်သူ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း၊ ဝင်ငွေအမြန်ဆုံး ပြန်လည်ရရှိနိုင် သည့် (Quick Win) စိုက်ပျိုးရေးလုပ်ငန်းအား အထူးဦးစားပေး လုပ်ငန်းတစ်ရပ်အနေဖြင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ စားဖိုဆောင်သီးနှံ (ဟင်းသီးဟင်းရွက်)စိုက်ခင်း များအား မြို့နယ်အလိုက်ဖော်ဆောင်သွားရန်နှင့် လိုအပ်ပါက ဆိုလာစနစ်ဖြင့် ရေပေးဝေနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးပေး ခြင်းကို …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်
ပဲခူး မတ် ၁၆ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မ ဗိမာန်တော်ကြီး၌ မတ်လ(၁၆) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး အတွင်းမှ ၂၀၂၂ခုနှစ်၊သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန် ဆောင်နှင့် ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်နှင့် သီလရှင်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ဒုတိယပိုင်းအား ဆက်လက် ကျင်းပပြုလုပ်ရာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ရွှေတံဆိပ်များဆုရှင် အဆိုတော် မထက်ထက်မော်က “ထူးမခြားနား”ရောင်ခြည်တော်ဖွင့် သုံးပိုဒ်ဖြင့် သီဆိုပူဇော်ကာ ပဲခူးတိုင်းဒေသကြီးသာသနာရေးမှူး ညွှန်ကြားရေးမှူး ဦးဌေးလှိုင်က အခမ်းအနားဖွင့် စာတမ်းအား ဖတ်ကြားလျှောက်ထား၍ အခမ်းအနားကို …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စားသုံးဆီဖူလုံပိုလျှံမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်
တောင်ငူ မတ် ၁၃ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများလိုက်ပါလျက် မတ်လ(၁၂)ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ ဘုရင့်နောင်ခန်းမ၌ တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စားသုံးဆီဖူလုံပိုလျှံနိုင်ရေး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သွားရောက် တွေ့ဆုံသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင် သာယာရေးလုပ်ငန်းသည် အရေးကြီးကြောင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး လမ်းဘေးဝဲယာ ရေနုတ်မြောင်းများ ပြန်လည်တူးဖော်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ပြည်သူ့အသံကို နားထောင်ရန်လည်းလိုအပ်ကြောင်း၊ လမ်းမြေဧရိယာနှင့် ဌာနဆိုင်ရာဧရိယာများတွင် ကျူးကျော်မှုမရှိစေရေး တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ယခုနှစ်ဘတ်ဂျက်တွင် လမ်း/ တံတား/ ရေ/ လျှပ်စစ်မီး အဓိကဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှု ပိုလျှံစေရေး နေကြာသီးသန့်စိုက်ဧက တိုးတက်ရန် အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မကြာမီ အခြေခံပညာကျောင်းများတွင် အေးချမ်းတည်ငြိမ်စွာ …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ မတ် ၁၁ ============ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး တောင်ငူခရိုင်နှင့် ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ရန်ကုန်-မန္တလေးလမ်းမကြီး မြို့တွင်းလမ်းပိုင်း ကွန်ကရစ်ခင်းနေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ ယာဉ် အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့် ညဘက်တွင်မြင်နိုင်သည့် ရောင်ပြန်လမ်းပြင် အမှတ် အသား ဆိုင်းဘုတ်များတပ်ဆင်ထားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထန်းတပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံ နေကြာအထွက်နှုန်း တိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ (၁)နှစ်သုံးသီး သီးထပ်စိုက်ပျိုးနိုင်ရေး၊ မြို့တွင်း/မြို့ပြင်သန့်ရှင်းသပ်ရပ်စေရေးမှာကြားခဲ့ကာ မြို့ဝင်လမ်းမီးလိုအပ်ချက်အား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး …
Read More »၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး မတ် ၁၀ ========================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အေးချမ်းအောင် မြင်စွာ ကျင်းပနိုင်ရေး ဆပ်ကော်မတီများလည်း ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပေးထားသည့် ဆပ်ကော်မတီအလိုက် လုပ်ငန်းကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ အသေးစိတ် တင်ပြပေးစေလိုကြောင်း၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အခက်အခဲများရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက ဆပ်ကော်မတီအလိုက် …
Read More »ပဲခူးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သည့် ၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
ပဲခူး မတ် ၈ ================== ပဲခူးမြို့ မြို့တော်ခန်းမတွင် မတ်လ(၈)ရက်နေ့ မွန်လွဲပိုင်းအချိန်က ၂၀၂၂ခုနှစ် အပြည်ပြည် ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားအား ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဌာနဆိုင်ရာပေါင်းစုံပါဝင်သည့် ဖျော်ဖြေရေးအဖွဲ့မှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဂုဏ်ပြုသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုနှစ်အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂမှ ချမှတ်ပေးထားသည့် ဆောင်ပုဒ် သည် “စဉ်ဆက်မပြတ်တိုးတက်ဖို့ ကျား၊မတန်းတူ ညီမျှစို့” ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အမျိုးသမီးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ မြန်မာ့ရာဇဝင်သမိုင်းကြောင်းကို ပြန်ကြည့်လျှင်လည်း အလွန်ထင်ရှားတဲ့ အမျိုးသမီးခေါင်းဆောင်များ၊ စာဆိုအကျော်အမော်များ၊ အနုပညာရှင်များ၊ စွမ်းဆောင်ရှင်များ များစွာပေါ်ထွန်းခဲ့ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ အမျိုးသမီးများအတွက်ကို ထည့်သွင်းစဉ်းစားပေးမယ်ဆိုလျှင် လျှင်မြန်စွာဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ကြောင်း၊ ကဏ္ဍစုံမှာ အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး ပါဝင်ဆောင်ရွက်နိုင် …
Read More »