Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုင်ငံတော်၏ ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ အပြည့်အဝရရှိအောင် အလေးအနက်ထား၍ စည်းကြပ်ကောက်ခံလိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

နိုင်ငံတော်၏ ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ အပြည့်အဝရရှိအောင် အလေးအနက်ထား၍ စည်းကြပ်ကောက်ခံလိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဩဂုတ် ၄

==============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၄)ရက်နေ့၊ နံနက် ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ဆောင်ရွက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ တွင် “ နိုင်ငံသားတိုင်းသည် ဥပဒေအရပေးဆောင်ရမည့် အခွန်အကောက် များကို ပေးဆောင်ရန်တာဝန်ရှိသည်”ဟု ပြဌာန်းထားပြီးဖြစ်ကာ ရရှိသည့်အခွန်ငွေများ နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေရပြီး ရသင့်ရထိုက်သည့်အခွန်များကို အခွန်ဘဏ္ဍာငွေများ လျော့နည်းလွတ်ကင်းမှုမရှိပဲ အပြည့်အဝရရှိအောင် အလေးအနက်ထား၍ စည်းကြပ်ကောက်ခံ ဆောင်ရွက် ရန် ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးတင်ဦးက တိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ အခွန်ရငွေလျာထားချက်နှင့် ကောက်ခံရရှိမှု ကာလတူနှိုင်းယှဉ်ချက်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက မြို့နယ်အလိုက် အခွန်ငွေလျာထားချက်နှင့် ပေးဆောင်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

          ယင်းနောက် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်း ဒေသကြီးသည် သီးနှံမျိုးစုံ စိုက်ပျိုးအောင်မြင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဦးစားပေးဆောင်ရွက်သွားရန်နှင့် မျိုးကောင်းမျိုးသန့် ပြောင်းလဲစိုက်ပျိုး နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ယခင်(၁)သီးသာ စိုက်ပျိုးနိုင် ခဲ့သည့် ရေကြီး/ ရေနက်ကွင်းများ၊ သဲဆန်ကုန်းကြော မြေများတွင် တစ်နှစ်(၂)သီး တိုးချဲ့စိုက်ပျိုးနိုင်ရေး အထူးအလေးထား ဆောင်ရွက်သွားရန်နှင့် လာမည့်ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးရာသီများတွင် လျာထားချက်ပြည့်မီ ကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေအခက်အခဲမရှိစေရေး ရေရရှိနိုင် မည့် နေရာများအား ကြိုတင်ရှာဖွေ၍ စီမံချက်များချမှတ် ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်က မိုးစပါးစိုက်ပျိုးပြီး စီးမှု အခြေအနေကိုလည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးစိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များက စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ကဏ္ဍအလိုက် အကြံပြုတင်ပြ ခဲ့ကြသည်။ ၎င်းနောက် ခရိုင်/မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၊ ဥက္ကဋ္ဌများက မြို့နယ် အလိုက် မိုးစပါး စိုက်ပျိုးပြီးစီးမှု၊ ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိ မှု အခြေအနေများအား အသီးသီးတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရသည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဝင်များအား တန်ဖိုးနည်းလက်ဆွဲ ကောက်စိုက်စက် အသုံးပြုပုံ၊ ပျိုးထောင်ပုံတို့အား မှတ်တမ်း ဗွီဒီယိုဖြင့် ရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။