နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်များအား သွားရောက်ဂုဏ်ပြု

ပဲခူး မတ် ၁၀ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်များအား သွားရောက်ဂုဏ်ပြုထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ တပ်မတော်စစ်ပစ်ကွင်း၌ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ လက်နက်ငယ်ပစ်ခတ်ခြင်း သင်ခန်းစာ သင်ယူနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုနေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အကွာအဝေး မီတာ(၁၀၀) လက်နက်ငယ်ပစ်ခတ်ခြင်း သင်ခန်းစာ၌ အမှတ်ပေးစနစ်ဖြင့် ပူးတွဲပထမဆုရရှိသူ(၂)ဦးအတွက် တစ်ဦးလျှင်ကျပ်(၂)သိန်းစီ၊ ဒုတိယဆု ရရှိသူအတွက် ငွေကျပ်(၁)သိန်း၊ ပူးတွဲတတိယဆုရရှိသူ(၂)ဦးတွက် တစ်ဦးလျှင်ကျပ်(၇)သောင်းစီ ထောက်ပံ့ငွေများ ဂုဏ်ပြုပေးအပ်ခဲ့ပြီး သင်တန်းနည်းပြ တပ်မတော်သားများတွက် သီးခြားထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနေပြည်သူ့စစ်တပ်ဖွဲ့ ဝင်များအား တစ်ဦးချင်း လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် မြို့/ရွာ စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး မတ် ၉ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား မတ်လ(၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဆေးရုံဝန်းအတွင်း အစဉ်အမြဲ သန့်ရှင်း သပ်ရပ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မဟာကလျာဏီသိမ်တော်ကြီးစာသင်တိုက် အတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရှေးဟောင်းဘုရားစေတီပုထိုး များအား သန့်ရှင်းရေးပြုလုပ်ပြီးပါက ထုံးသင်္ကန်းနှင့် ရွှေဆေးများ ပြန်လည်ကပ်လှူပူဇော်ရန်၊ ရေတွင်း ရေကန်အဟောင်းများ ပြန်လည်တူးဖော်ပေးရန်နှင့် လိုအပ်သည်များဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ …

Read More »

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲကျင်းပ

ပဲခူး မတ် ၈ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ်လ(၈)ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၄ခုနှစ်၊ ပြည်နယ်/တိုင်းဒေသကြီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။         ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းမှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစား သမားများမှ တစ်ဦးချင်း ဂါရဝပြုမိတ်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးကိုယ်စားပြု ဘောလုံး အသင်း၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခဲ့သည်။          ယင်းနောက် တင်ပြချက်များနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် အနိုင်/အရှုံးတစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သည့် အားကစား သမားများ ပေါ်ထွက်လာရေးနှင့် သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရိုသေလိုက်နာမှုစသည့် အခြေခံကောင်းတွေကိုပါ အစွမ်းကုန်ဖော်ထုတ်ရင်း …

Read More »

ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မတ် ၈ ===============           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့သည် အမျိုးသမီးများ၏ အခွင့်အရေး၊ စွမ်းဆောင်ရည်တို့နှင့် အမျိုးသားများ၏ လူသားအကျိုးပြုမှုတွေကို အသိ အမှတ်ပြုသည့်အနေဖြင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် ၁၉၇၅ ခုနှစ်၊ မတ်လ(၈)ရက်နေ့မှစ၍ နှစ်စဉ်ကျင်းပခဲ့ရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးရေး၊ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက် ခံရမှုများ မရှိစေရေးအတွက် ဌာနဆိုင်ရာများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူပေါင်းလက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ လူဦးရေ၏ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနသို့ မီးငြှိမ်းသတ် ယာဉ် လွှဲပြောင်းပေးအပ်

ပဲခူး မတ် ၇ ==============           တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည် မီးငြှိမ်းသတ်ယာဉ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအား မတ်လ(၆) ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဝယ်ယူခဲ့သည့် Sino-Howo Truck မီးငြှိမ်းသတ်ယာဉ် (၃)စီး လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ခဲ့ရာ မီးသတ်ရေယာဉ်များနှင့်ပတ်သက်၍ အချက်အလက်များအား တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးက လိုက်လံ ရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးသတ်ယာဉ်များ ဝယ်ယူဖြည့်တင်းပေး ခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးမှုမရှိစေရေး လုပ်ဆောင်ရွက်ပေးရ ခြင်းဖြစ်ကြောင်း၊ မီးသတ်ယာဉ်များအား လိုအပ်သည့် ဒေသများသို့ ချက်ခြင်းခွဲဝေချထားပေးရန်နှင့် မီးသတ်ယာဉ်များ ခွဲဝေချထားပေးရာတွင် မြို့နယ်အလိုက် လူဦးရေ၊ အိမ်ခြေ၊ အိမ်ထောင်စုကို အခြေခံပြီး …

Read More »