နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးကျေးရွာ၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၂၁ (ရေတာရှည်) =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဌာနဆိုင်ရာများလိုက်ပါလျက် ဒီဇင်ဘာလ (၂၁) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌  ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်နှင့်အညီ အခြားဘာသာများကိုလည်း လေးစားလက်ခံတဲ့ တိုင်းပြည်တစ်ခုဖြစ်ကြောင်း၊ မကြာမီက ဂမ်ဘီယာနိုင်ငံ တရားစွဲဆိုမှုအပေါ်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ဦးဆောင်ပြီး သွားရောက်ဖြေရှင်းခဲ့တာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ဒီအခြေအနေမှာ အထူးပြောကြားချင်တာတော့ အားလုံးရဲ့ရှေ့မှာ ခေါင်းဆောင်ကောင်းတစ်ဦး ရှိနေပြီဖြစ်၍ အားလုံးစည်းလုံးညီညွတ်မှုရှိရန်၊ မတူကွဲပြားမှုကို မေတ္တာတရားရှေ့ထားပြီး နားလည်မှုပေးရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ခင်တန်းကြီး- ဇီးအုပ် ကျေးရွာချင်းဆက်လမ်းအား ပြန်လည်အဆင့်မြှင့်တင်ပေးရန်၊ ခင်တန်းကြီးကျေးရွာ ကျေးလက်ဆေးပေးခန်း ဆောက်လုပ်ပေးရန်နှင့် မူလတန်းလွန်ကျောင်း တိုးချဲ့ဆောက်လုပ်ပေးရန်၊ ပေါက်ချောင်းကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်၊ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ် ဓာတ်တော်ဘုရားဗုဒ္ဓပူဇနိယပွဲတော်နှင့် ခင်တန်ကြီးကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

FI

ဒီဇင်ဘာ ၂၁ (ရေတာရှည်) ============ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်နှင့်အတူ ဒီဇင်ဘာလ(၂၁)ရက်နေ့ နံနက်(၈)နာရီအချိန်က ရေတာရှည်မြို့နယ် သမိုင်းဝင်ဓာတ်တော်ဘုရားကြီး၏ (၃၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး သံဃာတော်အရှင်သူမြတ် (၃၁)ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ကာ ဗုဒ္ဓပူဇနိယပွဲတော် ဈေးတန်းအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။ ထို့နောက် ခင်တန်းကြီးကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ပြီး ဝာာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read More »

တောင်ငူမြို့တွင် ကျင်းပပြုလုပ်သည့် လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ဝန်ကြီးချုပ် တက်ရောက်

FI

ဒီဇင်ဘာ ၂၁ (တောင်ငူ) ============== ဒီဇင်ဘာလ(၂၁)ရက်နေ့  နံနက်(၅:၃၀)နာရီအချိန်က တောင်ငူမြို့တွင် ကျင်းပပြုလုပ်သည့် ဒီဇင်ဘာလ လူထုလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့ကြောင်း သိရသည်။ လူထုလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များ၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ အခြေခံပညာ ကျောင်းသား/သူများ၊ အဆင့်မြင့်ပညာ ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများပါဝင်ကာ စုစုပေါင်းအင်အား (၁၃၅၀၀)ဦးကျော် တက်ရောက်ခဲ့ကြပြီး မင်းကြီးညိုရုပ်ထုမှစတင်၍ ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကုန်သည်ကြီးလမ်း၊ ကန်လမ်းနှင့် ရန်ကုန်+မန္တလေး ကားလမ်းမှတစ်ဆင့် တောင်ငူခရိုင်အားကစားအတွင်းသို့ ချီတက်လမ်းလျှောက်ကာ အားကစားအတွင်း၌ Fitness dance ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးနှင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတို့ကို စုပေါင်းလုပ်ဆောင်ကြကြောင်း သတင်းရရှိသည်။

Read More »

ခေတ်မီနည်းပညာများကို အသုံးပြု၍ ရုံးလုပ်ငန်းများနှင့် ပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက်ရန် ဝန်ကြီးချုပ်မှာကြား

FI

ဒီဇင်ဘာ ၂၀ (ပဲခူး) =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဒီဇင်ဘာလ(၂၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က e-Government လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့အစိုးရသည် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ ပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဌာနဆိုင်ရာရုံးလုပ်ငန်းများ မြန်မြန်ဆန်ဆန် လုံခြုံအဆင့်အတန်း မြင့်မားစွာ ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများ ပွင့်လင်းမြင်သာမှုရှိစေရန်အတွက်လည်းကောင်း၊ သန့်ရှင်းပြီး အဂတိကင်းရှင်းသော အစိုးရဖြစ်စေရန် အတွက်လည်းကောင်း e-Government လုပ်ငန်းစဉ်သည် အလွန်အရေးပါကြောင်း၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့် iT နည်းပညာများကို အသုံးပြုပြီး အစိုးရ၏ စွမ်းဆောင်ရည်မြင့်မားအောင် ဆောင်ရွက်၍ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အသန့်ရှင်းဆုံးနှင့် အထိရောက်ဆုံး မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစောညိုဝင်းက တောင်ငူကွန်ပျူတာတက္ကသိုလ်နှင့် ပြည်ကွန်ပျူတာတက္ကသိုလ်တို့တွင် နိုဝင်ဘာလအတွင်း ဖွင့်လှစ်ခဲ့သည့် e-Government အထောက်အကူပြု …

Read More »

တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ ဆောက်လုပ်ရန် လာရောက်မိတ်ဆက်ရှင်းလင်း

FI

ဒီဇင်ဘာ ၁၈ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဒီဇင်ဘာလ(၁၈)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးမြို့နယ်အတွင်း တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ ဆောက်လုပ်နိုင်ရန်အတွက် Pride Myanmar Development (PMD) Co., Ltd မှ Chairman , ဦးမင်းကျော်စန်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း မြို့ပြအိမ်ရာများနှင့်ပတ်သက်၍ တိုင်းဒေသကြီးမြို့ပြဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ မြို့ပြတစ်ခု ဖွံ့ဖြိုးတိုးတက်ခြင်းသည် အလုပ်အကိုင် အခွင့်လမ်းပေါ်တွင် မူတည်နေကြောင်း၊ အဓိကအားဖြင့် လူဦးရေ တိုးတက်များပြားလာခြင်းနှင့်အတူ အိုးအိမ်လိုအပ်မှုလည်း ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ ပဲခူးဒေသည် ကုန်တွင်းလမ်းဆုံတစ်ခုဖြစ်ပြီး အနာဂတ်အတွက် အလွန်အရေးပါသည့် အိမ်ရာစီမံကိန်းများ ဆောက်လုပ်နိုင်ရေး လာရောက်ကမ်းလှမ်းရှင်းပြမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် Pride Myanmar Development (PMD) Co., Ltd …

Read More »