ပဲခူး ဧပြီ ၂၆ ================== ပဲခူးတိုင်းဒေကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်း ဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းဝေးအား ဧပြီလ(၂၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက အိမ်နီးချင်း နိုင်ငံများတွင် COVID-19 ရောဂါပိုးများ ထပ်မံတွေ့ရှိနေရကြောင်းကို သိရှိနေရပြီဖြစ်၍ လုံးဝပေါ့ဆ၍မရဘဲ မိမိတို့ တိုင်းဒေသကြီးအတွင်းမှာလည်း COVID-19 စစ်ဆေးနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်စရာရှိသည်များကို စီစဉ်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ COVID-19 စစ်ဆေးပါက ပိုးတွေ့လူနာများလည်း တွေ့ရှိလာမည်ဖြစ်ကြောင်း၊ ယခင် Facility Quarantine အဖြစ် အသုံးခဲ့သော အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများအစား Facility Quarantine အဖြစ် အသုံးနိုင်မည့် နေရာသစ်များ ထပ်မံရှာဖွေထားရန် လိုအပ်ကြောင်း၊ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၆)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းနှင့် အပတ်စဉ် အင်္ဂါနေ့တိုင်း တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် သင်တန်းကျောင်းများ၌ အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၂၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူမ…
ရေမွန်းသောမွေးကင်းစကလေးအား အသက်ကယ်ပြုစုခြင်းသင်တန်း ဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်
ပဲခူး ဇန်နဝါရီ ၂၁ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက အသက်ကယ်ပြု…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဗေဒါလက်မှုထုတ်ကုန်တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း သင်တန်း ဖွင့်ပွဲနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
သဲကုန်း ဇန်နဝါရီ ၂၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ စုပေါင်းသန့်ရှင်းရေးပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ …
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့၊ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူနေသူများအား သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး လူငယ့်အလင်းရောင် စာကြည့်တိုက်ဖွင့်ပွဲ သို့ တက်ရောက်ချီးမြှင့်
ပြည် ဇန်နဝါရီ ၁၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်ခရိုင်၊ ပြည်ခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပန်းတောင်း ဇန်နဝါရီ ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်န…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နတ်တလင်းခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေး
နတ်တလင်း ဇန်နဝါရီ ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး
သာယာဝတီ ဇန်နဝါရီ ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး
ညောင်လေးပင် ဇန်နဝါရီ ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်…
လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ် စဉ်( ၃/၂၀၂၄-၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
ပဲခူး ဇန်နဝါရီ ၁၃ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျော…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၂၂ =================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၂) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ပထမအကြိမ် ကျင်းပရခြင်းဖြစ်ကြောင်း၊ လယ်ယာမြေ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းသည် ရေရှည်ဆောင်ရွက်ရမည့် ကိစ္စဖြစ်၍ မှတ်သားဆောင်ရွက်သွားရန်နှင့် ကျေးရွာစိုက်ပျိုးမြေများကို လယ်ယာမြေမှ ဥယျာဉ် ခြံမြေ၊ ၎င်းမှ စားသောက်ဆိုင်များ၊ အိမ်အသေးများ၊ ၎င်းမှတစ်ဆင့် အိမ်ကြီးများ ဆောက်လုပ် နေသည်ကိုတွေ့ရှိရသဖြင့် တားဆီးသွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများ သည် လူ၊ တိရစ္ဆာန်များ မဖျက်ဆီးနိုင်ရန်အတွက် သံဆူးကြိုးခတ်နိုင်သော်လည်း အုတ်ဖြင့် ခြံစည်းရိုး အခိုင်အမာခတ်ပါက အရေးယူဆောင်ရွက်သွားရန်နှင့် တိုးချဲ့မြို့ပြစီမံကိန်းများ ဆောက်လုပ်ရန်အတွက် မြေပြန့်နေရာများနှင့် စိုက်ပျိုးမြေများအား …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဘုရားကြီးမြို့၊ ရွှေပြည်အေးကံထူးကျောင်းတိုက်၌ ဖွင့်လှစ်သင်ကြားနေသည့် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဧပြီ ၂၂ ===================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဧပြီလ(၂၂)ရက်နေ့၊ နံနက်(၉:၁၅)မိနစ်အချိန်က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ ရွှေပြည်အေးကံထူးကျောင်းတိုက်၌ ဖွင့်လှစ်သင်ကြားနေသည့် ဗုဒ္ဓဘာသာ ယဉ်ကျေး လိမ္မာသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ရွှေပြည်အေးကံထူးကျောင်းတိုက် ကျောင်းထိုင်ဆရာတော်သို့ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်လက်လှူဒါန်းခဲ့ပြီး ဖွင့်လှစ်သင်ကြားနေသည့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေးကာ သင်တန်းတက်ရောက်နေသည့် ကလေးများအတွက် အဟာရမုန့်များ ပေးအပ်ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနရုံးရှိ ငါးသားပေါက်စခန်းသို့ ရောက်ရှိခဲ့ပြီး စခန်းတာဝန်ခံ ဦးသူရမိုးမှ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ခေါင်းပွငါးကြင်း၊ ငါးကြင်းဖြူ၊ တီလားပီးယား၊ ငွေရောင်ငါးကြင်း၊ ရွှေဝါငါးကြင်း၊ တောင်ပေါ် ငါးသလောက်များအား မြစ်ချောင်းများတွင် ဒေသငါးမျိုးများ စိုက်ထည့်မည့် အစီအမံ အား …
Read More »နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြောကြားခဲ့သည့် လမ်းညွှန်ချက်များ ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၂၀ ===================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းဝေးခန်းမ၌ ဧပြီလ(၂၀)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြောကြားခဲ့သည့် လမ်းညွှန်ချက်များ ရှင်းလင်းခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြောကြားခဲ့သည့် လမ်းညွှန်ချက်များနှင့် ပတ်သက်၍ ဌာနဆိုင်ရာများ သိရှိလိုက်နာ ဆောင်ရွက်သွားရန်နိုင်ရေး ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း က မိမိတို့တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်နှံမှု လျော့နည်းလာ သော်လည်း ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်ရုံ/အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ Social Media (Facebook) ပေါ်တွင် အမျိုးမျိုးသော အကြမ်းဖက်လှုံ့ဆော်မှုများကိုလည်း သတင်းပေးတိုင်ကြားရန်နှင့် ထိရောက်စွာလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ် အထူးဂရုစိုက်ရမည်ဖြစ်ကြောင်း၊ …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၌ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၇ ============= ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၌ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲ ဧပြီလ(၁၇)ရက်၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့၊ နံနက်(၉)နာရီ အချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး၌ ကျင်းပပြုလုပ်သည့် အသက်(၈၅)နှစ် အထက် ဘိုးဘွားပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး၊ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များက ကန်တော့ခံ အဘိုးအဘွား (၃၀)ဦးအား တစ်ဦးလျှင်(၃)သောင်းနှုန်း ဖြင့် ပူဇော်ကန်တော့ခဲ့ပြီး ကန်တော့ခံ ဘိုးဘွားများကိုယ်စား သပြေကုန်းဘိုးဘွားရိပ်သာမှ အဘိုး ဦးသိန်းဟန်က ဆုပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း အသက်(၈၅)နှစ်အထက် အဘိုး(၁၀၇၄၉)ဦးနှင့် အဘွား(၁၆၁၅) စုစုပေါင်း(၂၆၉၀၅)ဦးအား …
Read More »