ပဲခူး မေ ၁၈ ======================= ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ မေလ(၁၈) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က စနစ်ကျသော စက်မှုဇုန်များဖော်ဆောင်ပေးနိုင်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ယာဉ်ကြောပိတ်ဆို့မှုမရှိခြင်း၊ သီလဝါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ လမ်းကြောင်းကောင်းမွန်ခြင်း၊ မြေနေရာများ ပေါများခြင်းတို့ကြောင့် ပဲခူးတိုင်းဒေသကြီးတွင် စက်မှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုမြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ အား စက်မှုဇုန်ဥပဒေနှင့်အညီ အရှိန်မြင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စက်မှုဇုန်များကြီးကြပ်ရေး ကော်မတီအနေဖြင့် မူဝါဒများချမှတ်၍ လမ်းညွှန်ပေးရမည်ဖြစ်ပြီး စက်မှုလုပ်ငန်းများကြောင့် သဘာဝနှင့်လူမှုပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးကိုလည်း သတိထားဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်(၄)ခု၌ စက်မှုဇုန်များ စနစ်တကျဖြစ်ပေါ်လာစေရေး အလေးထားဆောင်ရွက်သွားရန်၊ သာယာဝတီမြို့သည် ရန်ကုန်တိုင်းဒေသကြီးနှင့် ဆက်စပ်လျက် ရှိပြီး အနာဂတ်တွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ နိုင်သည်ဖြစ်၍ …
Read More »ပဲခူးတိုင်းဒေသကြီး၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့် ခြင်းအခမ်းအနား ကျင်းပ
ပဲခူး စက်တင်ဘာ ၁၄ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူ…
ပဲခူးမြို့၌ (၂၇)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၁၁ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ…
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ပဲခူးတိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ် (၂၇)ကြိမ်မြောက်…
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်း နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေး
ပဲခူး စက်တင်ဘာ ၈ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆ…
ပဲခူးမြို့၌ ၂၀၂၆ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ခုနှစ်၊ နိုင်ငံတကာ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး စက်တင်ဘာ ၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝ…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၈/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း စက်တင်ဘာ ၇ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွ…
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ စိုက်ပျိုးထုတ်လုပ်မှုတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ရေဝင်ရောက်သည့် အနိမ့်ပိုင်းရပ်ကွက်များ သို့ သွားရောက်ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး စက်တင်ဘာ ၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၃ ရ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်းလယ်ယာသုံးစက်ကိရိယာနှင့် MSMEs လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
တောင်ငူ စက်တင်ဘာ ၃ တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးလုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး မေ ၁၈ ======================= ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ မေလ(၁၈) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လမ်းပန်း ဆက်သွယ်ရေးလုံခြုံမှုမှသည် ပြည်သူလူထု တစ်ဦးချင်းစီ၏ လုံခြုံရေးအထိ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန်လိုအပ်မည်ဖြစ်၍ အဖျက်အမှောက်လုပ်ငန်းများ၏ သတင်းအချက်အလက်များ တိကျမှန်ကန်မြန်ဆန်စွာ ရရှိနိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူလူထု ၏ အသက်အိုးအိမ်စည်းစိမ်ကို ပျက်ဆီးစေသည့် မည်သည့်လုပ်ရပ်ကိုမဆို ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မကြာမီ ကျောင်းဖွင့်ရာသီရောက် တော့မည်ဖြစ်၍ ကျောင်းတွင်း/ပြင် လုံခြုံရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် စနစ်တကျလုံခြုံရေးအဖွဲ့များ ကြိုတင်ဖွဲ့စည်းဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ COVID-19 ရောဂါ ရောဂါပိုး ပြန်လည်တွေ့ရှိနေပြီဖြစ်၍ နယ်စပ်ဂိတ်များ သေခြာစွာစစ်ဆေး …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီမြို့ဟောင်း သိန္နီတံခါးပေါက် မြို့ရိုးတူးဖော်နေမှုနှင့် ကျုံးတူးဖော်ပြီးစီးမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး မေ ၁၄ ================== ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်များ နှင့်အတူ မေလ(၁၄)ရက်နေ့၊ နံနက်(၁ဝ:၃၀)အချိန်က ပဲခူးမြို့ရှိ ဟံသာဝတီမြို့ဟောင်း သိန္နီတံခါးပေါက် မြို့ရိုးတူးဖော်နေမှုနှင့် ကျုံးတူးဖော်ပြီးစီးမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံသည် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ လွန်စွာပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး “နိုင်ငံဂုဏ်ပြု ယဉ်ကျေးမှု”ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ အားလုံးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးမြို့တွင် တည်ရှိသည့် ဆင်ဖြူများရှင် ဘုရင့်နောင် မင်းတရားကြီး တည်ဆောက်ခဲ့သည့် ဟံသာဝတီမြို့ဟောင်းသည်လည်း နှစ်ပေါင်း (၄၅၄) နှစ်သက်တမ်းရှိပြီး စစ်ဘေး စစ်ဒဏ်၊ သဘာဝဘေးဒဏ်၊ စီမံခန့်ခွဲမှုအားနည်းချက်များနှင့် လူတို့၏ ကျူးကျော် ဖျက်ဆီးမှုဒဏ်များကြောင့် ရှေးဟောင်းယဉ်ကျေးမှု …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကောင်းမွန်သောရေနေသတ္တဝါ မွေးမြူရေး အသိပညာပေး(GAqP) သင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်
ပဲခူး မေ ၁၂ ================== ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမျိုးဆွေဝင်းသည် မေလ(၁၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းသင်တန်းကျောင်း ၌ဖွင့်လှစ်သည့် ကောင်းမွန်သောရေနေသတ္တဝါ မွေးမြူရေးအသိပညာပေး(GAqP) သင်တန်းဖွင့်ပွဲသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီး၏ ငါးမွေးမြူထုတ်လုပ်မှုသည် တိုင်းဒေသကြီးအတွင်း ငါးစားသုံးမှုဖူလုံသည့်အပြင် EU နိုင်ငံများနှင့် အခြားပြည်နယ်/တိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချနေရပြီး ငါးမွေးမြူရေးလုပ်ငန်း ရှင်များအတွက် တွက်ချေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ တစ်နေ့တစ်ခြား တိုးပွားလာသည့် လူဦးရေအတွက် ငါးစားနပ်ရိက္ခာ ပြည့်စုံဖူလုံဖို့ လိုအပ်သလို တစ်ဖက်မှာလဲ မွေးမြူထုတ်လုပ်သည့် ငါးများသည် စားသုံးသူများကို ဘေးဥပါဒ်အန္တရာယ် မဖြစ်စေဘဲ ထုတ်လုပ်မှသာ အဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော ငါးရိက္ခာများစားသုံးခြင်းဖြင့် ပြည်သူလူထုမှာ ကျန်းမာပြီး အသက်ရှည်မှာဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် …
Read More »ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် ကျေးလက်လမ်းများအား ရှင်းလင်းတင်ပြ
ပဲခူး မေ ၁၁ ===================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ (၁၁)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် ကျေးလက်လမ်းများအား လာရောက်ရှင်းလင်းတင်ပြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးလက် လမ်း/တံတားများ စဉ်ဆက်မပြတ် ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျေးလက် လမ်း/တံတားများ စဉ်ဆက်မပြတ် ရေရှည်တည်တံ့ခိုင်မြဲမှသာ ကျေးလက်ထုတ်ကုန်များ ကုန်ကျ စရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိနိုင်မည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုကို လျော့ချ ပေးနိုင်မည်ဖြစ်ကြောင်း၊ ကျေးလက်လမ်းများ ရာသီမရွေး သွားလာနိုင်သည့် လမ်းများအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်ရာတွင် ရရှိသည့်ဘဏ္ဍာငွေများ လေလွင့်မှုနည်းပါးစေရေး၊ စံချိန်စံညွှန်း အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အထူးအလေးထား ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website