ပဲခူး မတ် ၉ ================== မတ်လ(၉)ရက်နေ့ နံနက်(၁၀:၃၀)အချိန်က ဌာနဆိုင်ရာဝန်ထမ်းများ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အတူ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ အတွင်းရေးမှူး ဦးစိုးသိန်း၊ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်တို့လိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာနရုံး၌ ပဲခူးမြို့ပေါ်ရှိ ပညာရေးဝန်ထမ်းများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများနှင့် ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများအား အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ နယ်မြေခံ ဆေးတပ်ရင်းများမှ တပ်မတော်သား ဆရာဝန်များက COVID-19 ရောဂါ ကာကွယ်ဆေးထိုး နှံနေမှုအား သွားရောက်ကြည့်ရှု့ အားပေးခဲ့ကြောင်း သိရှိရသည်။ မတ်လ(၉)ရက်နေ့တွင် ပဲခူးမြို့၌ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ နယ်မြေခံ ဆေးတပ်ရင်းများမှ တပ်မတော်သား ဆရာဝန်များက အဖွဲ့များခွဲ၍ ပဲခူးတိုင်းဒေသကြီး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့်ပတ်သက်သည့် စက်မှု၊ လက်မှု ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပြည် ဩဂုတ် ၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဒုတိ…
နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်မြို့၌ ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် အမှတ်(၇၃) အဆန်/အမှတ်(၇၄)အစုန်အဖြစ် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပြည် ဩဂုတ် ၁ ပြည်ဘူတာ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် အမှတ်(၇၃) အ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း)စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး ဇူလိုင် ၃၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဒ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင် အထူးဒေသ ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်
တောင်ငူ ဇူလိုင် ၂၈ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြ…
ပဲခူးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့တက်ရောက်ချီးမြှင့်
ပဲခူး ဇူလိုင် ၂၄ ပဲခူးတက္ကသိုလ် ဘက်စုံအားကစားခန်းမ၌ ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅-…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၂၄ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး ဇူလိုင် ၂၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးမ…
ပဲခူးမြို၌ (၄၄)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
ပဲခူး၊ ဇူလိုင် ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၄)ကြိမ်မြောက် လစဉ်အ…
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ် (၂/၂၀၂၆-၂၀၂၇) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
ပဲခူး ဇူလိုင် ၂၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူမ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး …
နောက်ဆုံးရသတင်းများ
မတ်လ(၉)ရက်နေ့ သတင်းထုတ်ပြန်ချက်
မတ် ၉ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၉-၃-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၉)ခု၌ နိုင်ငံသား(၂၆၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၄၁၄)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၃)ခု၌ နိုင်ငံသား(၁၈)ဦးပြီး ရောဂါပိုးတွေ့ရှိသူ (၈)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၄)ခု၌ နိုင်ငံသား(၇၅)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၇၂)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၅၄)ခု၌ နိုင်ငံသား(၁၀၁)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၁)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၁၁၀)ခု၌ နိုင်ငံသား(၄၅၉)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၆၉၅)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်စီစဉ်မှုဖြင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား COVID-19ရောဂါ ကာကွယ်ဆေးထိုးနှံပေး
ပဲခူး မတ် ၈ ================ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်စီစဉ်မှုဖြင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား COVID-19ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းအား မတ်လ(၈) ရက်နေ့၊ မွန်းလွဲ(၁၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများနှင့် လုံခြုံရေးအဖွဲ့များအား အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ နယ်မြေခံဆေးတပ်ရင်းများမှ တပ်မတော်သား ဆရာဝန်များက COVID-19ရောဂါ ကာကွယ်ဆေးနှင့်ပတ်သက်၍ သိကောင်းစရာများအား ရှင်းလင်းပြောကြား ခဲ့ပြီး COVID-19ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။ COVID-19ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား မတ်လ(၈)ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း(၉၉၇)ဦးအား အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ နယ်မြေခံဆေးတပ်ရင်းများမှ တပ်မတော်သား ဆရာဝန်များက အဖွဲ့(၅)ဖွဲ့ခွဲ၍ …
Read More »ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ငါးမျိုးစိုက်ထည့်ခြင်းနှင့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများသို့တက်ရောက်
ပဲခူး ဇူလိုင် ၂ ——————— ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့တွင် ကျင်းပပြုလုပ်သည့် ငါးမျိုး စိုက်ထည့်ခြင်းနှင့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၄၆)မိုင် (၂)ဖာလုံအနီး ပဲခူးမြို့နယ်အတွင်းရှိ ဝါးကတုတ်ဆည်သို့ သွားရောက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဝါးကတုတ်ဆည်အတွင်း၌ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ကာ ဆည်အတွင်းသို့ ငါးမြစ်ချင်းအကောင်ရေ(၁)သိန်းခွဲ၊ တောင်ပေါ်ငါးသလောက် အကောင်ရေ(၅)သောင်းနှင့် ငါးခုံးမကြီးအကောင်ရေ (၅)သောင်းတို့ကို စိုက်ထည့်ပေးခဲ့ကြသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ်၊ ၈၇/၆ အနီး၊ ကျောက်တံခါးမြို့နယ်၊ အိုင်တုံကြိုးဝိုင်း၊ အကွက်အမှတ်(၇၇)ရှိ …
Read More »ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး/ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်
ပဲခူး မတ် ၃ =================== ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၃)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က တိုင်းဒေသကြီး/ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ဥပဒေအမှတ်(၈/၂၀၂၁)ဖြင့် ပဲခူးတိုင်း ဒေသကြီးစည်ပင်သာယာရေးဥပဒေ အခန်း(၃)နှင့် အခန်း(၅)တို့ကို ရုပ်သိမ်းခဲ့ပြီးဖြစ်ကြောင်း၊ ပဲခူး တိုင်းဒေသကြီးစည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ တိုင်းဒေသကြီး/မြို့နယ် စည်ပင်သာယာရေးအဖွဲ့များကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းပေးထားပြီးဖြစ်၍ စည်ပင်သာယာရေးလုပ်ငန်းများကို ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အခက်အခဲများရှိပါကလည်း အချိန်နှင့်တစ်ပြေးညီ တင်ပြ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website