Home / ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီးရုံး၊ပဲခူးမြို့

 

အသေးစားငွေရေးကြေးရေးလုပ်ငန်းဆိုင်ရာအဓိကရည်မှန်းချက်

 

အသေးစားငွေရေးကြေးရေးလုပ်ငန်းဆိုင်ရာအဓိကရည်မှန်းချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

(က)    အသေးစားငွေရေးကြေးရေးလုပ်ငန်းများ  ဆောင်ရွက်မည့် အဖွဲ့အစည်းများ မြန်မာနိုင်ငံဒေသ အနှံ့အပြားသို့ ဖြန့်ကျက် ရောက်ရှိအောင်ဆောင်ရွက်ခြင်း၊

(ခ)    အသေးစားငွေရေးကြေးရေးလုပ်ငန်း   ဆောင်ရွက်နေသည့်     အဖွဲ့အစည်းများလုပ်ငန်း  ဆောင်ရွက်မှု နှင့် ဘဏ္ဍာရေး  ဆိုင်ရာ ရေရှည် ရပ်တည်နိုင်မှု မှ တစ်ဆင့် အသေးစားငွေကြေး ဝန်ဆောင်မှု ကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေး၊

(ဂ)    အသေးစားငွေရေးကြေးရေးလုပ်ငန်းများ  ရေရှည်  ရပ်တည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက်  စီးပွားရေး  စျေးကွက်   အခြေအနေနှင့်  လိုက်လျောညီထွေ ဖြစ်မည့်  စည်းကမ်းမူဘောင်များ အလိုက်သင့် ပြောင်းလဲ ဆောင်ရွက်နိုင်ရေး၊

(ဃ)   အသေးစားငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများ  အကောင်အထည်ဖော်  ဆောင်ရွက်ခြင်းသည် ဝင်ငွေနည်း  ပြည်သူများ၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုး တိုးတက်မှုအပေါ်  အမှန်တကယ် အကျိုးသက်ရောက်မှု ရှိ / မရှိ စောင့်ကြည့် အကဲဖြတ်ခြင်း။

 

အသေးစားငွေရေးကြေးရေးလုပ်ငန်းဆိုင်ရာအဓိကရည်ရွယ်ချက်

၂။      အသေးစားငွေရေးကြေးရေးလုပ်ငန်းဆိုင်ရာ  အဓိက  ရည်ရွယ်ချက်မှာ  အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်  ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်တွင် ကဏ္ဍ တစ်ရပ်ဖြစ်သော ပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊

(ခ)    အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် အာမခံပစ္စည်း လက်ခံ ရယူခြင်း  မရှိဘဲ ငွေထုတ်ချေးခြင်း   ဖြစ်သည့်အတွက်    အာမခံပစ္စည်း  မရှိသော  ပြည်သူများ  နှင့် ဘဏ်များနှင့် မဆက်သွယ်နိုင်သော ပြည်သူများ ငွေကြေးဝန်ဆောင်မှု  ရရှိစေခြင်း၊

(ဂ)    အိမ်တွင်း အသေးစားစီးပွားရေးလုပ်ငန်းများပေါ်ထွက်လာခြင်းဖြင့်  အလုပ်အကိုင်     အခွင့်အလမ်း ဖန်တီးပေးရန်၊

(ဃ)   ချွေတာစုဆောင်းသည့် အလေ့အထ ပြုစုပျိုးထောင်ပေးရန်၊

လုပ်ငန်းတာဝန်များ

 ၃။      ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန  အား မြန်မာ့အသေးစားငွေရေးကြေးရေး     ကြီးကြပ်စစ်ဆေးရေးလုပ်ငန်း မှ   ၁.၉.၂၀၁၄  ရက်နေ့  မှ  စတင်၍ ပြင်ဆင် ပြောင်းလဲ  ဖွဲ့စည်း      ခဲ့ပါသည်။ ဖွဲ့စည်းပုံသစ်တွင်  ဖွဲ့စည်းပုံ   တာဝန်အရ   အောက်ပါ လုပ်ငန်းများအား ဆောင်ရွက်

ရမည်ဖြစ်ပါသည်-

(က)   နိုင်ငံပိုင်ဘဏ်များ ကြီးကြပ်ကွပ်ကဲခြင်း

(ခ)    အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲခြင်း

(ဂ)    ပုဂ္ဂလိက အာမခံလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲခြင်း

(ဃ)   အောင်ဘာလေထီလုပ်ငန်း စစ်ဆေးခြင်း  လုပ်ငန်း  တာဝန်များကို   ဆောင်ရွက်ရန်

ဖွဲ့စည်းတာဝန်ပေးအပ်ထားပါသည်။

၄။      ပဲခူးတိုင်းဒေသကြီးရုံး   အနေဖြင့်   အသေးစား  ငွေရေးကြေးရေးလုပ်ငန်းများ   ကြီးကြပ် ကွပ်ကဲခြင်းအား   အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိပြီး ၊  ပုဂ္ဂလိက အာမခံလုပ်ငန်းများကြီးကြပ်ကွပ်ကဲခြင်း အား ဤဌာန  ရုံးချုပ်    အာမခံလုပ်ငန်း  ကြီးကြပ်စစ်ဆေးရေးဌာနခွဲ  နှင့်ပူးပေါင်း  ဆောင်ရွက်မည် ဖြစ်ပါသည်။    အောင်ဘာလေထီလုပ်ငန်း စစ်ဆေးခြင်းလုပ်ငန်းအားဤဌာန ရုံးချုပ်အောင်ဘာလေထီလုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနခွဲ မှ ရန်ကုန်တိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတွင်ဆောင်ရွက်နေပြီဖြစ်ပါသည်။

၅။      အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေမှာအောက်ပါအတိုင်းဖြစ်ပါသည်-

အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ

(၂၀၁၁ခုနှစ်၊ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၃)

၁၃၇၃ခုနှစ်၊နတ်တော်လဆန်း  ၅ရက်

(၂၀၁၁ခုနှစ်၊နိုဝင်ဘာလ ၃၀ရက်)

ပြည်ထောင်စုလွှတ်တော်သည်အောက်ပါဥပဒေကိုပြဌာန်းလိုက်သည်။

 အခန်း(၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။      ဤဥပဒေကိုအသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေဟုခေါ်တွင်စေရမည်။

၂။      ဤဥပဒေတွင်ပါရှိသော    အောက်ပါ  စကားရပ်များသည်  ဖော်ပြပါ   အတိုင်း   အဓိပ္ပာယ်

သက်ရောက်စေရမည်-

(က) အသေးစားငွေရေးကြေးရေးလုပ်ငန်းဆိုသည်မှာ အခြေခံလူတန်းစားအားအသေးစားချေးငွေထုတ်ပေးခြင်း၊ ယင်းတို့ထံမှ အပ်ငွေ လက်ခံခြင်း၊   ငွေလွှဲပြောင်းပေးပို့ခြင်း၊အာမခံ လုပ်ငန်းလုပ်ကိုင်ခြင်း၊ပြည်တွင်းပြည်ပမှ ငွေချေးယူခြင်း နှင့် အခြားငွေရေး   ကြေးရေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို ဆိုသည်။

(ခ )   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း      ဆိုသည်မှာ      အခြေခံလူတန်းစား၏  ဆင်းရဲနွမ်းပါးမှု   လျှော့ချရန် နှင့်      ယင်းတို့၏   လူမှုစီးပွားရေး ဘဝ တိုးတက် မြင့်မားစေရန်  မတည်ငွေ၊ လှူဒါန်းငွေ  နှင့် ထောက်ပံ့ငွေများ ထည့်ဝင်ပြီး လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်  ရယူ၍  အသေးစားငွေရေးကြေးရေး လုပ်ငန်း  လုပ်ကိုင်သည့်  သက်ဆိုင်ရာ     ဥပဒေ အရ  ဖွဲ့စည်း မှတ်ပုံတင် ထားသော     ပြည်တွင်း  ပြည်ပ မှ  အဖွဲ့ အစည်း၊     အစုစပ်လုပ်ငန်း၊   ကုမ္ပဏီ၊   သမဝါယမအသင်း၊   ဘဏ်နှင့်ဘဏ် မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများကို ဆိုသည်။

(ဂ)    အသေးစားချေးငွေ  ဆိုသည်မှာ  အခြေခံလူတန်းစား၏   ဆင်းရဲနွမ်းပါးမှု  လျှော့ချ စေရန်  နှင့်  ယင်းတို့၏ လူမှုစီးပွားရေးဘဝ  တိုးတက်   မြင့်မားရန် အာမခံပစ္စည်း တင်သွင်းရန် မလိုဘဲ ထုတ်ချေးသည့်ငွေကို ဆိုသည်။

(ဃ)   အခြေခံလူတန်းစား   ဆိုသည်မှာ    ကျေးလက် နှင့်မြို့ပြနေ     ဝင်ငွေနည်းပါးသည့် တောင်သူလယ်သမားများ၊  အလုပ်သမားများနှင့်   စျေးသည်များ     အပါအဝင် ပြည်သူ များကို ဆိုသည်။

(င )   ကျေးလက်ဒေသဖွံ့ဖြိုးရေး  နှင့်  ဆင်းရဲ  နွမ်းပါးမှု  လျှော့ချရေး လုပ်ငန်းကော်မတီ  ဆိုသည်မှာ   နိုင်ငံတော်သမ္မတရုံးက  ဖွဲ့စည်းသော ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့်  ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းကော်မတီကို ဆိုသည်။

(စ )   ဝန်ကြီးဌာန   ဆိုသည်မှာ    ပြည်ထောင်စု အစိုးရအဖွဲ့  ၏   စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနကို ဆိုသည်။

(ဆ)   ကြီးကြပ်မှုကော်မတီ     ဆိုသည်မှာ    ပြည်ထောင်စု အစိုးရအဖွဲ့ က  ဤဥပဒေအရ ဖွဲ့စည်းသော အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီကိုဆိုသည်။

(ဇ )    လုပ်ငန်းကော်မတီ   ဆိုသည်မှာ  သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ နှင့်  နေပြည်တော်ကောင်စီက ဤဥပဒေအရ ဖွဲ့စည်း ထားသည့် အသေး စားငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီကို ဆိုသည်။

(ဈ )   ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန          ဆိုသည်မှာ   ပြည်ထောင်စု အစိုးရအဖွဲ့၏    စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန  လက်အောက် ရှိ ငွေရေးကြေး ရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကို ဆိုသည်။

(ည)   စီမံခန့်ခွဲမှုအဖွဲ့    ဆိုသည်မှာ      အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း တစ်ခု၏ စီမံခန့်ခွဲမှုအဖွဲ့ကို ဆိုသည်။

(ဋ )   အပ်ငွေ     ဆိုသည်မှာ  တောင်းခံလျှင်ဖြစ်စေ၊  အခြားအခြေအနေ   တစ်ရပ်ရပ်တွင် ဖြစ်စေ   ပြန်လည် ပေးရန်ဖြစ်သော     အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း၏ အသင်းသား  အဖွဲ့ဝင်က        အပ်နှံသည့်    ငွေကို ဆိုသည်။    ယင်းစကားရပ်တွင် စုဆောင်းငွေလည်း ပါဝင်သည်။

လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်  ဆိုသည်မှာ ဤဥပဒေအရ ထုတ်ပေးသော အသေးစား ငွေရေး ကြေးရေးလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို ဆိုသည်။

 

အခန်း(၂)

ရည်ရွယ်ချက်

 

၃။     ဤဥပဒေ၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်-

(က)   အခြေခံလူတန်းစား၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရန်၊

(ခ )   အခြေခံလူတန်းစား၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးအခြေ အနေများ ဖွံ့ဖြိုးတိုးတက်စေရန်၊

(ဂ )    အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်၊

(ဃ)   ချွေတာစုဆောင်းသည့် အလေ့အထ ပြုစုပျိုးထောင်ပေးရန်၊

(င )   အသေးစား စီးပွားရေးလုပ်ငန်း အသစ်များ ပေါ်ထွက် လာစေရေး အတွက် အားပေးရန်၊

(စ )   အိမ်တွင်းစီးပွားရေးလုပ်ငန်းများ ဖန်တီးပေးရန် နှင့် ချဲ့ထွင်ပေးရန်၊

(ဆ)   အခြေခံလူတန်းစားအား စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအပြင် အခြားဝင်ငွေ ရရှိ နိုင်သော  နည်းလမ်းများဖြင့် အကူအညီပေးရန်၊

(ဇ )    ပြည်တွင်းပြည်ပမှ နည်းပညာများ ရယူ ဖြန့်ဖြူးပေးရန်။

 

အခန်း(၃)

 

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်  ဆင်းရဲနွမ်းပါးမှုလျှော့ချရေး

လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

 

၄။      နိုင်ငံတော်သမ္မတရုံးသည် ဒုတိယသမ္မတတစ်ဦးက ဥက္ကဌအဖြစ်ပါဝင်ပြီး သင့်လျော်သော ပုဂ္ဂိုလ်များပါဝင်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်  ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်း ကော်မတီကို ဖွဲ့စည်းရမည်။

 

၅။      ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်       ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းကော်မတီ  သည်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်     ဆင်းရဲနွမ်းပါးမှုလျှော့ချရေး    အတွက် ကြီးကြပ်မှုကော်မတီနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် နေပြည်တော်ရှိ လုပ်ငန်းကော်မတီများအား ပေါင်းစပ်ကူညီ ဖြည့်ဆည်း ပေးရမည်။

အခန်း(၄)

 

အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းခြင်း၊    ယင်းကော်မတီ၏ လုပ်ငန်းတာဝန်နှင့်လုပ်ပိုင်ခွင့်များ

 

၆။      ပြည်ထောင်စုအစိုးရအဖွဲ့သည် ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးက ဥက္ကဌအဖြစ် လည်းကောင်း၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် က အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ သင့်လျော်သော အစိုးရဌာန၊   အဖွဲ့အစည်းများမှ  ပုဂ္ဂိုလ်များကအဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်သည့် အသေးစားငွေရေး ကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းရမည်။

၇။      ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)   ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်   ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းကော်မတီ  က  ချမှတ်ပေးသည့်   အသေးစားငွေရေးကြေးရေးလုပ်ငန်းဆိုင်ရာ မူဝါဒနှင့် လမ်းညွှန် ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

(ခ )   လုပ်ငန်းကော်မတီများအား အသေးစားငွေရေးကြေးရေးလုပ်ငန်းဆိုင်ရာ မူဝါဒနှင့် လမ်းညွှန်ချက်များ ချမှတ်ပေးခြင်း၊

(ဂ )   သက်ဆိုင်ရာဝန်ကြီးဌာန၊ အသင်းအဖွဲ့များ၊ အထူးပြုကုမ္ပဏီများ၊ ဘဏ်များနှင့် ချိတ်ဆက်၍အသေးစားငွေရေးကြေးရေးလုပ်ငန်းများအား ငွေကြေး ပံ့ပိုးနိုင်ရေးစီမံ ဆောင်ရွက်ပေးခြင်း၊

(ဃ)   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများလိုက်နာရမည့် စည်းကမ်းချက်များကို သတ်မှတ်ပေးခြင်း၊

(င )   အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ စိစစ်ခွင့်ပြုခြင်း၊

(စ )   အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်းအား အဖွဲ့အစည်း အမျိုးအစားအလိုက် အနည်းဆုံးထည့်ဝင်ရမည့် မတည်ငွေရင်းကို သတ်မှတ်ခြင်း၊

(ဆ)   ဈေးကွက်နှင့်လိုက်လျောညီထွေဖြစ်စေရန် အပ်ငွေအပေါ်ပေးရမည့် အတိုးနှုန်း၊ ထုတ်ချေးငွေအပေါ်ကောက်ခံရမည့် အတိုးနှုန်းနှင့် ဝန်ဆောင်ခနှုန်းများ အား  မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကျင့်သုံးလျက်ရှိသည့် လုပ်ထုံးလုပ်နည်းများနှင့် အညီ သတ်မှတ်ခြင်း၊

(ဇ )    စည်းကမ်းလိုက်နာမှုမရှိသော အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအား စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်း၊

(ဈ)    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ အားစိစစ်သုံးသပ်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်   ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းကော်မတီ  သို့ အစီရင်ခံတင်ပြခြင်း။

၈။      ကြီးကြပ်မှုကော်မတီ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)   အသေးစားငွေရေးကြေးရေးလုပ်ငန်းအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကြေး၊ ထပ်မံတိုးမြှင့်သည့် မတည်ငွေပမာဏအပေါ် ကောက်ခံသည့် လိုင်စင် ကြေးနှင့် နှစ်စဉ်လိုင်စင်ကြေးများကို သတ်မှတ်ခြင်း၊

(ခ )   ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရာတွင်အထောက်အကူ    ဖြစ်စေရန် ပြည်တွင်း  သို့မဟုတ်   ပြည်ပမှ ပုဂ္ဂိုလ် တစ်ဦးဦးကို ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့်   ဆင်းရဲနွမ်းပါးမှု  လျှော့ချရေး  လုပ်ငန်း ကော်မတီ ၏ ခွင့်ပြုချက်ဖြင့် ငှားရမ်းအသုံးပြုခြင်း၊

(ဂ )   အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။

 

အခန်း(၅)

 

အသေးစားငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းနှင့်  ယင်းကော်မတီ၏ လုပ်ငန်းတာဝန်များ

 

၉။      သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီ တို့သည် သင့်လျော်သော ပုဂ္ဂိုလ်များပါဝင်သည့် သက်ဆိုင်ရာ အသေးစားငွေရေး ကြေးရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းရမည်။

၁၀။   လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)   သက်ဆိုင်ရာဝန်ကြီးဌာန၊ အသင်းအဖွဲ့များ၊ အထူးပြုကုမ္ပဏီများ၊ ဘဏ်များနှင့် ချိတ်ဆက်၍ အသေးစားငွေရေးကြေးရေးလုပ်ငန်းများအား ငွေကြေး ပံ့ပိုးနိုင်ရေး စီမံ  ဆောင်ရွက်ပေးခြင်း၊   

(ခ )   အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်လျှောက်လွှာများကို စိစစ်၍ ကြီးကြပ်မှုကော်မတီ သို့ တင်ပြခြင်း၊

(ဂ )   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြီးကြပ်ကွပ်ကဲခြင်း၊

(ဃ)   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို သတ်မှတ်ချက်များနှင့်အညီ ကြီးကြပ်မှုကော်မတီသို့ အစီရင်ခံတင်ပြခြင်း၊

(င )   အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ရှင်သန်တိုးတက်ဖွံ့ဖြိုးလာစေရေး အတွက် လေ့ကျင့်သင်ကြားခြင်းနှင့် ပညာဖြန့်ဖြူးပေးခြင်း၊

(စ )   ကြီးကြပ်မှုကော်မတီက အခါအားလျော်စွာ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်း။

 

အခန်း(၆)

 

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

 

၁၁။    ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် အသေးစားငွေရေးကြေးရေး လုပ်ငန်းနှင့် စပ်လျဉ်း၍ အောက်ဖော်ပြပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်-

(က)   အသေးစားငွေရေးကြေးရေးလုပ်ငန်း   လုပ်ကိုင်ခွင့်လျှောက်လွှာများကို     စိစစ်၍

 သက်ဆိုင်ရာ လုပ်ငန်းကော်မတီ သို့ တင်ပြခြင်း၊

(ခ )   အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများတွင် ထိန်းသိမ်းထားရှိရမည့် စာရင်းပုံစံများနှင့် အစီရင်ခံရမည့် ပုံစံများကိုသတ်မှတ်ခြင်း၊

(ဂ )  အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြီးကြပ်ကွပ်ကဲခြင်း နှင့် ကွင်းဆင်း   စစ်ဆေးခြင်း၊

(ဃ)   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို သတ်မှတ်ချက်များနှင့်အညီ  သက်ဆိုင်ရာလုပ်ငန်းကော်မတီ သို့ အစီရင်ခံတင်ပြခြင်း၊

(င )   ကြီးကြပ်မှုကော်မတီနှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများက အခါအားလျော်စွာ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်း။

၁၂။   ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ဤဥပဒေအရ အပ်နှင်းထားသော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်းကြောင့် ပေါ်ပေါက်လာသည့် သို့မဟုတ် အကြောင်းသင့် ဆက်စပ်ဖြစ်ပေါ်လာသည့် လုပ်ငန်းများကိုလည်း တာဝန်ယူဆောင်ရွက်ရမည်။

 

အခန်း(၇)

ဖွဲ့စည်းတည်ထောင်ခြင်း

 

၁၃။  အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်းသည် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ၊ သမဝါယမ အသင်းဥပဒေ၊ အသင်းအဖွဲ့ များဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေနှင့် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်ထားသောအဖွဲ့အစည်း ဖြစ်ရမည်။

၁၄။    အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်းသည်-

(က)   သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများကို ရေးဆွဲထားရမည်၊

(ခ )   စီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်း၍ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများနှင့် အညီ စီမံခန့်ခွဲရမည်၊

(ဂ )   စီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းရာတွင်     ကြီးကြပ်မှုကော်မတီက    သတ်မှတ်ထားသည့်

စီမံခန့်ခွဲမှုအဖွဲ့၏အဖွဲ့ဝင်ဖြစ်ရန် လိုအပ်သည့် အရည်အချင်းနှင့် ပြည့်စုံစေရမည်။

၁၅။   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏စီမံခန့်ခွဲမှုအဖွဲ့သည်  မိမိကိုယ်စား  ဆောင်ရွက် ပိုင်ခွင့်များကို   သက်ဆိုင်ရာ    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏    တာဝန်ရှိသူများကို လွှဲအပ်နိုင်သည်။

၁၆။   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည် သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများ ကို ပြင်ဆင်လိုပါက       သက်ဆိုင်ရာလုပ်ငန်းကော်မတီသို့    တင်ပြ၍   ကြီးကြပ်မှုကော်မတီ၏ ကြိုတင် ခွင့်ပြုချက်ရရှိပြီးမှသာ ပြင်ဆင်ရမည်။

 

အခန်း(၈)

လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်

 ၁၇။    အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်းသည် လုပ်ငန်း ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာလုပ်ငန်းကော်မတီမှ တစ်ဆင့် ကြီးကြပ်မှုကော်မတီသို့ သတ်မှတ် ထားသည့်လျှောက်လွှာပုံစံနှင့်အတူ အောက်ပါအချက်များပါဝင်သော ဖြစ်နိုင်ခြေလေ့လာချက် ကို ပူးတွဲ၍တင်ပြရမည်-

(က)   အသေးစားငွေရေးကြေးရေးလုပ်ငန်း ဆောင်ရွက်မည့်ဒေသ၊ဈေးကွက်ရှိကြောင်း နှင့် သက်ဆိုင်ရာပြည်သူများကလည်း စိတ်ဝင်စားမှုရှိကြောင်း ဖော်ပြချက်၊

(ခ )   ငွေရေးကြေးရေး အရင်းအမြစ်များ မည်မျှလိုအပ်ကြောင်းနှင့် ယင်းတို့ကို မည်သို့ ရရှိမည် ဖြစ်ကြောင်းဖော်ပြချက်၊

(ဂ)   အသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်ပါက ရရှိမည်ဟု မျှော်မှန်းထား သည့် အကျိုးအမြတ်နှင့် အကျိုးအမြတ်များကို စီမံခန့်ခွဲမည့် အစီအစဉ်များ၊

(ဃ)   စီမံခန့်ခွဲရေးဆိုင်ရာ အရည်အချင်းနှင့် ကျွမ်းကျင်မှု၊

(င )   လုပ်ကိုင်လိုသည့် အသေးစားငွေရေးကြေးရေးလုပ်ငန်း အမျိုးအစားများ။

၁၈။   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများကို အောက်ပါအတိုင်းအမျိုးအစား ခွဲခြား သတ်မှတ်ထားရှိရမည်-

(က)   အပ်ငွေလက်ခံခြင်း မပြုသည့် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်း၊

(ခ )   အပ်ငွေလက်ခံသည့် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်း။

၁၉။  (က)   အပ်ငွေလက်ခံခြင်းမပြုသည့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည် အများ ပြည်သူထံမှ အပ်ငွေမဟုတ်သော အခြားနည်းဖြင့် စုစည်းရရှိ သည့် ရန်ပုံငွေနှင့် အသေးစားချေးငွေရယူသည့်အခါတိုင်း အသင်းသားများက မဖြစ်မနေ စုဆောင်းရသည့် စုဆောင်းငွေများဖြင့် အသေးစားချေးငွေများ ထုတ်ပေးခြင်းကို ဆောင်ရွက်ရမည်။

(ခ )    အပ်ငွေလက်ခံသည့်  အသေးစား  ငွေရေးကြေးရေး   အဖွဲ့အစည်းသည်     အများပြည်သူထံမှ   အပ်ငွေ   မဟုတ်သော   အခြားနည်းဖြင့်  စုစည်းရရှိ သည့် ရန်ပုံငွေ၊ အသေးစားချေးငွေရယူသည့်အခါတိုင်း အသင်းသားများက မဖြစ်မနေ စုဆောင်းရသည့်     စုဆောင်းငွေနှင့်    မိမိဆန္ဒအလျောက်   စုဆောင်းသည့်    အပ်ငွေများဖြင့်အသေးစားချေးငွေများထုတ်ပေးခြင်းကို ဆောင်ရွက်ရမည်။

၂၀။    အသေးစားငွေရေးကြေးရေးလုပ်ငန်း ဆောင်ရွက်လိုသော အဖွဲ့အစည်းများသည်-

(က)   ထည့်ဝင်ပြီး မ တည်ငွေရင်း ကို ငွေသားဖြင့် ပေးသွင်းရမည်၊

(ခ )   ထည့်ဝင်ပြီး မ တည်ငွေရင်း အပြည့်အဝကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် နေပြည်တော် အတွင်း သတ်မှတ်ထားသော မြန်မာ့ စီးပွားရေးဘဏ်ရှိ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ ငွေစာရင်းသို့ ပေးသွင်းရမည်။ အဆိုပါ ထည့်ဝင်ပြီး မ တည်ငွေရင်း ကို  ကြီးကြပ်မှု ကော်မတီက လုပ်ငန်းလိုင်စင် ထုတ်ပေးမှု လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှသာ ပြန်လည် ထုတ်ယူခွင့် ရှိသည်။

၂၁။(က)    ကြီးကြပ်မှုကော်မတီသည် လျှောက်လွှာပုံစံပါ ဖြည့်စွက်ချက်များနှင့် ဖြစ်နိုင်ခြေ လေ့လာချက်တို့ကို စိစစ်ပြီးနောက်  လျှောက်လွှာ လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း၃၀ အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးခြင်း သို့မဟုတ် ယင်းလိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။

(ခ)   လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးရာတွင် သက်တမ်းကန့်သတ်ချက် မထားရှိရ။

၂၂။    အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုကြောင်း လျှောက်ထားသည့် အဖွဲ့ အစည်းသည် မိမိ၏ အစုရှယ်ယာပိုင်ရှင်များနှင့် ပတ်သက်၍လည်း ကောင်း၊ လုပ်ငန်း၏အခြေ အနေမှန်နှင့် စပ်လျဉ်း၍လည်းကောင်း အများပြည်သူက လွဲမှားစွာ အဓိပ္ပာယ်ကောက်ယူစေနိုင် မည့်  အမည်နာမကို အသုံးပြုသည် ဟု ကြီးကြပ်မှုကော်မတီက ယူဆလျှင် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ရမည်။

၂၃။    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ရရှိသည့်နေ့ မှစ၍  ၁၅ ရက်အတွင်းသတ်မှတ်သည့် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကြေးကို သက်ဆိုင်ရာ တိုင်းဒေသကြီး    သို့မဟုတ်     ပြည်နယ်နှင့်     နေပြည်တော် အတွင်း       သတ်မှတ်ထားသော  မြန်မာ့စီးပွားရေးဘဏ်ရှိ ငွေရေး ကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ ငွေစာရင်းသို့ ပေးသွင်းရမည်။

၂၄။    ကြီးကြပ်မှုကော်မတီသည်       အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း    တစ်ခုအတွက်

လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းပြုသည့်အခါ မြန်မာနိုင်ငံ ပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။

၂၅။    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည် –

(က)   လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိသည့်နေ့မှ ခြောက်လ အတွင်း လုပ်ငန်းစတင် ရမည်၊

(ခ )   လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို လွှဲပြောင်းခြင်း မပြုရ။

၂၆။    အောက်ပါ အခြေအနေ တစ်ရပ်ရပ်ပေါ်ပေါက်လျှင်  ကြီးကြပ်မှုကော်မတီသည် သက်ဆိုင်ရာ           အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို ရုပ်သိမ်းရမည်

(က)   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း အတွက် ပြင်ဆင်သတ်မှတ်သည့် အနည်းဆုံး မတည်ငွေရင်းကိုသတ်မှတ်သည့် ကာလအတွင်းထည့်ဝင်ရန် ပျက်ကွက် ခြင်း၊

(ခ )   လုပ်ငန်းဆုံးရှုံးမှုကြောင့် လျော့နည်းသွားသည့် အနည်းဆုံး မ တည်ငွေရင်းလိုအပ် ချက်ကို သတ်မှတ်ကာလအတွင်း ပြည့်မီသည်အထိ ဖြည့်တင်းရန် ပျက်ကွက်ခြင်း၊

(ဂ )   မိမိဆန္ဒအလျောက် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း သို့မဟုတ် စာရင်းရှင်းလင်း ဖျက်သိမ်းခံရခြင်း၊

(ဃ)   အခြား အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း တစ်ခု နှင့် ပူးပေါင်းဖွဲ့စည်းခြင်း ကြောင့်ဖြစ်စေ မိမိအဖွဲ့အစည်းကိုခွဲခြမ်းဖွဲ့စည်းခြင်းကြောင့်ဖြစ်စေ၊ မူလတရားဝင် ရပ်တည်မှု ပျောက်ကွယ်သွားခြင်း၊

(င )   ကြီးကြပ်မှုကော်မတီနှင့်သက်ဆိုင်ရာ လုပ်ငန်းကော်မတီတို့က ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်       ညွှန်ကြားချက်များကို       လိုက် နာ    ဆောင်ရွက်ရန်ပျက်ကွက်ခြင်း။

၂၇။  (က)     အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း         တစ်ခုသည် အခြား အသေးစားငွေရေး ကြေးရေးအဖွဲ့အစည်း တစ်ခုခုနှင့်ပူးပေါင်းဖွဲ့စည်းခြင်း သို့မဟုတ် မိမိအဖွဲ့အစည်း ကို ခွဲခြမ်းဖွဲ့စည်းခြင်းပြုလိုသည့်အခါ သက်ဆိုင်ရာလုပ်ငန်းကော်မတီမှ တစ်ဆင့် ကြီးကြပ်မှုကော်မတီသို့ တင်ပြ၍ ကြိုတင်ခွင့်ပြု ချက်ရယူရမည်၊

(ခ )     ပုဒ်မခွဲ(က) အရ  ပူးပေါင်းဖွဲ့စည်းခြင်း သို့မဟုတ် ခွဲခြမ်းဖွဲ့စည်းခြင်းကြောင့် ပေါ်ပေါက်လာမည့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည် ကြီးကြပ်မှု ကော်မတီက ထုတ်ပေးသော လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိမှသာ အသေးစား ငွေရေးကြေးရေးလုပ်ငန်းကို ဆောင်ရွက်ရမည်။

၂၈။   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသည် ရုံးခွဲများတည်ထောင်ခြင်း၊ လုပ်ငန်း နေရာ ရွှေ့ပြောင်းခြင်းနှင့် လုပ်ငန်းပိတ်ခြင်းတို့အတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီမှ တစ်ဆင့်ကြီးကြပ်မှုကော်မတီ၏  ကြိုတင်ခွင့်ပြုချက်ရယူရမည်။

 

အခန်း(၉)

 

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ လုပ်ငန်းတာဝန်နှင့်လုပ်ပိုင်ခွင့်များ

 

၂၉။    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည် ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်-

(က)   အသေးစား ချေးငွေထုတ်ပေးခြင်း၊

(ခ )   အပ်ငွေလက်ခံခြင်း၊

(ဂ )   ငွေလွှဲပြောင်းပေးပို့ ခြင်း၊

(ဃ)   အာမခံလုပ်ငန်းလုပ်ကိုင်ခြင်း၊

(င )   ပြည်တွင်းပြည်ပမှ ငွေချေးယူခြင်း၊

(စ )   အခြားငွေရေးကြေးရေးလုပ်ငန်းများဆောင်ရွက်ခြင်း။

 

၃၀။   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည် အသေးစား ချေးငွေထုတ်ပေးရာတွင်  အောက်ပါ တရားဝင် စာရွက်စာတမ်းများကို ရယူထားရမည်-

(က)   ချေးငွေ လျှောက်လွှာနှင့် ချေးငွေကို မည်သို့အသုံးပြုမည်ဖြစ်ကြောင်း တင်ပြချက်၊

(ခ )   အသေးစားငွေရေးကြေးရေးလုပ်ငန်း   အတွက်    အခြေခံ  အထောက်အကူ ပြုမည့်  ငွေချေးယူသူနှင့် အာမခံပုဂ္ဂိုလ်များ၏ကတိဝန်ခံချက်မှတ်တမ်းများ၊

(ဂ )   အသေးစားချေးငွေရယူမည့်သူကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် သဘော တူညီချက်နှင့်စုပေါင်းဆုံးဖြတ်သည့်ကိစ္စဖြစ်ပါက အဆိုပါကိစ္စအား   သဘောတူညီ  သည့် ဆုံးဖြတ်ချက်မှတ်တမ်း။

၃၁။    အသေးစားငွေရေးကြေးရေး    အဖွဲ့အစည်းသည်  အသေးစားချေးငွေ    ထုတ်ချေးရာတွင်

မိမိတို့၏ လုပ်ငန်းရေရှည်တည်တံ့နိုင်ရေးကို ကာကွယ် ထိန်းသိမ်းထားရန် အလို့ငှာ   ကြီးကြပ်မှု့

ကော်မတီက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။

 

၃၂။    အသေးစားငွေရေးကြေးရေး    အဖွဲ့အစည်းသည်  အပ်ငွေများ၊ ချေးငွေများနှင့် စပ်လျဉ်း သည့် စည်းကမ်းချက်များကိုလည်းကောင်း၊ အတိုးနှုန်းနှင့် တွက်ချက်ပုံများကို လည်းကောင်း ဆက်သွယ်သူများ သိရှိစေရန် ကြီးကြပ်မှုကော်မတီက သတ်မှတ်ပေးသည့် အချိန်အပိုင်း အခြားနှင့် အသုံးပြုရမည့်ပုံစံများ နှင့်အညီ အချိန်မှန်ထုတ်ပြန် ကြေညာရမည်။

 

၃၃။(က)      အသေးစားငွေရေးကြေးရေး    အဖွဲ့အစည်းသည်  ကြီးကြပ်မှုကော်မတီက  သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်ညီညွှတ်လျှင် သီးသန့်ငွေ များ ထူထောင်ခြင်း အားဖြင့်မိမိတို့၏ မတည်ငွေရင်းပမာဏကို တိုးမြှင့်နိုင်သည်၊

 

(ခ)       အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုသည် ကြီးကြပ်မှုကော်မတီ၏                          သတ်မှတ် ချက်နှင့်အညီ    အသားတင်အမြတ်ငွေ၏   ၂၅ ရာခိုင်နှုန်းကို အထွေထွေ သီးသန့် ငွေစာရင်းတစ်ခုတွင် ထည့်သွင်းထားရမည်။ ထိုသို့ ထည့်သွင်းခြင်းကို ထည့်ဝင်ပြီး မတည်ငွေရင်း၏ ၁၀၀ ရာခိုင်နှုန်းနှင့် ညီမျှသည်အထိ ဆောင်ရွက် ရမည်။ ကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက် နှင့်အညီ သီးခြားရရန်ပိုင်ခွင့် များနှင့် စပ်လျဉ်း၍ သီးသန့်ငွေများကို  ထားရှိရမည်။ထို့ပြင်မိမိတို့ အစီစဉ်ဖြင့် လည်း သီးသန်းငွေများကိုထပ်မံ ထားရှိနိုင်သည်။

 

၃၄။    အသေးစားငွေရေးကြေးရေး    အဖွဲ့အစည်းသည် မိမိအဖွဲ့အစည်းအတွက်လည်းကောင်း၊  အခြား ပုဂ္ဂိုလ်အတွက်လည်းကောင်း မမျှတသည့် အခွင့်အလမ်း ရရှိစေမည့် မမှန်ကန်သော  လုပ် ဆောင်မှုများကို ဆောင်ရွက်ခြင်းမပြုရ။

 

၃၅။   အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းသည် တရားမဝင်သောနည်းလမ်းဖြင့်  ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေပါ ပြဌာန်းချက်များအား လိုက်နာရမည်။

 

 

အခန်း(၁၀)

 

စာရင်းစစ်ဆေးခြင်း၊ အစီရင်ခံခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်း

 

၃၆။   အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတွင် ကြီးကြပ်မှုကော်မတီက သဘောတူသည့်  စာရင်းစစ်ကို ခန့်ထားရမည်။

 

၃၇။    အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း၏ စာရင်းစစ်တွင် အောက်ပါ တာဝန်များ        ရှိသည်-

(က)   မြန်မာနိုင်ငံစာရင်းစစ် စံများနှင့်အညီ စာရင်းစစ်ဆေးပြီး လက်ကျန်ရှင်းတမ်း၊     အရှုံးအမြတ် စာရင်းများနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ပြုစုခြင်း၊   ရှင်းတမ်းများသည်   အဆိုပါလုပ်ငန်း၏  အခြေအနေမှန်ကို လုံလောက်

လျော်ကန်စွာ ဖော်ပြခြင်းရှိ၊ မရှိနှင့် ငွေရေးကြေးရေး အခြေအနေခိုင်မာမှုရှိ၊ မရှိတို့ကို  ယင်းအစီရင်ခံစာတွင် သုံးသပ် တင်ပြခြင်း၊

(ခ)  လုပ်ငန်းအတွက် ဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်သော ဆောင်ရွက်ချက်များနှင့် စာရင်းများ၏ ချွတ်ယွင်းမှု၊ လိုအပ်မှုများကို အကြောင်းကြားခြင်း။

 

၃၈။       အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းသည် သတ်မှတ်ပေးသည့်ပုံစံများကို အသုံးပြုလျက် သတ်မှတ်သည့် အချိန်ကာလအလိုက် အစီရင်ခံစာ များပြုစုရမည်။ အစီရင်ခံ စာများ တွင် မိမိလုပ်ငန်း၏စီမံရေးရာနှင့် လုပ်ငန်းရေးရာအခြေအနေ၊ ငွေရေးကြေးရေး အခြေ အနေခိုင်မာမှု၊ အကျိုးအမြတ်ရရှိမှုတို့နှင့် စပ်လျဉ်းသည့် အချက်အလက်များပြည့်စုံစွာပါ ရှိရမည်။ ဤသို့ပြုစုတင်ပြခြင်းဖြင့် မိမိတို့၏ငွေရေးကြေးရေး အခြေအနေခိုင်မာမှုရှိကြောင်းနှင့် မည်သည့်အလားလာသို့ဦးတည်လျှက်ရှိကြောင်း အကဲဖြတ်နိုင်စေရမည်။ အစီရင်ခံစာများ ပြုစုရာတွင် သတ်မှတ်ထားသည့် စာရင်းထားရှိရေး စံများနှင့်အညီ ဖြစ်စေရမည်။

 

၃၉။   ဘဏ္ဍာရေးနှစ် တစ်နှစ်အတွက် စာရင်းစစ်၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် လက်ကျန်ရှင်းတမ်းတို့ကို စီမံခန့်ခွဲမှုအဖွဲ့နှင့် အစုရှယ်ယာ ပိုင်ရှင်များက သတ်မှတ် သဘော တူထားသည့် နည်းလမ်းနှင့်အညီ အများသိရှိစေရန် ကြေညာရမည်။

 

၄၀။   အသေးစားငွေရေးကြေးရေး   အဖွဲ့အစည်းသည်     ကြီးကြပ်မှုကော်မတီက  ခန့်အပ်သော စာရင်းစစ်များ   သို့မဟုတ်   သက်ဆိုင်ရာ        လုပ်ငန်းကော်မတီတို့မှ      တာဝန်ပေးအပ်သော စစ်ဆေးရေးမှူးများ၏ စစ်ဆေးခြင်းကိုခံရမည်။ ယင်းသို့စစ်ဆေးသည့်အခါ အသေးစား ငွေရေး ကြေးရေး အဖွဲ့အစည်း၏-

(က)   စာရင်းများ ၊သက်ဆိုင်စာရွက်စာတမ်းများ၊ စာအုပ်များနှင့်၊ အခြားစာရွက်စာတမ်း  များကို စစ်ဆေးနိုင်သည်၊

(ခ )   ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့်  သတင်း   အချက်အလက်

များကို ကြီးကြပ်သူများ၊ စီမံခန့်ခွဲသူများ၊ ကိုယ်စားလှယ်များ၊   ဝန်ထမ်းများ   နှင့်  အသင်းသားများအား မေးမြန်းနိုင်သည်။

 

၄၁။    ကြီးကြပ်မှုကော်မတီသည် အသေးစားငွေရေးကြေးရေး   အဖွဲ့အစည်း တစ်ခုတွင် အဖွဲ့ဝင်  သုံးဦးပါဝင်သော စာရင်းစစ်ကော်မတီတစ်ရပ် ထားရှိနိုင်သည်။စာရင်းစစ်ကော်မတီသည်-

(က)   သတ်မှတ်ထားသည့်  စည်းကမ်းချက်များ နှင့်အညီ    အသေးစားငွေရေးကြေးရေး   အဖွဲ့အစည်းက ဆောင်ရွက်ခြင်းရှိ / မရှိ စောင့်ကြပ်ကြည့်ရှုရမည်။ ထို့ပြင် စီမံခန့်ခွဲ မှုအဖွဲ့သို့တင်ပြသင့်သည်ဟု ယူဆသည် ကိစ္စများကို တင်ပြရမည်၊

(ခ)    စီမံခန့်ခွဲမှုအဖွဲ့က ထင်မြင်ယူဆချက် တောင်းခံလာသည့် ကိစ္စရပ်များအပေါ် မိမိ၏  ထင်မြင်ယူဆချက်ကို ပေးရမည်။

 

၄၂။   စာရင်းစစ်ကော်မတီသည်    သာမန်အားဖြင့်   သုံးလလျှင်   တစ်ကြိမ် ပုံမှန်အစည်းအဝေး

ပြုလုပ်ရမည်။     စီမံခန့်ခွဲမှု     အဖွဲ့က   လိုအပ်သည်ဟု  ယူဆလျှင်  စာရင်းစစ်ကော်မတီသည် အထူးအစည်းအဝေး  ပြုလုပ်ရမည်။ ယင်းပုံမှန်အစည်းအဝေးနှင့် အထူးအစည်းအဝေးများတွင်စာရင်းစစ်ကော်မတီဝင်အားလုံး တက်ရောက်ရမည်အပြင် ဆန္ဒမဲပေးရန်လည်း ပျက်ကွက်ခြင်း မရှိစေရ။ ဆုံးဖြတ်ချက်များကို စာရင်းစစ်ကော်မတီဝင်အများစု၏ဆန္ဒမဲဖြင့် ချမှတ်ရမည်။

 

၄၃။   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏  စီမံခန့်ခွဲမှု  အဖွဲ့သည်  ပုဒ်မ ၄၀  ပါကိစ္စရပ် များနှင့်စပ်လျဉ်း၍  စာရင်းစစ်ကော်မတီအား ကူညီဆောင်ရွက်စေရန် ကျွမ်းကျင်သူ  ပုဂ္ဂိုလ်ကို ခန့်ထားခြင်း သို့မဟုတ် ငှားရမ်းခြင်း ပြုနိုင်သည်။

 

အခန်း(၁၁)

စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း

 

၄၄။      ကြီးကြပ်မှုကော်မတီသည်   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၊ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏အဖွဲ့ဝင် ၊  အစုရှယ်ယာပိုင်ရှင်၊ စီမံခန့်ခွဲသူ၊ မန်နေဂျာနှင့် ဝန်ထမ်းများ က ဤဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်ကို  ဖောက်ဖျက်လျှင် အောက်ပါ   စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်ချမှတ်ရမည်-

(က)   သတိပေးခြင်း၊

(ခ )   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏  လုပ်ငန်းဆောင်ရွက်ချက်များကို

ကန့်သတ်ချက်အပါအဝင်ဖြစ်သည့် အမိန့်များ ချမှတ်ခြင်း၊

(ဂ )   ဒဏ်ကြေးပေးဆောင်စေခြင်း၊

(ဃ)   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်ခြင်းမှ ယာယီ  သို့မဟုတ်  အမြဲတမ်းရပ်စဲခြင်း၊

(င)   လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ဖျက်သိမ်းခြင်း။

၄၅။      ကြီးကြပ်မှုကော်မတီ သည်      အသေးစား  ငွေရေးကြေးရေး     အဖွဲ့အစည်းက     သာ

ဆောင်ရွက်ရမည်ဟု   ဤဥပဒေတွင် သတ်မှတ်ထားသည့်  လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့်

ဤဥပဒေပါပြဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်သော မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် တရားဝင်

ရပ်တည်မှုရှိသည့် အဖွဲ့အစည်းကိုမဆို ပုဒ်မ ၄၄ ပါ စီမံခန့်ခွဲရေးဆိုင်ရာပြစ်ဒဏ်ချမှတ်ရမည်။

 

၄၆။   အရေးယူခံရသူသည် ခုခံကာကွယ်ခွင့် အပြည့်အဝ   ရရှိစေရမည်။ ထို့ပြင်  အရေးယူခံရသူ သည်          ချမှတ်သောပြစ်ဒဏ်နှင့်   စပ်လျဉ်း၍ အမိန့်စာ လက်ခံ ရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်       ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းကော်မတီ သို့ အယူခံခွင့်ရှိစေရမည်။    အယူခံနေစဉ် ကာလအတွင်း ပြစ်ဒဏ်ပေးမှုကို  ရပ်ဆိုင်းထား ရမည်။  ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်  ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းကော်မတီ ၏ ဆုံးဖြစ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။

 

၄၇။    ဤဥပဒေအရ ချမှတ်ထားသော စီမံခန့်ခွဲရေးဆိုင်ရာပြစ်ဒဏ်များသည် ပြစ်မှုကြောင်းအရ  ဖြစ်စေ၊ တရားမကြောင်းအရ ဖြစ်စေ အရေးယူခြင်းကို ပိတ်ပင်ခြင်း မရှိစေရ။

 

၄၈။   ပုဒ်မ ၄၄ ပါ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူသည် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း ကို  ဖြစ်စေ၊ အခြားပုဂ္ဂိုလ်များကို ဖြစ်စေ နစ်နာမှုများအတွက် ချက်ချင်းပေးလျော်စေရမည်။

 

အခန်း(၁၂)

စာရင်းရှင်းလင်းဖျက်သိမ်းခြင်း

 

၄၉။   ကြီးကြပ်မှုကော်မတီသည် သက်ဆိုင်ရာ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ လုပ်ငန်းများကို ဆောင်ရွက်ရန် အနည်းဆုံးလိုအပ်ချက်နှင့် မညီညွတ်တော့သည့် အခြေအနေသို့  ရောက်ရှိသောကြောင့် ယင်းအဖွဲ့အစည်းနှင့် ဆက်သွယ်သူများ၏ အပ်ငွေများနှင့် မ တည်ရန်ပုံငွေ တို့ကို ဆုံးရှုံးစေ နိုင်သည့်အခြေအနေပေါ်ပေါက်လျှင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် အချိန်ကာလ သတ်မှတ်ပေးနိုင်သည်။ သတ်မှတ်ပေးသည့် အချိန်ကာလ အတွင်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိခြင်းမရှိပါက လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ဖျက်သိမ်း  ပြီးနောက် သတ်မှတ်ချက်များနှင့်အညီ စာရင်းရှင်း လင်းဖျက်သိမ်းခြင်းပြုနိုင်သည်။

၅၀။   ကြီးကြပ်မှုကော်မတီသည် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း အမိန့် မချမှတ်မီ-

(က)   ကြီးကြပ်မှုကော်မတီ သို့မဟုတ်ကြီးကြပ်မှုကော်မတီ၏ခွင့်ပြုချက်ဖြင့်  သက်ဆိုင် ရာ လုပ်ငန်းကော်မတီက ဖွဲ့စည်းပေးသော အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးရမည်။

(ခ )   ပုဒ်မခွဲ (က) အရ စုံစမ်းစစ်ဆေးရာတွင် သက်ဆိုင်ရာ   အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းအား ခုခံချေပခွင့်ပြုရမည်။

 

၅၁။   ပုဒ်မ ၅၀၊ ပုဒ်မခွဲ (က) ပါ သက်ဆိုင်ရာအဖွဲ့က စာရင်းရှင်းလင်း  ဖျက်သိမ်းသင့်ကြောင်း တင်ပြလာလျှင်   ကြီးကြပ်မှုကော်မတီသည်     အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းအား စာရင်းရှင်းလင်းဖျက်သိမ်းစေရန်  အမိန့် ချမှတ်ရမည်။

၅၂။   အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းအား    စာရင်းရှင်းလင်း      ဖျက်သိမ်းရာတွင် ကြီးကြပ်မှုကော်မတီသည်-

(က)   စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ခန့်အပ်၍ဖြစ်စေ၊ သင့်လျော်သော နိုင်ငံသား များ ပါဝင်သည့်    စာရင်းရှင်းလင်းဖျက်သိမ်းရေး အဖွဲ့   ဖွဲ့စည်းတာဝန်ပေးအပ်၍ ဖြစ်စေ ယင်းအဖွဲ့အစည်း၏ စီမံခန့်ခွဲရေးကိစ္စရပ်များကို စာရင်းရှင်းလင်းဖျက်သိမ်း ခြင်း ပြီးစီးသည်အထိ လွှဲပြောင်းရယူ၍ ဆောင်ရွက်စေနိုင်သည်။

(ခ )   ယင်းအဖွဲ့အစည်းက     ရရန် နှင့် ပေးရန်       ရှိသည်များကို       စာရင်းရှင်းလင်း ဆောင်ရွက်ရမည်။

 

အခန်း(၁၃)

 

တားမြစ်ချက်များ

 

၅၃။   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ အဖွဲ့ဝင် ဝန်ထမ်းနှင့် စာရင်းစစ်များသည် ယင်းတို့၏ ငွေရေးကြေးရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ရာမှ  ရရှိလာသည့် သတင်းအချက်အလက်များကို ဥပဒေအရ ခွင့်ပြုချက် မရှိဘဲ  ထုတ်ဖော်ပြောဆိုခြင်း၊ ကြည့်ရှုစေခြင်း၊ စစ်ဆေးစေခြင်း သို့မဟုတ် ကြေညာခြင်း မပြုရ။

 

၅၄။   မည်သူမျှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် မရှိဘဲ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ လုပ်ငန်းများကို လုပ်ကိုင်ခြင်းမပြုရ။

၅၅။   ကြီးကြပ်မှုကော်မတီနှင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီတို့မှ မည်သည့် အဖွဲ့ဝင် သို့မဟုတ် ဝန်ထမ်းမျှ မိမိ၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာမှ သိရှိလာသည့် သတင်း အချက်အလက်များကို ဥပဒေအရ ခွင့်ပြုချက် မရှိဘဲ ထုတ်ဖော်ပြောဆိုခြင်း၊ ကြည့်ရှုစေခြင်း ၊စစ်ဆေးစေခြင်း သို့မဟုတ် ကြေညာခြင်း မပြုရ။

အခန်း(၁၄)

ပြစ်မှုနှင့်ပြစ်ဒဏ်များ

 

၅၆။   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းမှ မည်သည့် အဖွဲ့ဝင်၊ ဝန်ထမ်းနှင့် စာရင်းစစ် မဆို ပုဒ်မ ၅၃ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျုးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း  ခံရလျှင် ထိုသူကို ငွေဒဏ်ဖြစ်စေ၊ နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

 

၅၇။   မည်သူမဆို ပုဒ်မ ၅၄ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျုးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း  ခံရလျှင် ထိုသူကို ငွေဒဏ်ဖြစ်စေ၊ ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

 

၅၈။   ကြီးကြပ်မှုကော်မတီနှင့် သက်ဆိုင်ရာလုပ်ငန်း ကော်မတီမှ မည်သည့် အဖွဲ့ဝင်သို့မဟုတ် ဝန်ထမ်း မဆို ပုဒ်မ ၅၅ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျုးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်ဖြစ်စေ၊ နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်။

အခန်း(၁၅)

အထွေထွေ

 

၅၉။   ကြီးကြပ်မှုကော်မတီတွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မတီဝင်သည် ပြည်ထောင်စု   အစိုးရအဖွဲ့ကလည်းကောင်း၊ လုပ်ငန်း ကော်မတီတွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်း

မဟုတ်သော ကော်မတီဝင်သည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့်

ပြည်တော် ကောင်စီက လည်းကောင်း သတ်မှတ်သည့် ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။

၆၀။   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည် ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ဆောင်ရွက်ခွင့်၊ စဉ်ဆက် မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့် နှင့် တရားစွဲခံနိုင်ခွင့်များ ရှိစေရမည်။

 

၆၁။   မှတ်ပုံတင်အက်ဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ အသေးစားငွေရေးကြေးရေး အဖွဲ့အ စည်းက ထုတ်ပေးသော အသေးစားချေးငွေနှင့်စပ်လျဉ်း၍ ချုပ်ဆိုသည့် စာချုပ်စာတမ်းသည် မှတ်ပုံ တင်ခြင်းမှ ကင်းလွတ်ခွင့်ရှိသည့်အပြင် တည်ဆဲဥပဒေအရ တံဆိပ်ခေါင်းခွန်ပေးဆောင် ရခြင်းမှ လည်း ကင်းလွတ်စေရမည်။

 

၆၂။    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည် အခွန်စည်းကြပ်မှုနှင့် စပ်လျဉ်း၍ တည်ဆဲ ဥပဒေ များနှင့်အညီ ဆောင်ရွက်ရမည်။

 

၆၃။   ပုဒ်မ ၅၆ နှင့် ပုဒ်မ ၅၈ ပါ ပြစ်မှုကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုအဖြစ် သတ်မှတ် သည်။

 

၆၄။   ပုဒ်မ ၅၆၊ ၅၇ နှင့် ပုဒ်မ ၅၈  တို့ အရ တရားစွဲဆိုရာတွင် ကြီးကြပ်မှုကော်မတီ ၏ကြိုတင် ခွင့်ပြု ချက် ရယူရမည်။

 

၆၅။   ဤဥပဒေ မပြဌာန်းမီ အသေးစားငွေရေးကြေးရေးလုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်းများသည် ဤဥပဒေအရ အသေးစားငွေရေးကြေးရေး လုပ်ငန်းကို ဆက်လက် လုပ်ကိုင်လိုပါက     ဤဥပဒေ ပြဌာန်းသည့်နေ့မှ သုံးလအတွင်း လုပ်ငန်းလုပ်ကိုင်ခွင့်  လိုင်စင် ရရှိရန် ဤဥပဒေပါ ပြဌာန်းချက်များ နှင့်အညီ လျှောက်ထားရမည်။

 

၆၆။   ဤဥပဒေ မပြဌာန်းမီ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများက လုပ်ကိုင် ဆောင်ရွက် ခဲ့သောလုပ်ငန်းများနှင့်  စပ်လျဉ်း၍  ကြီးကြပ်မှုကော်မတီ ၏ ခွင့်ပြုချက်ဖြင့်  သတ်မှတ်ထားသော ကာလအတွင်း အပြီးသတ်စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆောင်ရွက်ချက်  များသည်     ပုဒ်မ ၅၄ နှင့်  သက်ဆိုင်ခြင်း မရှိစေရ။

၆၇။   ဤဥပဒေပါ ပြဌာန်းချက်များကို ဆောင်ရွက်နိုင်စေရန်-

(က)   ဝန်ကြီးဌာနသည်    ကြီးကြပ်မှုကော်မတီ၏ ရုံးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရမည့်အပြင်  ကုန်ကျစရိတ်များကိုလည်း ကျခံရမည်။

(ခ )   သက်ဆိုင်ရာတိုင်းဒေသကြီး   သို့မဟုတ်   ပြည်နယ်အစိုးရအဖွဲ့နှင့်    နေပြည်တော် ကောင်စီသည်      လုပ်ငန်းကော်မတီ၏ ရုံးလုပ်ငန်းများကို   တာဝန်ယူဆောင်ရွက် ရမည့် အပြင်  ကုန်ကျစရိတ်များကိုလည်း ကျခံရမည်။

၆၈။   ဤဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က)   ဝန်ကြီးဌာနသည် လိုအပ်သောနည်းဥပဒေများ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း များကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်လည်းကောင်း၊ လိုအပ် သော အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို လည်းကောင်း ထုတ်ပြန်နိုင်သည်။

(ခ )   ကြီးကြပ်မှုကော်မတီနှင့်    သက်ဆိုင်ရာ လုပ်ငန်းကော်မတီများသည်   လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

 

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွနုပ်လက်မှတ်ရေး

ထိုးသည်။

 

 

 

 

(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

 

 

၆။      အသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ထုံးလုပ်နည်းများမှာအောက်ပါအတိုင်းဖြစ်ပါသည်-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ဝန်ကြီးရုံး

အမိန့်ကြော်ငြာစာ

အမှတ်။၂၇၇/၂၀၁၁

နေပြည်တော်၊၁၃၇၃ခုနှစ်၊နတ်တော်လပြည့်ကျော် ၁၃ ရက်

(၂၀၁၁ ခုနှစ် ၊ဒီဇင်ဘာလ ၂၃ ရက်)

အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေပုဒ်မ ၆၈၊ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို  ကျင့်သုံး၍  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနသည် ဤ အသေးစားငွေရေး ကြေးရေးလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို  ထုတ်ပြန်ကြေညာလိုက်သည်။

 

အခန်း(၁)

အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ

ဖွဲ့စည်းခြင်း

၁။     အသေးစားငွေရေးကြေးရေးလုပ်ငန်း  ကြီးကြပ်မှုကော်မတီအား    ပြည်ထောင်စု  သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့၏၂၂.၁၂.၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ညာစာအမှတ်၊ ၅၈/၂၀၁၁ဖြင့် ပြည်ထောင်စုဝန်ကြီး  ဥက္ကဋ္ဌအဖြစ်ပါဝင်သော အဖွဲ့ဝင်  (၃၀)ဦးဖြင့်  ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါသည်။

 

လုပ်ငန်းတာဝန်နှင့်လုပ်ပိုင်ခွင့်များ

၂။     အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင် ခွင့်များမှာအသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေပုဒ်မ ၇ နှင့် ၈ ပါအတိုင်းဖြစ်ပါသည်။

 

လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်

၃။      အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီသည်  အသေးစားငွေရေးကြေး ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ခွင့်ပြုခြင်းနှင့်ပက်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်မည် ဖြစ်သည်-

(က)   အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီသည်အသေးစားငွေရေးကြေးရေးလုပ်ငန်း  လုပ်ကိုင်လိုသော  အဖွဲ့အစည်းများ၏  လုပ်ငန်းလုပ်ကိုင်ခွင့်  လျှောက်လွှာ ပုံစံပါဖြည့်စွက်ချက်များနှင့်  ဖြစ်နိုင်ချေလေ့လာချက်တို့ကို  စိစစ်ပြီးနောက်လျှောက်လွှာ  လက်ခံရရှိသည့်   နေ့ မှ ရက်ပေါင်း ၃၀ အတွင်း   လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးခြင်း သို့မဟုက်ယင်းလိုင်စင်ထုတ်ပေးရန်  ငြင်းပယ်ခြင်းပြုနိုင်သည်။

(ခ)    အသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်လိုကြောင်းလျှောက်ထားသည့် အဖွဲ့အစည်းသည်မိမိ၏အစုရှယ်ယာပိုင်ရှင်များနှင့်ပက်သက်၍ လည်းကောင်း၊လုပ်ငန်းအခြေအနေမှန်နှင့်စပ်လျဉ်း၍လည်းကောင်း၊ အများပြည်သူက လွဲမှားစွာအဓိပါယ် ကောက်ယူစေနိုင်မည့် အမည်နာမကိုအသုံးပြုသည် ဟု အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီက ယူဆလျှင်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေး ရန်ငြင်းပယ်နိုင်သည်။

(ဂ)    အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီသည် အသေးစားငွေရေး ကြေးရေးအဖွဲ့အစည်းတစ်ခုအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်   လိုင်စင် ထုတ်ပေးခြင်းသို့မဟုက်ဖျက်သိမ်းခြင်းပြုသည့်အခါမြန်မာနိုင်ငံပြန်တမ်းတွင်ထုတ်ပြန်ကြေညာရမည်။

(ဃ)   အသေးစားငွေရေးကြေးရေးလုပ်ငန်း  ကြီးကြပ်မှုကော်မတီသည် အောက်ပါအခြေ အနေတစ်ရပ်ရပ်ပေါ်ပေါက်လျှင်   သက်ဆိုင်ရာ   အသေးစားငွေရေး ကြေးရေးအဖွဲ့အစည်း၏ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ရုပ်သိမ်းနိုင်သည်-

(၁)     အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းအတွက် ပြင်ဆင်သတ်မှတ်သည့် အနည်းဆုံး မတည်ငွေရင်းကို သတ်မှတ်ကာလအတွင်း ထည့်ဝင်ရန်ပျက် ကွက်ခြင်း

(၂)     လုပ်ငန်းဆုံးရှုံးမှုကြောင့်  လျော့နည်းသွားသည့် အနည်းဆုံးမတည်ငွေရင်း လိုအပ်ချက်ကို  သတ်မှတ်ကာလအတွင်း  ပြည့်မီသည်အထိ ဖြည့်တင်းရန်

ပျက်ကွက်ခြင်း

(၃)     မိမိဆန္ဒ အလျှောက်  စာရင်းရှင်းလင်း  ဖျက်သိမ်းခြင်း   သို့မဟုက် စာရင်း ရှင်းလင်းဖျက်သိမ်းခံရခြင်း

(၄)     အခြားအသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုနှင့် ပူးပေါင်းဖွဲ့စည်းခြင်း ကြောင့်ဖြစ်စေ၊မိမိအဖွဲ့အစည်းကိုခွဲခြမ်းဖွဲ့စည်းခြင်းကြောင့် ဖြစ်စေမူလတရား ဝင်ရပ်တည်မှု ပျောက်ကွယ်သွားခြင်း

(၅)    အသေးစားငွေရေးကြေးရေးလုပ်ငန်း  ကြီးကြပ်မှုကော်မတီနှင့်  တိုင်းဒေသ ကြီး သို့မဟုက် ပြည်နယ်အစိုးရအဖွဲ့နှင့်  နေပြည်တော်ကောင်စီ အသေးစား ငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီကထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့်ညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း

(င)    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုသည်အခြားအသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုခုနှင့်ပူးပေါင်းဖွဲ့စည်းခြင်းသို့မဟုက် မိမိအဖွဲ့အစည်းကိုခွဲခြမ်းဖွဲ့စည်းခြင်းပြုလိုကြောင်းသက်ဆိုင်ရာတိုင်းဒေသကြီးသို့မဟုက်ပြည်နယ်အစိုးရအဖွဲ့နှင့်နေပြည်တော်ကောင်စီအသေးစားငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှတင်ပြလာပါကခွင့်ပြုချက်ထုတ်ပေးနိုင်သည်။

(စ)    အသေးစားငွေရေးကြေးရေး   အဖွဲ့အစည်းများသည်  ရုံးခွဲများတည်ထောင်ခြင်း၊ လုပ်ငန်းနေရာရွှေ့ပြောင်းခြင်းနှင့်လုပ်ငန်းပိတ်သိမ်းခြင်းတို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုက် ပြည်နယ်အစိုးရအဖွဲ့နှင့်နေပြည်တော်ကောင်စီအသေး စားငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီမှတင်ပြလာပါကအသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက ခွင့်ပြုချက်ထုတ်ပေးနိုင်သည်။

 

ဆောင်ရွက်ခွင့်ပြုနိုင်သောလုပ်ငန်းများ

၄။      အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီသည် အသေးစားငွေရေးကြေး ရေးအဖွဲ့အစည်းများအားအောက်ပါလုပ်ငန်းများကိုဆောင်ရွက်ခွင့်ပြုနိုင်သည်-

(က)   အသေးစားချေးငွေထုတ်ပေးခြင်း၊

(ခ)    အပ်ငွေလက်ခံခြင်း၊

(ဂ)    ငွေလွှဲပြောင်းပေးပို့ခြင်း၊

(ဃ)   အာမခံလုပ်ငန်းလုပ်ကိုင်ခြင်း၊

(င)    ပြည်တွင်းပြည်ပမှငွေချေးယူခြင်း၊

(စ)    အခြားငွေရေးကြေးရေးလုပ်ငန်းများဆောင်ရွက်ခြင်း။

 

စာရင်းစစ်

၅။      အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီသည် စာရင်းစစ်ခန့်ထားခြင်း ကိုအောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်-

(က)   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတွင်အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီကသဘောတူသည့်စာရင်းစစ် ကိုခန့်ထားရမည်။

(ခ)    အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီသည်အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းအားစစ်ဆေးရန် သင့်လျော်သူများကို စာရင်းစစ်များအဖြစ် ခန့်အပ်တာဝန်ပေးနိုင်သည်။အဆိုပါစာရင်းစစ်များသည်အောက်ပါအတိုင်းဆောင် ရွက်နိုင်သည်-

(၁)     အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏စာရင်းများ၊သက်ဆိုင်ရာစာရွက်စာတမ်းများ၊စာအုပ်များနှင့် အခြား စာရွက်  စာတမ်းများကို စစ်ဆေး

နိုင်သည်၊

(၂)     အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်းသည့်သတင်းအချက်အလက်များကိုကြီးကြပ်သူများ၊စီမံ

ခန့်ခွဲသူများ၊ကိုယ်စားလှယ်များ၊ဝန်ထမ်းများနှင့်အသင်းသားများအားမေး မြန်းနိုင်သည်။

 

စာရင်းစစ်ကော်မတီဖွဲ့စည်းခြင်း

၆။      အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီသည် အသေးစားငွေရေးကြေး ရေး အဖွဲ့အစည်းတစ်ခုတွင်  အဖွဲ့ဝင်သုံးဦးပါဝင်သော  စာရင်းစစ်ကော်မတီတစ်ရပ် ထားရှိနိုင်

သည်။

စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း

၇။      အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီသည်အသေးစားငွေရေးကြေး

ရေးအဖွဲ့အစည်း၊ ၄င်းအဖွဲ့အစည်း၏အဖွဲ့ဝင်၊ အစုရှယ်ယာပိုင်ရှင်၊  စီမံခန့်ခွဲသူ၊   မန်နေဂျာနှင့် ဝန်ထမ်းများက အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေပါပြဌာန်းချက်တစ်ရပ်ရပ်ကိုဖောက် ဖျက်လျှင်အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်ချမှတ်နိုင်သည်-

(က)   သတိပေးခြင်း၊

(ခ)    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏လုပ်ငန်းဆောင်ရွက်ချက်များကို

ကန့်သတ်ချက်အပါအဝင်ဖြစ်သည့်အမိန့်များချမှတ်ခြင်း၊

(ဂ)    ဒဏ်ကြေးပေးဆောင်စေခြင်း၊

(ဃ)   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတွင်တာဝန်ထမ်းဆောင်ခြင်းမှယာယီ သို့မဟုက်အမြဲတမ်းရပ်စဲခြင်း၊

(င)    လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ဖျက်သိမ်းခြင်း။

၈။        အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီသည်အသေးစားငွေရေးကြေး

ရေးအဖွဲ့အစည်းကသာ ဆောင်ရွက်ရမည်ဟု  ဥပဒေတွင်  သတ်မှတ်ထားသည့်  လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့်  ဥပဒေပါပြဌာန်းချက်   တစ်ရပ်ရပ်ကို  ဖောက်ဖျက်သော  မည်သည့် ပုဂ္ဂိုလ်သို့မဟုက် တရားဝင်  ရပ်တည်မှုရှိသည့် အဖွဲ့အစည်းကို မဆို  အထက် အပိုဒ် ၇  ပါစီမံခန့်ခွဲရေး ဆိုင်ရာ ပြစ်ဒဏ်ချမှတ်နိုင် သည်။

 စာရင်းရှင်းလင်းဖျက်သိမ်းခြင်း

၉။     အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီသည်  သက်ဆိုင်ရာအသေးစား ငွေရေးကြေးရေးအဖွဲ့အစည်း၏လုပ်ငန်းများကို ဆောင်ရွက်ရန် အနည်းဆုံးလိုအပ်ချက်နှင့်မညီညွတ်တော့သည့်အခြေအနေသို့ရောက်ရှိသောကြောင့်ယင်းအဖွဲ့အစည်းနှင့်ဆက်သွယ်သူများ၏အပ်ငွေများနှင့်မတည် ရန်ပုံငွေ တို့ကို ဆုံးရှုံးစေနိုင်သည့် အခြေအနေပေါ်ပေါက်လျှင် ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိစေရန်အချိန်ကာလသတ်မှတ်ပေးနိုင်သည်။သတ်မှတ်ပေးသည့်အချိန် ကာလအတွင်းပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိခြင်းမရှိပါကလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ဖျက်သိမ်းပြီးနောက်သတ်မှတ်ချက်များနှင့်အညီစာရင်းရှင်း လင်းဖျက်သိမ်းခြင်းပြုနိုင်သည်။

၁၀။   အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီသည်    စာရင်းရှင်းလင်းဖျက် သိမ်းခြင်း အမိန့်မချမှတ်မီ-

(က)   အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီသို့မဟုက် ၄င်းကော်မတီ ၏ခွင့်ပြုချက်ဖြင့်  သက်ဆိုင်ရာ တိုင်းဒေသကြီး  သို့မဟုက် ပြည်နယ်အစိုးရ  အဖွဲ့ နှင့် နေပြည်တော်ကောင်စီ  အသေးစားငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုး   တိုးတက် ရေးလုပ်ငန်းကော်မတီက ဖွဲ့စည်းပေးသော အဖွဲ့ဖြင့်စုံစမ်းစစ်ဆေးရမည်။

(ခ)    ထိုသို့ စုံစမ်းစစ်ဆေးရာတွင်  သက်ဆိုင်ရာ  ငွေရေးကြေးရေးအဖွဲ့အစည်းအား ခုခံ ချေပခွင့် ပြုရမည်။

၁၁။    အထက်အပိုဒ် ၁၀ပါသက်ဆိုင်ရာအဖွဲ့ကစာရင်းရှင်းလင်းဖျက်သိမ်းသင့်ကြောင်း တင်ပြလာလျှင် အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီသည်  အသေးစား ငွေရေး ကြေးရေးအဖွဲ့အစည်းအား  စာရင်းရှင်းလင်းဖျက်သိမ်းစေရန် အမိန့်ချမှတ်ရမည်။

၁၂။    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းအားစာရင်းရှင်းလင်းဖျက်သိမ်းရာတွင် အသေး စားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီသည်  –

(က)   စာရင်းရှင်းလင်း ဖျက်သိမ်းရေး  အရာရှိခန့်အပ်၍ ဖြစ်စေ၊ သင့်လျော်သော နိုင်ငံသားများပါဝင်သည့်စာရင်းရှင်းလင်းဖျက်သိမ်းရေးအဖွဲ့ဖွဲ့စည်း တာဝန်ပေးအပ်၍ ဖြစ်စေ၊ယင်းအဖွဲ့အစည်း၏စီမံခန့်ခွဲရေးကိစ္စရပ်များကိုစာရင်းရှင်းလင်းဖျက်သိမ်း ခြင်းပြီးစီးသည်အထိလွှဲပြောင်းရယူ၍ဆောင်ရွက်စေနိုင် သည်၊

(ခ)    ယင်းအဖွဲ့အစည်းက ရရန်နှင့်ပေးရန်ရှိသည်များကို စာရင်းရှင်းလင်း ဆောင်ရွက်ရ မည်။

 

တားမြစ်ချက်

၁၃။    အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ မည်သည့်အဖွဲ့ဝင် သို့မဟုတ် ဝန်ထမ်းမျှမိမိ၏တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာမှသိရှိလာသည့် သတင်းအချက်အလက်

များကို  ဥပဒေအရ ခွင့်ပြုချက်မရှိဘဲ ထုတ်ဖော်ပြောဆိုခြင်း ၊ကြည့်ရှု့စေခြင်း၊ စစ်ဆေးစေခြင်း သို့မဟုက်ကြေညာခြင်းမပြုရ။

 

ပြစ်မှုနှင့်ပြစ်ဒဏ်

၁၄။    အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှမည်သည့်အဖွဲ့ဝင်သို့မဟုတ်

ဝန်ထမ်းမဆိုအထက်အပိုဒ် ၁၃ ပါတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေပုဒ်မ  ၅၈ ပါပြစ်ဒဏ်များ ချမှတ်

ခြင်း ခံရမည်။

 

အထွေထွေ

၁၅။   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ အဖွဲ့ဝင်၊ ဝန်ထမ်းနှင့်   စာရင်းစစ်များသည် ယင်းတို့၏ငွေရေးကြေးရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများလုပ်ဆောင်ရာမှရရှိလာသည့် သတင်းအချက်အလက်များကို  ဥပဒေအရခွင့်ပြုချက်မရှိဘဲ ထုတ်ဖော်ပြောဆို ခြင်း၊ကြည့်ရှု့စေခြင်း၊ စစ်ဆေးခြင်း သို့မဟုက်ကြေညာခြင်းပြုပါကလည်းကောင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီ  အသေးစားငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်း ကော်မတီတို့မှအဖွဲ့ဝင်သို့မဟုတ် ဝန်ထမ်းများ သည် မိမိ၏ တာဝန်ဝတ္တရားများကိုဆောင်ရွက်ရာမှသိရှိလာသည့် သတင်းအချက်အလက်များကို ဥပဒေအရခွင့်ပြုချက်မရှိဘဲ ထုတ်ဖော်ပြောဆို ခြင်း၊ကြည့်ရှု့စေခြင်း၊စစ်ဆေးစေခြင်းသို့မဟုတ်ကြေညာခြင်းပြုပါကလည်းကောင်း ၊ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ အသေးစားငွေရေးကြေးရေး အဖွဲ့ အစည်း၏လုပ်ငန်းများကိုလုပ်ကိုင်ပါကလည်းကောင်း၊တရားစွဲဆိုရာတွင်အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ကြိုတင်ခွင့်ပြုချက်ဖြင့် သာ ဆောင်ရွက်ရမည်။

၁၆။   အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီသည်  လိုအပ်သောအမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

 

အခန်း(၂)

တိုင်းဒေသကြီးသို့မဟုက်ပြည်နယ်အစိုးရအဖွဲ့နှင့်နေပြည်တော်ကောင်စီ

အသေးစားငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ

ဖွဲ့စည်းခြင်း

၁၇။    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့်  နေပြည်တော်ကောင်စီ  အသေးစား ငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ကိုအသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေပုဒ်မ ၉ အရဖွဲ့စည်းရမည်။

 

လုပ်ငန်းတာဝန်

၁၈။   တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့်  နေပြည်တော်ကောင်စီအသေးစား ငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန် တာဝန်များမှာ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေပုဒ်မ ၁၀ ပါအတိုင်းဖြစ်သည်။

 

စစ်ဆေးရေးမှူးများခန့်အပ်တာဝန်ပေးခြင်း

၁၉။   တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်အစိုးရအဖွဲ့နှင့်  နေပြည်တော်ကောင်စီအသေးစား ငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ သည်    သင့်လျော်သူများကို စစ်ဆေးရေးမှူးများအဖြစ် ခန့်အပ်တာဝန်ပေး၍ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများအား စစ်ဆေးစေရမည်။

 

တားမြစ်ချက်

၂၀။    တိုင်းဒေသကြီး သိုမဟုတ်   ပြည်နယ်အစိုးရအဖွဲ့နှင့်  နေပြည်တော်ကောင်စီအသေးစား ငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ မည်သည့်အဖွဲ့ဝင် သို့မဟုတ် ဝန်ထမ်းများမိမိ၏တာဝန်ဝတ္တရားများကိုဆောင်ရွက်ရာမှသိရှိလာသည့်သတင်းအချက်အလက်များကို ဥပဒေအရ ခွင့်ပြုချက် မရှိဘဲ ထုတ်ဖော်ပြောဆိုခြင်း ၊ကြည့်ရှု့စေခြင်း၊ စစ်ဆေးစေခြင်းသို့မဟုတ်ကြေညာခြင်းမပြုရ။

 

ပြစ်မှုနှင့်ပြစ်ဒဏ်

၂၁။    တိုင်းဒေသကြီး သို့မဟုက် ပြည်နယ်အစိုးရအဖွဲ့နှင့်  နေပြည်တော်ကောင်စီ  အသေးစား ငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ အဖွဲ့ဝင် သို့မဟုတ်   ဝန်ထမ်း

များသည်အထက်အပိုဒ် ၂၀ပါတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင် ခြင်းခံရပါကအသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေပုဒ်မ ၅၈ပါပြစ်ဒဏ်များချမှတ်ခြင်းခံရ မည်။

အထွေထွေ

၂၂။    သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့်  နေပြည်တော်ကောင်စီ အသေးစား ငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီသည်  လိုအပ်သော အမိန့်နှင့်ညွှန်ကြားချက်များကိုထုတ်ပြန်နိုင်သည်။

 အခန်း(၃)

မြန်မာ့အသေးစားငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးလုပ်ငန်း

 

လုပ်ငန်းတာဝန်

၂၃။    မြန်မာ့အသေးစားငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးလုပ်ငန်းသည်အသေးစား ငွေ ရေး ကြေးရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက် ရမည်-

(က)   အသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်ခွင့်လျှောက်လွှာများကိုစိစစ်၍ သက်ဆိုင်ရာအသေးစားငွေရေးကြေးရေးလုပ်ငန်းကော်မတီ သို့တင်ပြခြင်း၊

(ခ)    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများတွင် ထိန်းသိမ်းထားရှိရမည့်စာရင်းပုံစံများနှင့်အစီရင်ခံရမည့်ပုံစံများသတ်မှတ်ခြင်း၊

(ဂ)    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများကို    ကြီးကြပ်ကွပ်ကဲခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်း

 

(ဃ)   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုသတ်မှတ်ချက်များနှင့်အညီသက်ဆိုင်ရာလုပ်ငန်းကော်မတီသို့ အစီရင်ခံတင်ပြခြင်း၊

(င)    အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့်သက်ဆိုင်ရာအသေးစားငွေရေးကြေးရေးလုပ်ငန်း ကော်မတီများက အခါအားလျော်စွာ  ပေးအပ်သောတာဝန်များကိုထမ်းဆောင်ခြင်း။

အထွေထွေ

၂၄။    မြန်မာ့အသေးစားငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးလုပ်ငန်းသည်ဤဥပဒေအရ အပ်နှင်းထားသော  လုပ်ငန်းတာတန်များကို ဆောင်ရွက်ခြင်း ကြောင့်ပေါ်ပေါက်လာသည့်သို့မဟုက်အကြောင်းသင့်ဆက်စပ်ဖြစ်ပေါ်လာသည့်လုပ်ငန်းများကိုလည်းတာတန်ယူဆောင် ရွက်ရမည်။

အခန်း(၄)

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ

အသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်နိုင်သာအဖွဲ့အစည်းများ

၂၅။    မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ၊သမဝါယမအသင်းဥပဒေ၊အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာဥပဒေနှင့်တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖွဲ့စည်းထား သောအောက်ပါအဖွဲ့အစည်းအနေဖြင့်  အသေးစားငွေရေးကြေးရေးလုပ်ငန်း  လုပ်ကိုင်ဆောင်ရွက်ရန်  လုပ်ငန်း လိုင်စင် လျှောက်ထားနိုင်သည်-

(က)   ပြည်တွင်းပြည်ပမှအဖွဲ့အစည်း

(ခ)    အစုစပ်လုပ်ငန်း

(ဂ)    ကုမ္ပဏီ

(ဃ)   သမဝါယမအသင်း

(င)    ဘဏ်နှင့်ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်းများ။

 

စီမံခန့်ခွဲမှုအဖွဲ့နှင့်သင်းဖွဲ့မှတ်တမ်း၊သင်းဖွဲ့စည်းမျဉ်း

၂၆။    လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်လျှောက်ထားခြင်းမပြုမီအောက်ပါတို့ကိုကြိုတင်ဆောင် ရွက်ထားရမည်-

(က)   သင်းဖွဲ့မှတ်တမ်းနှင့်သင်းဖွဲ့စည်းမျဉ်းရေးဆွဲထားရမည်၊

(ခ)    စီမံခန့်ခွဲမှုအဖွဲ့ကိုဖွဲ့စည်း၍သင်းဖွဲ့မှတ်တမ်း၊သင်းဖွဲ့စည်းမျဉ်းများနှင့်အညီစီမံခန့်ခွဲ

ရမည်၊

(ဂ)    စီမံခန့်ခွဲမှုအဖွဲ့ကိုဖွဲ့စည်းရာတွင်အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီက သတ်မှတ်ထားသည့် စီမံခန့်ခွဲမှုအဖွဲ့၏ အဖွဲ့ဝင် ဖြစ်ရန်လိုအပ်မည့်အရည်အချင်းနှင့်ပြည့်စုံရမည်။

၂၇။    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏စီမံခန့်ခွဲမှုအဖွဲ့သည်မိမိကိုယ်စားဆောင်ရွက်ပိုင်ခွင့်များကိုသက်ဆိုင်ရာအသေးစားငွေရေးကြေးရေးအဖွဲ့ အစည်းများ၏တာဝန်ရှိသူများကိုလွှဲအပ်နိုင်သည်။

၂၈။    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏စီမံခန့်ခွဲမှုအဖွဲ့သည်စာရင်းစစ်ကော်မတီ အား ကူညီဆောင်ရွက်စေရန်ကျွမ်းကျင်သူပုဂ္ဂိုလ်ကိုခန့်ထားခြင်း သို့မဟုက်ငှားရမ်းခြင်းပြုနိုင်သည်။

၂၉။    သင်းဖွဲ့မှတ်တမ်းနှင့်သင်းဖွဲ့စည်းမျဉ်းများကိုပြင်ဆင်လိုပါကသက်ဆိုင်ရာလုပ်ငန်းကော်မ တီသို့တင်ပြ၍အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ကြိုတင်ခွင့်ပြုချက်ရရှိပြီးမှသာပြင်ဆင်ရမည်။

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းအမျိုးအစားများ

၃၀။   အောက်ပါအမျိုးအစားအတိုင်းခွဲခြားသတ်မှတ်ဆောင်ရွက်နိုင်သည်-

(က)   အပ်ငွေလက်ခံခြင်းမပြုသည့်အဖွဲ့အစည်း။ အပ်ငွေလက်ခံခြင်းမပြုသည့်အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည်အများပြည်သူထံမှအပ်ငွေမဟုတ်သောအခြားနည်းဖြင့်စုစည်းရရှိသည့်ရန်ပုံငွေနှင့်

အသေးစားချေးငွေရယူသည့်အခါတိုင်းအသင်းသားများကမဖြစ်မနေစုဆောင်းရသည့်စုဆောင်းငွေများဖြင့်အသေးစားချေးငွေများထုတ်ပေးခြင်းကိုဆောင်ရွက်

သောအသေးစားငွေရေးကြေးရေးအဖွဲ့အစည်းကိုဆိုသည်။

 

(ခ)    အပ်ငွေလက်ခံသည့်အဖွဲ့အစည်း။              အပ်ငွေလက်ခံသည့်အသေးစားငွေရေး ကြေးရေး အဖွဲ့အစည်းသည်အများပြည်သူထံမှ အပ်ငွေမဟုတ် သောအခြားနည်း ဖြင့် စုစည်းရရှိသည့်ရန်ပုံငွေနှင့်အသေးစားချေးငွေရယူသည့်အခါတိုင်း အသင်း သားများက မဖြစ်မနေ   စုဆောင်းရသည့် စုဆောင်းငွေနှင့်  မိမိဆန္ဒအလျှောက်စုဆောင်းသည့်အပ်ငွေများဖြင့်အသေးစားချေးငွေများထုတ်ပေးခြင်းကိုဆောင်ရွက်သောအသေးစားငွေရေးကြေးရေးအဖွဲ့အစည်းကိုဆိုသည်။

လုပ်ကိုင်နိုင်သောလုပ်ငန်းအမျိုးအစားများ

၃၁။    အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ခွင့်ပြုချက်ဖြင့်အောက်ပါ လုပ်ငန်းများလုပ်ကိုင်နိုင်သည်-

(က)   အသေးစားချေးငွေထုတ်ပေးခြင်း

(ခ)    အပ်ငွေလက်ခံခြင်း

(ဂ)    ငွေလွှဲပြောင်းပေးပို့ခြင်း

(ဃ)   အာမခံလုပ်ငန်းလုပ်ကိုင်ခြင်း

(င)    ပြည်တွင်းပြည်ပမှငွေချေးယူခြင်း

(စ)    အခြားငွေရေးကြေးရေးလုပ်ငန်းများဆောင်ရွက်ခြင်း။

 

လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်

၃၂။    လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်နှင့်ပက်သက်၍ အောက်ပါအတိုင်းလိုက်နာဆောင်ရွက်ရ မည်-

(က)   အသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်လိုသည့်အဖွဲ့အစည်းသည် လုပ်ငန်း

လုပ်ကိုင်ခွင့်လိုင်စင်လျှောက်လွှာပါပုံစံ ဖြည့်စွက်ချက်များနှင့် ဖြစ်နိုင်ချေလေ့လာ ချက် ကိုပူးတွဲပါသက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ နှင့် နေပြည်တော်ကောင်စီ  အသေးစားငွေရေးကြေးရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီသို့ပေးပို့ရမည်။

(ခ)    လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကိုလွှဲပြောင်းခြင်းမပြုရ။

(ဂ)    လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသည့်အဖွဲ့အစည်းသည်လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသည့်နေ့မှ ခြောက်လအတွင်းလုပ်ငန်းစတင်ရမည်။

(ဃ)   ဥပဒေမပြဌာန်းမီ အသေးစားငွေရေးကြေးရေးလုပ်ငန်းဆောင်ရွက်နေသော အဖွဲ့ အစည်းများသည်ဥပဒေပြဌာန်းသည့်နေ့မှ သုံးလအတွင်းလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်လျှောက်ထားရမည်။

မတည်ငွေရင်း

၃၃။    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည်အသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ် ကိုင်လိုသည့်အဖွဲ့အစည်းအမျိုးအစားအလိုက် အသေးစား ငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီကသတ်မှတ်သည့်အနည်းဆုံးထည့်ဝင်ရမည့်မတည်ငွေရင်းသတ်မှတ်ချက်ကိုလိုက်နာဆောင်ရွက်ရမည်။

၃၄။    မတည်ငွေရင်းနှင့်ပက်သက်၍အောက်ပါအတိုင်းဆောင်ရွက်ရမည်-

(က)   အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သတ်မှတ်ပေးသည့် အသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်လိုသည့် အဖွဲ့အစည်း အမျိုးအစားအလိုက်အနည်းဆုံးထည့်ဝင်ရမည့်မတည်ငွေရင်းကိုထားရှိရမည်။မတည်ငွေရင်းကိုငွေသားဖြင့်ပေးသွင်းရမည်။အခြားဘဏ်တစ်ခုတစ်ခုမှလည်းငွေပေးအမိန့်ဖြင့် ပေးပို့ဆောင်ရွက်နိုင်သည်။

(ခ)    အဆိုပါ မတည်ငွေရင်းကို  သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် နေပြည်တော်အတွင်းသတ်မှတ်ထားသောမြန်မာ့စီးပွားရေးဘဏ် ရှိမြန်မာ့အသေးစားငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးလုပ်ငန်း၏  ငွေစာရင်းသို့   ပေးသွင်းရမည်။

(ဂ)    ပေးသွင်းထားသောထည့်ဝင်ပြီးမတည်ငွေရင်းကိုအသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကောယ်မတီကလိုင်စင်ထုတ်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပြီးမှသာပြန်လည်ထုတ်ယူခွင့်ရှိသည်။

(ဃ)   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည်အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီး ကြပ်မှုကော်မတီက သတ်မှတ်ထားသည့်စည်းကမ်းချက်များ နှင့်ညီညွတ် လျှင်သီးသန့်ငွေများထူထောင်ခြင်းဖြင့်မိမိတို့၏မတည်ငွေရင်းပမာဏကိုတိုးမြှင့်နိုင်သည်။

(င)    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည်အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီး ကြပ်မှုကော်မတီ၏ သတ်မှတ်ချက်နှင့်အညီ အသားတင်အမြတ် ၏ ၂၅ ရာခိုင်နှုန်းကို အထွေထွေသီးသန့်  ငွေစာရင်းတစ်ခုတွင်  ထည့်သွင်းထားရမည်။ ထိုသို့ထည့်သွင်းခြင်းကိုထည့်ဝင်ပြီးမတည်ငွေရင်း၏ ၁၀၀ရာခိုင်နှုန်း နှင့်ညီမျှသည်အထိဆောင်ရွက်ရမည်။အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ၏ ညွှန်ကြားချက်နှင့်အညီ သီးခြားရရန်ပိုင်ခွင့်များနှင့် စပ်လျဉ်း၍ သီးသန့်ငွေများ ကိုထားရှိရမည်။ ထိုအပြင် မိမိတို့အစီအစဉ်ဖြင့်လည်း သီးသန့်ငွေများကို   ထပ်မံထားရှိနိုင်သည်။

 အတိုးနှုန်းများ

၃၅။   အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီက သတ်မှတ်ပေးထားသည့် အပ်ငွေ နှင့်ချေးငွေများအပေါ်အတိုးနှုန်းများအတိုင်း လိုက်နာဆောင်ရွက်ရမည်။

ဝန်ဆောင်ခများ

၃၆။   အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီကသတ်မှတ်ပေးသည့် အောက် ပါဝန်ဆောင်ခများကိုပေးဆောင်ရမည်-

(က)   ရုံးခွဲများတည်ထောင်ခြင်း၊ လုပ်ငန်းနေရာရွှေ့ပြောင်းခြင်း၊ လုပ်ငန်းပိတ်သိမ်း

ခြင်းတိုအတွက် ပေးဆောင်ရမည့်ဝန်ဆောင်ခ

(ခ)    လုပ်ငန်းအမျိုးအစားပြောင်းလဲလုပ်ဆောင်ခြင်းအတွက်ပေးဆောင်ရမည့် ဝန်ဆောင်ခ

လိုင်စင်ကြေး

၃၇။    အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီကသတ်မှတ်ပေးသည့် အောက်ပါလိုင်စင်ကြေးများကိုပေးဆောင်ရမည်-

(က)ကနဦးလိုင်စင်ကြေး။                အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည်လုပ်ငန်း  လုပ်ကိုင်ခွင့်လိုင်စင်ရရှိပြီး ၁၅ရက်အတွင်းသတ်မှတ် လိုင်စင်ကြေးကိုပေးဆောင်ရမည်။

(ခ)နှစ်စဉ်လိုင်စင်ကြေး။ဘဏ္ဍာနှစ်၏ဧပြီလတွင်သတ်မှတ်နှုန်းထားအတိုင်းပေးဆောင်ရမည်။

(ဂ)    ထည့်ဝင်ပြီးမတည်ငွေရင်းကိုတိုးမြှင့်ပါကတိုးမြှင့်သည့်ငွေပမာဏအပေါ်သတ်မှတ်သည့်လိုင်စင်ကြေး။

ချေးငွေထုတ်ချေးခြင်း

၃၈။   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှချေးငွေများထုတ်ချေးရာတွင်အောက်ပါ တို့ကို ဆောင်ရွက်ရမည်-

(က)   ချေးငွေလျှောက်လွှာနှင့်ချေးငွေကိုမည်သို့အသုံးပြုမည်ဖြစ်ကြောင်းတင်ပြချက်ရယူ ရမည်။

(ခ)    ငွေချေးယူသူနှင့်အာမခံပုဂ္ဂိုလ်များ၏ကတိဝန်ခံချက်မှတ်တမ်းများရယူရမည်။

(ဂ)    ချေးငွေရမည့်သူကိုယ်တိုင်လက်မှတ်ရေးထိုးထားသည့်သဘောတူညီချက်နှင့်  စုပေါင်းဆုံးဖြတ်သည့်ကိစ္စဖြစ်ပါကအဆိုပါကိစ္စအား သဘောတူညီသည့် ဆုံးဖြတ်ချက်မှတ်တမ်းရယူရမည်။

၃၉။   ချေးငွေထုတ်ချေးရာတွင် လုပ်ငန်းရေရှည်တည်တံ့ရေးအတွက်အသေးစားငွေကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီကသတ်မှတ်သည့်စည်းကမ်း ချက်များနှင့်အညီဆောင်ရွက်ရမည်။

 အခြားလိုက်နာဆောင်ရွက်ရန်အချက်များ

၄၀။   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည်အောက်ပါတို့ကိုအချိန်မှတ်ထုတ်ပြန်ပေးရမည်-

(က)   အပ်ငွေ၊ချေးငွေနှင့်ပတ်သက်သည့်စည်းကမ်းချက်များ၊

(ခ)    အတိုးနှုန်းနှင့်တွက်ချက်ပုံများကိုဆက်သွယ်သူများသိရှိရန်အသေးစားငွေရေး

ကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီကသတ်မှတ်ပေးသည့်အချိန်အပိုင်းအခြား နှင့်အသုံးပြုရမည့်ပုံစံများနှင့်အညီအချိန်မှန် ထုတ်ပြန်ကြေညာရမည်။

၄၁။    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည် မိမိအဖွဲ့အစည်းအတွက်လည်းကောင်း၊ အခြားပုဂ္ဂိုလ်အတွက်လည်းကောင်း၊ မမျှတသည့်အခွင့်အလမ်း ရရှိစေမည့်မမှန်ကန်သောလုပ် ဆောင်မှုများကိုမပြုလုပ်ရ။

၄၂။    တရားမဝင်သောနည်းလမ်းဖြင့်  ရရှိသည့်  ငွေကြေးနှင့်  ပစ္စည်းထိန်းချုပ်ရေးဥပဒေပါ ပြဌာန်းချက်များအားလိုက်နာရမည်။

၄၃။    မြန်မာ့အသေးစားငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးလုပ်ငန်း(ရုံးခုပ်)မှ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများတွင် ထားရှိရမည့်စာရင်း ပုံစံများနှင့်လုပ်ငန်းဆောင်ရွက်နိုင်မှုအစီရင်ခံစာပုံစံများကိုသတ်မှတ်ပေးသည့်ပုံစံများအတိုင်းထားရှိရမည်။

၄၄။    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည်သက်ဆိုင်ရာတိုင်းဒေသကြီးသို့မဟုတ်ပြည် နယ် အစိုးရအဖွဲ့နှင့်  နေပြည်တော်ကောင်စီအသေးစား ငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီသို့လုပ်ငန်း ဆောင်ရွက်နိုင်မှုအစီရင်ခံစာများကို သတ်မှတ်ချက်နှင့်အညီ အစီရင်ခံတင်ပြရမည်။

 စာရင်းစစ်ခန့်ထားခြင်း

၄၅။   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည်  အသေးစား  ငွေရေး  ကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီကသဘောတူသည့်စာရင်း စစ်ကိုခန့်ထား ရမည်။ ၄င်းစာရင်းစစ်သည်မြန်မာနိုင်ငံစာရင်းစစ်စံများနှင့်အညီစာရင်းစစ်ဆေးပြီးလက်ကျန်ရှင်းတမ်း၊အရှုံးအမြတ်စာရင်းများ နှင့်စပ်လျဉ်းသည့်စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာကိုပြုစုခြင်း၊ရှင်းတမ်းများအဆိုပါလုပ်ငန်း၏ အခြေအနေမှန်ကိုလုံလောက်လျော်ကန်စွာဖော်ပြခြင်းရှိ/ မရှိနှင့်ငွေရေးကြေးရေး အခြေအနေခိုင်မာမှုရှိ/မရှိတို့ကိုယင်းအစီရင်ခံစာတွင်သုံးသပ်တင်ပြခြင်း၊လုပ်ငန်းအတွက်ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်သောဆာင်ရွက်ချက်များနှင့်စာရင်းများ၏ ချွတ်ယွင်းမှု၊လိုအပ်မှုများကိုအကြောင်းကြားခြင်းတိုဆောင်ရွက်ရမည်။

 စာရင်းစစ်ကော်မတီဖွဲ့စည်းခြင်း

၄၆။   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည်    အသေးစားငွေရေးကြေးရေးကြီးကြပ်မှု ကော်မတီ၏ညွှန်ကြားချက်နှင့်အညီ  စာရင်းစစ်ကော်မတီကို  ဖွဲ့စည်းထားရှိရမည်။စာရင်းစစ် ကော်မတီ သည်-

(က)   သတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့်အညီအသေးစားငွေရေးကြေးရေး အဖွဲ့အစည်းကဆောင်ရွက်ခြင်းရှိ/မရှိစောင့်ကြပ်ကြည့်ရှုရမည်။

(ခ)    စီမံခန့်ခွဲမှုအဖွဲ့သို့တင်ပြသင့်သည်ဟုယူဆသောကိစ္စများကိုတင်ပြရမည်။

(ဂ)    စီမံခန့်ခွဲမှုအဖွဲ့က ထင်မြင်ယူဆချက်တောင်းခံလာသည့်ကိစ္စရပ်များအပေါ်မိမိ၏ ထင်မြင်ယူဆချက်ကိုပေးရမည်။

(ဃ)   စာရင်းစစ်ကော်မတီသည် သာမန်အားဖြင့်သုံးလတစ်ကြိမ်အစည်းအဝေးပြုလုပ် ရမည်။

(င)    စီမံခန့်ခွဲမှုအဖွဲ့က  လိုအပ်သည်ဟု  ယူဆလျှင်  စာရင်းစစ်ကော်မတီသည်  အထူး အစည်းအဝေး ပြုလုပ်ရမည်။

(စ)   ပုံမှန်အစည်းအဝေးနှင့်အထူးအစည်းအဝေးများတွင်စာရင်းစစ်ကော်မတီဝင်အား လုံးတက်ရောက်ရမည့်အပြင်ဆန္ဒမဲပေးရန် လည်းပျက်ကွက်ခြင်း မရှိစေရ။

(ဆ)   ဆုံးဖြတ်ချက်များကိုစာရင်းစစ်ကော်မတီဝင်အများစု၏ဆန္ဒမဲဖြင့်ချမှတ်ရမည်။

 

စာရင်းအစစ်ဆေးခံခြင်း

၄၇။    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည်    အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီက  ခန့်ထားသည့်စာရင်းစစ်နှင့်သက်ဆိုင်ရာ  တိုင်းဒေသကြီး   သို့မဟုက် ပြည်နယ်အစိုးရအဖွဲ့နှင့်  နေပြည်တော်ကောင်စီ အသေးစားငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီတို့မှ  တာဝန်ပေးအပ်သော  စစ်ဆေးရေးမှူးများ၏ စာရင်းစစ်ဆေး ခြင်းကိုခံရမည်။

စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း

၄၈။   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ အဖွဲ့တင် ၊အစုရှယ်ယာပိုင်ရှင်၊  စီမံခန့်ခွဲသူ၊ မန်နေဂျာနှင့်  ဝန်ထမ်းများအနေဖြင့် ဥပဒေပြဌာန်းချက်တစ်ခုခု ကို ဖောက်ဖျက်ပါကအောက်ပါစီမံခန့်ခွဲမှုပြစ်ဒဏ်ချမှတ်ခြင်းခံရမည်-

(က)   သတိပေးခြင်း၊

(ခ)    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏လုပ်ငန်းဆောင်ရွက်ချက်များကို ကန့်သတ် ချက်အပါအဝင်ဖြစ်ငသည့်အမိန့်များချမှတ်ခြင်း၊

(ဂ)    ဒဏ်ကြေးပေးဆောင်စေခြင်း၊

(ဃ)   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတွင်တာဝန်ထမ်းဆောင်ခြင်းမှယာယီ သို့မဟုက်အမြဲတမ်းရပ်စဲခြင်း၊

(င)    လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ဖျက်သိမ်းခြင်း။

၄၉။   အရေးယူခံရသူသည်ခုခံကာကွယ်ခွင့်ရှိသည်။

၅၀။   အရေးယူခံရသူသည်ချမှတ်သောပြစ်ဒဏ်နှင့်စပ်လျဉ်း၍အမိန့်စာလက်ခံရရှိသည့် နေ့မှ ရက်ပေါင်း  ၃၀  အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲ နွမ်းပါးမှုလျော့ချရေးလုပ်ငန်း ကော်မတီသို့အယူခံခွင့်ရှိသည်။

 

လုပ်ငန်းလိုင်စင်ရုတ်သိမ်းခြင်း

 

၅၁။   အောက်ပါအခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်လျှင်သက်ဆိုင်ရာငွေရေးကြေးရေးအဖွဲ့ အစည်း၏လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရုတ်သိမ်းခြင်းခံရမည်-

(က)   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းအတွက်ပြင်ဆင်သတ်မှတ်သည့်အနည်း ဆုံးမတည်ငွေရင်းကို သတ်မှတ်ကာလအတွင်းထည့်ဝင်ရန် ပျက်ကွက်ခြင်း၊

(ခ)   လုပ်ငန်းဆုံးရှုံးမှုကြောင့်လျော့နည်းသွားသည့်အနည်းဆုံးမတည်ငွေရင်း လိုအပ် ချက်ကိုသတ်မှတ်ကာလအတွင်းပြည့်မီသည်အထိဖြည့်တင်းရန် ပျက်ကွက်ခြင်း၊

(ဂ)    မိမိဆန္ဒအလျောက်စာရင်းရှင်းလင်းဖျက်သိမ်းခြင်းသို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းခံရခြင်း၊

(ဃ)   အခြားအသေးစားငွေရေးကြေးရေးအဖွဲအစည်းတစ်ခုနှင့်ပူးပေါင်းဖွဲ့စည်းခြင်း ကြောင့်ဖြစ်စေ၊မိမိအဖွဲ့အစည်းကိုခွဲခြမ်းဖွဲ့စည်းခြင်းကြေင့်ဖြစ်စေ၊ မူလတရားဝင်ရပ်တည်မှုပျောက်ကွယ်သွားခြင်း၊

(င)    အသေးစားငွေရေးကြေးရေးလုပ်ငန်း     ကြီးကြပ်မှုကော်မတီနှင့်  သက်ဆိုင်ရာ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့်နေပြည်တော်ကောင်စီ အသေးစားငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီတို့ကထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့်ညွှန်ကြားချက်များကိုလိုက်နာ ဆောင်ရွက်ရန်ပျက်ကွက်ခြင်း။

 စာရင်းရှင်းလင်းဖျက်သိမ်းခြင်း

၅၂။    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုအနေဖြင့် အောက်ပါအခြေအနေ တစ်ရပ် ရပ်ဖြစ်ပေါ်ခဲ့လျှင်စာရင်းရှင်းလင်းဖျက်သိမ်းခြင်းခံရမည်-

(က)   လုပ်ငန်းများဆောင်ရွက်ရန် အနည်းဆုံးလိုအပ်ချက်နှင့်မညီညွတ်တော့သည့် အခြေအနေ

(ခ)    ယင်းအဖွဲ့အစည်းနှင့်ဆက်သွယ်သူများ၏အပ်ငွေများနှင့်မတည်ရန်ပုံငွေ တို့ကို ဆုံးရှုံးနိုင်သောအခြေအနေ။

၅၃။   ထိုသို့စာရင်းရှင်းလင်းဖျက်သိမ်းခြင်းမပြုမီအသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ် မှုကော်မတီ သို့မဟုတ် အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက် ဖြင့်သက်ဆိုင်ရာတိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်အစိုးရအဖွဲ့နှင့်နေပြည်တော်ကောင်စီအသေး စားငွေရေးကြေးရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီကဖွဲ့စည်းပေးသောအဖွဲ့ဖြင့်စုံစမ်းစစ်ဆေးခြင်းခံရမည်။ထိုသို့စုံစမ်းစစ်ဆေးရာတွင်သက်ဆိုင်ရာအသေးစားငွေရေးကြေးရေးအဖွဲ့အစည်းအနေဖြင့်ခုခံချေပခွင့်ရှိသည်။

တားမြစ်ချက်

၅၄။   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ အဖွဲ့ဝင်၊ ဝန်ထမ်းနှင့်    စာရင်းစစ်များသည် သက်ဆိုင်ရာအဖွဲ့အစည်း၏သတင်းအချက်အလက်များကို ဥပဒေအရခွင့်ပြုချက်မရှိဘဲထုတ်ဖော်ပြောဆိုခြင်း၊ကြည့်ရှု့စေခြင်း၊စစ်ဆေးစေခြင်း၊ကြေငြာခြင်းမပြုရ။

၅၅။   အသေးစားငွေရေးကြေးရေးလုပ်ငန်း  လုပ်ကိုင်လိုသည့်     အဖွဲ့အစည်းသည်  လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ အသေးစားငွေရေးကြေးရေး အဖွဲ့ အစည်း၏လုပ်ငန်းများကိုလုပ်ကိုင်ခြင်းမပြုရ။

ပြစ်မှုနှင့်ပြစ်ဒဏ်

၅၆။   အထက်အပိုဒ် ၅၄ ပါတားမြစ်ချက်ကို  ဖောက်ဖျက်ကျူးလွန်ပါက  အသေးစားငွေရေး ကြေးရေး လုပ်ငန်းဥပဒေပုဒ်မ ၅၆ အရပြစ်ဒဏ်များချမှတ်ခြင်းခံ  ရမည်။

၅၇။   အထက်အပိုဒ် ၅၅ ပါတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ပါက အသေးစားငွေရေး ကြေးရေးလုပ်ငန်းဥပဒေပုဒ်မ ၅၇ အရပြစ်ဒဏ်များချမှတ်ခြင်း ခံရမည်။

အထွေထွေ

၅၈။   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည်ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့်ဆောင်ရွက်ခွင့် စဉ်ဆက်မပြတ်ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊တရားစွဲဆိုနိုင်ခွင့်နှင့် တရားစွဲခံနိုင်ခွင့်များရှိသည်။

၅၉။   မှတ်ပုံတင်အက်ဥပဒေတွင်  မည်သို့ပင်ပါရှိစေကာမူ    အသေးစားငွေရေးကြေးရေးအဖွဲ့ အစည်းက ထုတ်ပေးသော အသေးစားချေးငွေနှင့်စပ်လျဉ်း၍ ချုပ်ဆိုသည့် စာချုပ်စာတမ်းသည် မှတ်ပုံတင်ခြင်းမှ ကင်းလွတ်ခွင့်ရှိသည့်အပြင်တည်ဆဲဥပဒေအရ တံဆိပ်ခေါင်းခွန် ပေးဆောင် ရခြင်းမှလည်းကင်းလွတ်ခွင့် ရှိသည်။

၆၀။   အခွန်စည်းကြပ်မှုနှင့်ပတ်သက်၍ တည်ဆဲဥပဒေများနှင့်အညီလိုက်နာဆောင်ရွက်ရမည်။                                                                    


အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသောလုပ်ငန်းဆောင်ရွက်ချက်များ

 

၇။      အသေးစား   ငွေရေးကြေးရေးလုပ်ငန်း ဆိုင်ရာ  အကောင်အထည်ဖော်   ဆောင်ရွက်လျှက်ရှိသောလုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)   ပဲခူးတိုင်းဒေသကြီး အတွင်း  အသေးစားငွေရေးကြေးရေးလုပ်ငန်း    လုပ်ကိုင်ခွင့်လျှောက်လွှာများကို  စိစစ်၍    အသေးစားငွေရေးကြေးရေးလုပ်ငန်း    ကြီးကြပ်မှု ကော်မတီသို့တင်ပြခြင်း၊

(ခ)    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြီးကြပ်ကွပ်ကဲခြင်း၊

(ဂ)    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုသတ်မှတ်ချက်နှင့်အညီ ကြီးကြပ်မှုကော်မတီသို့အစီရင်ခံတင်ပြခြင်း၊

(ဃ)   အသေးစားငွေရေးကြေးရေးလုပ်ငန်းများရှင်သန်တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက်လေ့ကျင့်သင်ကြားခြင်းနှင့်ပညာဖြန့်ဖြူးပေးခြင်း၊

ပဲခူးတိုင်းဒေသကြီးအတွင်းအသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထားသော

အဖွဲ့အစည်းများ

၆။      ပဲခူးတိုင်းဒေသကြီးအတွင်းအသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထားသောအဖွဲ့အစည်းများမှာအောက်ပါအတိုင်း ဖြစ်ပါသည်-

 

INGO                  –          ၁ ဖွဲ့
NGO                    –          ၃ ဖွဲ့

ပြည်ပကုမ္ပဏီ         –        ၁၃ ဖွဲ့

ပြည်တွင်းကုမ္ပဏီ   –        ၁၁ ဖွဲ့

အစုစပ်                  –          ၂ ဖွဲ့

 

စုစုပေါင်း           –       ၃၀ဖွဲ့

 

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများကိုကြီးကြပ်ကွပ်ကဲခြင်း

 

၇။      ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊  ရုံးချုပ်၏   ညွှန်ကြားချက်  နှင့်  အညီအမြဲတမ်း  လိုင်စင်ရရှိထားသော အဖွဲ့အစည်းများ အား ၆ လ တစ်ကြိမ် ၊ယာယီလိုင်စင် ရရှိထား သောအဖွဲ့အစည်းများအား ၃လ တစ်ကြိမ် စစ်ဆေးလျှက်ရှိပါသည်။

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏  လုပ်ငန်း ဆောင်ရွက်မှု    အခြေအနေများကိုသတ်မှတ်ချက်နှင့်အညီကြီးကြပ်မှုကော်မတီသို့ အစီရင်ခံ တင်ပြခြင်း

၈။      ပဲခူးတိုင်းဒေသအတွင်း   အသေးစားငွေရေး  ကြေးရေးလုပ်ငန်း  ဆောင်ရွက်နေသော အဖွဲ့ အစည်းများ၏အောက်ပါလုပ်ငန်းဆောင်ရွက်မှုများအား လစဉ်လဆန်း ၃ ရက်နေ့တွင် ကြီးကြပ်မှု ကော်မတီသို့ တင်ပြအစီရင်ခံပါသည်-

(က)   လုပ်ငန်းဆောင်ရွက်နေသည့် မြို့နယ်၊ရပ်ကွက်၊ကျေးရွာအုပ်စု၊ကျေးရွာ

(ခ)    လက်ရှိချေးငွေရယူထားသည့်အဖွဲ့ဝင်ဦးရေ

(ဂ)    မတည်ငွေ

(ဃ)   ထုတ်ချေးငွေ

(င)    ပြန်ဆပ်ငွေ

(စ)    ပြန်ဆပ်ရန်ကျန်ငွေ

(ဆ)   စုဆောင်းငွေ

(ဇ)     စုဆောင်းငွေလက်ကျန်

(စျ)    ဝင်ငွေ

(ည)   သုံးငွေ

(ဋ)    အမြတ်ငွေ/အရှုံးငွေ