ပဲခူး အောက်တိုဘာ ၂၅ စားရေရိက္ခာဖူလုံရေးနှင့် ငါးသယံဇာတ စဉ်ဆက်မပြတ်ပေါများစေရန် ရည်ရွယ်၍ သဘာဝ ရေပြင်အတွင်းသို့ သဘာဝတိုင်းရင်းငါးများ စိုက်ထည့်ခြင်းအခမ်းအနားအား အောက်တိုဘာလ ၂၄ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ မိုးယွန်းကြီးအင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက မိုးယွန်းကြီး အင်း(ဘေးမဲ့တော) သဘာဝရေပြင်အတွင်းသို့ ဒေသ ငါးမျိုးများဖြစ်သော ငါးမြစ်ချင်းကောင်ရေ(၄၅၀၀၀)၊ ငါးခုံးမကြီးကောင်ရေ(၂၀၀၀၀)၊ ငါးဖမ်းမ ကောင်ရေ (၅၀၀၀၀)၊ ငါးခူကောင်ရေ(၁၀၀၀၀)၊ ငါးရံ့ကောင် ရေ(၁၀၀၀၀)၊ ငါးပြေမကောင်ရေ(၁၀၀၀၀) ငါးကျဉ်းကောင်ရေ(၅၀၀၀) စုစုပေါင်း သဘာဝငါးကောင်ရေ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website