Home / 2024 / April / 21

Daily Archives: April 21, 2024

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ရှေးဟောင်းဆင်ကျုံး၊ အနောက် နန်းတော်ကုန်းနေရာများ ထိန်းသိမ်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဧပြီ ၂၁           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ် အတွင်း စိုက်ပျိုးရေးနှင့် ရှေးဟောင်းဆင်ကျုံး၊ အနောက် နန်းတော်ကုန်းနေရာများ ထိန်းသိမ်းဆောင်ရွက် နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ဘုရားလေးကျေးရွာအုပ်စု၊ ဥက္ကံကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မိရိုးဖလာစိုက်ပျိုးနည်းစနစ်မှ စက်မှုလယ်ယာ သို့ အချိန်တိုအတွင်း ကူးပြောင်းနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိစေရေး လက်စွဲကောက်စိုက် စက်ဖြင့် စိုက်ပျိုးသွားရန်၊ တောင်သူဝင်ငွေတိုးပြီး သီးထပ်စွမ်းအား တိုးတက်စေရေးနှင့် နွေစပါး(၂)သီး စိုက်ပျိုးနိုင်ရေး ကြိုတင်ပျိုးထောင်သည့် စနစ်အားအသုံးပြုသွားရန်၊ ရေမြေသဘာဝအလိုက် အထွက်နှုန်း ကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးသွားရန်တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဥက္ကံကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ကွင်းတစ်ဆက်တည်း မြေဧရိယာ …

Read More »