Home / 2024 / April / 05

Daily Archives: April 5, 2024

ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတက်မြာက်ရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဧပြီ ၅           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံ စာတက်မြာက်ရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားအား ဧပြီလ(၅)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံ စာတက်မြာက်ရေး လုပ်ငန်းဖွင့်ပွဲ အခမ်းအနားအား အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ကျေးလက်ဒေသနေပြည်သူများနှင့် နယ်စပ်ဒေသများရှိ ပြည်သူများအားလုံး စာတတ်မြောက်စေရေးနှင့် လူမှုဘဝမြင့်မားရေးအတွက် ရည်ရွယ်ပြီး တိုင်းဒေသကြီးအတွင်း အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအား ရည်ရွယ်ချက်(၇)ရပ်ဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေခံစာတတ်မြောက်ရေး တက်ရောက်သင်ကြားမည့်သူ(၉၅၆၃)ဦး ရှိပြီး စာသင်ဝိုင်း(၆၉၆)ဝိုင်း၊ နည်းပြဆရာ(၇၁၁)ဦးနှင့် ကြီးကြပ် ဆရာ(၇၄)တို့ဖြင့် အခြေခံ အရေး၊ အဖတ်၊ …

Read More »