Home / 2024 / April / 19

Daily Archives: April 19, 2024

ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၆)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၉ =============           ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၆)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ(၁၈)ရက်နေ့ ညနေပိုင်းက ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကြွရောက်တော်မူလာကြသည့် ဩဝါဒါစရိယဆဆရာတော်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဂေါပကအဖွဲ့ဝင်တစ်ဦးမှ သမ္မာဒေဝနတ်များအား ပင့်ဖိတ်ကာ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ပဲခူးမြို့မဆရာတော် အဘိဓဇ မဟာရဌဂုရု ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် တော်မူကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော် မြတ်ကြီး၏ (၂၆၀၆)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ လျောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် ပွဲတော်ဖွင့်ပွဲအခမ်းအနားကို …

Read More »