Home / 2024 / April / 10

Daily Archives: April 10, 2024

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး ဧပြီ ၁၀ ===============           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားအား ဧပြီလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ “စာပေဒသာ ဝေဆာစေမည်” Video Clip အား ပြသ၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စာပေဆိုသည်မှာ မည်မျှပင် ကာလကြာရှည်က ထုတ်ဝေခဲ့သည်ဖြစ်စေ မဖတ်ရ၊ မလေ့လာရသေးပါက အသစ်ပင်ပင်ဖြစ်ပြီး ယနေ့ခေတ်လူငယ်များ မသိနိုင်သေးသည့် အကြောင်းအရာများစွာ ပါဝင်လျက်ရှိကာ စာအုပ်၏ တန်ဖိုးကို ဖော်ပြ၍ရသော်လည်း စာဖတ်သူတို့ ရရှိမည့် အသိက တန်ဖိုးဖြတ်၍ မရကြောင်း၊ နိုင်ငံတော်အစိုးရမှ ပညာရေးကဏ္ဍ တိုးတက်မြင့်မား …

Read More »

ပဲခူးမြို့၌ စတုတ္ထအကြိမ်မြောက် သောတပန်ဆီအလှူတော် မင်္ဂလာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည်ညို

ပဲခူး ဧပြီ ၁၀ ================           ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဧပြီလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက စတုတ္ထအကြိမ်မြောက် သောတပန်ဆီအလှူတော် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည်ညိုခဲ့သည်။           ရှေးဦးစွာ စတုတ္ထအကြိမ်မြောက် သောတပန်ဆီအလှူတော် မင်္ဂလာအခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက နိုင်ငံတော်သံဃနာယက အဖွဲ့ဝင် ဥသာသီရိစာသင်တိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တသူရိယ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။           ထို့နောက် ကြွရောက်လာသည့် ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော် နာယူခဲ့ကြသည်။ ၎င်းနောက် ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက သာသနာ့မဏ္ဍိုင် ပါဋ္ဌိတက္ကသိုလ်ကျောင်းတိုက်  ပဓနနာယကဆရာတော်ထံမှ ဩဝါဒကထာ နာယူခဲ့ကြသည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် …

Read More »