Home / 2024 / April / 04

Daily Archives: April 4, 2024

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိ သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး ဧပြီ ၄ =============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၄)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်များသို့ သွားရောက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သနပ်ပင်မြို့၊ ဦးအောင်ရွှေ၏ ထာဝရမေတ္တာ ဆန်စက်၊ မြေပဲကြိတ်ခွဲစက်၊ စပါးအခြောက်ခံစက်နှင့် ဆီစက်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် မြေပဲစိုက်တောင်သူများထံမှ ဒေသပေါက်ဈေးနှုန်းအတိုင်း ပြန်လည်ဝယ်ယူနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထွက်နှုန်းကောင်း ဗီယက်နမ် မြေပဲမျိုးများ ဖြန့်ဝေပေးခဲ့နိုင်မှုကြောင့် မြေပဲစိုက်တောင်သူများအနေဖြင့် တစ်ဧကလျှင် တင်း(၁၀၀)အထက် ထွက်ရှိခဲ့ကြောင်း သိရှိရသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ ကမာစဲကျေးရွာရှိ ဦးကျော်စိုး၏ ခေတ်မီနည်းစနစ်ဖြင့် မွေးမြူထားရှိသည့် …

Read More »