Home / 2024 / April / 14

Daily Archives: April 14, 2024

အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မိသားစုသင်္ကြန်မဏ္ဍပ်သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ သွားရောက်ဂုဏ်ပြုအားပေး

ပဲခူး ဧပြီ ၁၄ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တို့သည် ဧပြီလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မိသားစုသင်္ကြန်မဏ္ဍပ်သို့ သွားရောက်ဂုဏ်ပြုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများအား အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ တပ်မမှူးနှင့် ဇနီးတို့က အတာရေပတ်ဖျန်း၍ ကြိုဆိုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က တပ်ခွဲများအလိုက် တပ်မိသားစုများက ယိမ်းအကများ၊ တေးသရုပ်ဖော်များ၊ နိုင်ငံကျော် အဆိုတော်များ၏ ဖျော်ဖြေတက်ဆက်မှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။           ထို့နောက် ဖြေဖျော်တင်ဆက်ခဲ့ကြသည့် တပ်မတော်မိသားစုဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတို့က ဂုဏ်ပြုဆုငွေများ …

Read More »