Daily Archives: September 13, 2022

ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၂ ==========        ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကျင်းပပြုလုပ်သည်။  ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလူငယ် ရေးရာကော်မတီ ဥက္ကဌ ဦးမျိုးဆွေဝင်းက လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ကြီးမားသော လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားသည့် အင်းအားစုတစ်ရပ် ဖြစ်ကာ အနာဂတ် ခေါင်းဆောင်များဖြစ်ကြောင်း၊ လူငယ်များကို မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေပြီး နိုင်ငံတော်ကိုအကျိုးပြုမည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာ စေရေးအတွက် လူငယ်ရေးရာ မူဝါဒအား အကောင်အထည်ဖော်ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ကိုလည်း အဖွဲ့ဝင်(၁၃)ဦးဖြင့်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာအဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီး အတွင်း လူငယ်ရေးရာအခန်းကဏ္ဍများနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် လူငယ်ရေးရာကော်မတီဝင်များ ဖွဲ့စည်းနိုင်ရေးနှင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဆောင်ရွက်သွားကြရန် …

Read More »