Daily Archives: September 3, 2022

တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပဲခူး စက်တင်ဘာ ၃ ====================           ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ စက်တင်ဘာလ(၂) ရက်နေ့၊ နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးပေါ်တွင် မူတည်နေကြောင်း၊ စာသင်ခန်းထဲတွင် တိုင်းပြည်၏ အနာဂတ်၊ မိဘများ၏ ရည်မှန်းချက်၊ ကျောင်းသား များ၏ မျှော်လင့်ချက်များရှိနေသည်ကို သတိပြုရမှာဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် စာစစ်အတွေ့ အကြုံရှိတဲ့ ပဲခူးတက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူးများက ဘာသာရပ်အလိုက် မေးခွန်းပုံစံများ၊ အမှတ်ပေး စည်းမျဉ်းများနှင့် ပါဝင်ရမည့်အချက်အလက်များကို တိကျစွာရှင်းလင်းသွားမှာဖြစ်ကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲ …

Read More »

(၂၃)ကြိမ်မြောက် ပဲခူးတို်ငးဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပဲခူး စက်တင်ဘာ ၂ ===================           ပဲခူမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက (၂၃)ကြိမ်မြောက် ပဲခူးတို်ငး ဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ တိုင်းရင်းသားများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိစေရေးတို့ကို ဦးတည်ရည်မှန်းကာ မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ပြန်လည်ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင် နိုင်သော ပဲခူးတိုင်းဒေသကြီးဂုဏ်ကို ဖော်ဆောင်နိုင်မည့် မျိုးဆက်သစ်ပြိုင်ပွဲဝင်များ ပေါ်ထွက်လာ စေရန်ဖြစ်ကြောင်း၊ ယခုကျင်းပသည့်ပွဲတော်သည် မြန်မာ့ယဉ်ကျေးမှုကို ဖော်ပြသည့်ပွဲတော်တစ်ခုဖြစ်ပြီး မျိုးဆက်သစ်များအနေဖြင့် တန်းဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်းနှင့် …

Read More »