Daily Archives: September 19, 2022

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တောင်ငူခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

တောင်ငူ စက်တင်ဘာ ၁၉ =================          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။            ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ သပြေကုန်းကျေးရွာ၊ ဆိုလာစနစ်ဖြင့် ကျေးရွာရေရရှိရေးလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုနှင့် သပြေတန်း-ထန်းကုန်း- ဇလုပ်ကြီး ကျေးရွာချင်းဆက်လမ်း အရှည် (၁.၅)မိုင် ကွန်ကရစ်ခင်းနေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံ ပြည်သူများနှင့်တွေ့ဆုံကာ မှတ်ကြီးခုံ-ဇလုပ်ကြီးကုန်ထုတ်လမ်း ဆောင်ရွက်ပေး ရန်၊ ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် ကျေးရွာတွင်းလမ်းများ ဆောင်ရွက်ပေးရန်၊ အမြန်လမ်းဘေးရှိ လှေထိုးချောင်ကျေးရွာသွားလမ်း ကျောက်ရောမြေလမ်း(၁)မိုင် (၄)ဖာလုံ ခင်းပေးနိုင်ရေးဆောင်ရွက်ရန်၊ Mobile Solar စနစ်ဖြင့်စိုက်ပျိုးရေ ရရှိရေး ဆောင်ရွက် ပေးရန်နှင့် ဒေသကြက်မွေးမြူနိုင်ရေး အသိပညာပေး ဆောင်ရွက်ခဲ့သည်။ ၎င်းနောက် ရေတာရှည်မြို့နယ်၊အလက-ထန်းကုန်း စာသင်ကျောင်းသို့ သွားရောက်ခဲ့ပြီး …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

သနပ်ပင် စက်တင်ဘာ ၁၈ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အတူ စက်တင်ဘာလ (၁၈)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင် မြို့တွင်းတံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးက တံတားတည်ဆောက်ရေးဆိုင်ရာ အချက် အလက်များအား တင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၎င်းတံတား သည် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင်လမ်းပေါ်ရှိ ကုန်စည်စီးဆင်းမှုအတွက် အဓိကအရေးပါသည့် တံတား တစ်ခုဖြစ်၍ စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။            အဆိုပါတံတားသည် အရှည်(၂၄၀)ပေ၊ အကျယ်(၄၀)ပေရှိ စစ်တောင်းတူးမြောင်းအား ဖြတ်သန်းတည်ဆောက်နေသည့် သံကူကွန်ကရစ် တံတား(၁)စင်းဖြစ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခွင့်ပြုရန်ပုံငွေဖြင့် …

Read More »