Daily Archives: September 15, 2022

၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၅ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၁၅) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စည်ပင် သာယာရေးလုပ်ငန်းများသည် အခွန်အကောက်ရငွေများပေါ် မူတည်၍ မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရသင့်ရထိုက်သည့် အခွန်ငွေများ အပြေအကြေကောက်ခံရရှိစေရေး၊ အခွန်ငွေများနှင့်ပတ်သက်၍ အလွဲသုံးစားမှုမရှိစေရေးနှင့် အခွန်နှုန်းထားများအား ခေတ်ကာလနှင့် ကိုက်ညီသည့် အခွန်နှုန်းထားများ ဖြစ်ရန်လိုအပ်ကြောင်း၊ အဓိကအားဖြင့် အခွန်ငွေများ တိုးတက်ရရှိရေးအတွက် အခွန်ပုံး၊ အခွန်ရှောင်များ ဖော်ထုတ်ကောက်ခံသွားရမည်ဖြစ်ကြောင်း၊ စည်ပင်သာယာရေးအဖွဲ့သည် ပြည်သူ့လူထုနှင့်တိုက်ရိုက် ထိတွေ့ ဝန်ဆောင်မှုပေးရသည့်ဌာနတစ်ခုဖြစ်ပြီး စည်ပင်သာယာရေးအဖွဲ့၏ လုပ်ဆောင်မှုတိုင်းသည် အစိုးရ၏ပုံရိပ်ဖြစ်သည်ကို သတိချပ်ရမှာဖြစ်ကြောင်းနှင့် ယဉ်ယဉ်ကျေးကျေး ပြေပြေပြစ်ပြစ် ဆက်ဆံကြရမှာဖြစ်ကြောင်း၊ ဌာနပိုင်မြေနေရာများနှင့်ပတ်သက်၍ ကျူးကျော်မှုမရှိစေရေးနှင့် …

Read More »