Daily Archives: September 28, 2022

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်၊ ကျေးလက်ဒေသ လူမှုစီးပွားဘဝများ မြှင့်တင် ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး စက်တင်ဘာ ၂၈ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်၊ ကျေးလက်ဒေသ လူမှုစီးပွားဘဝများ မြှင့်တင်ပေး နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သနပ်ပင်မြို့၊ ဈေးပိုင်းရပ်ကွက်၊ မြို့လယ်လမ်းလွှဲ သစ်သားတံတား ရေတိုက်စား မှုကြောင့် ပြိုကျပျက်စီးခဲ့မှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ပြီး ဒေသခံ ပြည်သူများအတွက် အရေးပါသည့် စစ်တောင်းတူးမြောင်းဖြတ်သန်းသည့် တံတားဖြစ်၍ အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရေးနှင့် ဗေဒါပင်များ၊ ဒိုက်ပင်များအား ရှင်းလင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဈေးပိုင်းရပ်ကွက်၊ ဇဗ္ဗူရစ်လမ်းဘေး အရှည်(၇၇၀)ပေ၊ အကျယ်(၃)ပေ၊ အနက်(၄)ပေ အုတ်ရေမြောင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေစီးရေလာ ကောင်းမွန်စေရေး မြေပြင်အနိမ့်အမြင့် သေချာတွက်ချက်၍ စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးစီးရေး …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပြည် စက်တင်ဘာ ၂၇ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အတူ စက်တင်ဘာလ (၂၇)ရက်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း များ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။         ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့၊ ပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်သော လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း (၈/၂၀၂၂) ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး သင်တန်းတက်ရောက်နေသည့် ဆရာ/ ဆရာမများ အတွက် စားစရိတ် ကျပ်သိန်း(၁၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ကာ သင်တန်းသား ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။            ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့၊ သဘာဝဓာတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံသို့ သွားရောက်ခဲ့ပြီး (၉.၈)မဂ္ဂါဝပ် …

Read More »