Daily Archives: September 7, 2022

ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပဲခူးမြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး စက်တင်ဘာ ၇ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ(၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး စက်ရုံ/အလုပ်ရုံများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ကလိ(တပ်ကလေး)ကျေးရွာအနီး၊ မြန်မာမုဒိတာဖောင်ဒေးရှင်း စက်မှုနယ်မြေ အတွင်း SUDEY အထည်ချုပ်စက်ရုံ၊ ပဲခူးမြို့၊ အနောက်ဘက် မြို့ရှောင်လမ်း ဘေးရှိ SPC Adidas ဖိနပ်စက်ရုံနှင့် Pungkook Myanmar အိတ်အမျိုးမျိုး ထုတ်လုပ်သည့် စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ထို့နောက် သက်ဆိုင်ရာစက်ရုံတာဝန်ရှိသူများက ကုမ္ပဏီ၏ သမိုင်းကြောင်း၊ လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှု၊ ဒေသခံဝန်ထမ်း ခန့်ထားနိုင်မှုနှင့် စက်ရုံ၏ အနာဂတ် ရည်မှန်းချက်များအား Power Point …

Read More »

ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများ ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး စက်တင်ဘာ ၆ =======================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေနိုင်ပြီး တရားမျှတမှုရှိသည့် စွမ်းရည်ပြ ယှဉ်ပြိုင်မှုပင်ဖြစ်ပါကြောင်း၊ နိုင်ငံတကာပြိုင်ပွဲများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြိုင်ပွဲများတွင် အနိုင်မခံ၊ အရှုံးမပေးစိတ်ဖြင့် ရိုးသားကြိုးစားစွာ ပြိုင်ပွဲဝင်ခဲ့ကြပြီး ထိုက်တန်သော ဆုတံဆိပ်များ ဆွတ်ခူးရယူပေးနိုင်ခဲ့ကာ နိုင်ငံတကာအလယ်မှာ နိုင်ငံတော်အလံကိုလွှင့်တင်ပြီး နိုင်ငံတော် သီချင်းကိုလွင့်ပျံအောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများအတွက် မိမိတို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ၊ အုပ်ချုပ်သူ၊ နည်းပြများအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ နိုင်ငံဂုဏ်နှင့် ပဲခူးတိုင်းဒေသကြီး၏ဂုဏ်ကို မြှင့်တင်ပေးခဲ့သည့် …

Read More »