Daily Archives: September 26, 2022

ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) တက္ကသိုလ်ဝင် စာမေးပွဲ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၆ ====================           စာသင်ခန်းထဲတွင် တိုင်းပြည်၏ အနာဂတ်၊ မိဘများ၏ ရည်မှန်းချက်၊ ကျောင်းသားများ၏ မျှော်လင့်ချက် များရှိနေသည်ကို သတိပြုရမှာဖြစ်ကြောင်း ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သိရီရတနာခန်းမ၌ ယနေ့ ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ယင်းသို့ ပြောကြားသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေး ပေါ်တွင် မူတည်နေကြောင်း၊ စာသင်ခန်းထဲတွင် တိုင်းပြည်၏ အနာဂတ်၊ မိဘများ၏ ရည်မှန်းချက်၊ ကျောင်းသား များ၏ မျှော်လင့်ချက်များရှိနေသည်ကို သတိပြုရမှာဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် စာစစ်အတွေ့ အကြုံရှိတဲ့ ပဲခူးတက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူးများက ဘာသာရပ်အလိုက် မေးခွန်းပုံစံများ၊ အမှတ်ပေး …

Read More »

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်မြို့ဆန်အလှူရှင်အသင်းနှင့် ဒေသခံအလှူရှင်များစုပေါင်း၍ ပြည်မြို့၌ (၄၁)ကြိမ်မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပပြုလုပ်

ပြည် စက်တင်ဘာ ၂၄ ===============      ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ(၂၄) ရက်နေ့ မွန်းလွဲပိုင်းက ပြည်မြို့၊ မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သော တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်မြို့ဆန်အလှူရှင်အသင်းနှင့် ဒေသခံအလှူရှင်များစုပေါင်း၍ ပြည်မြို့၌ (၄၁)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက် လောင်းလှူခဲ့သည်။           ရှေးဦးစွာ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန့်၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ မဟာသုဒဿနာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာမဏပဏ္ဍိဘဒ္ဒန္တသေဋ္ဌိလထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က (၉)ပါး သီလခံယူဆောက်တည်ခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် …

Read More »