Daily Archives: September 29, 2022

မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်

ပဲခူး စက်တင်ဘာ ၂၉ ==================         မိဘပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆)(အထစ)နှင့် ပတ်သက်၍ အခက်အခဲများအား သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင် သွားရောက်ဖြေရှင်း ဆောင်ရွက်နိုင်ပါ ကြောင်း အသိပေးအပ်ပါသည်-   အချက်အလက်အပြည့်အစုံ ကြည့်ရှုရန်————————-

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၂၈)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ၂၈ ===========          ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ စက်တင်ဘာလ (၂၈)ရက်နေ့ မွန်းလွဲပိုင်းက ၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၂၈)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှု့အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များမှ ကြည့်ရှု့အားပေးခဲ့ကြသည်။       ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသမီး၊ အမျိုးသားမီတာ(၁၀၀) အပြေးပြိုင်ပွဲ၊ မီတာ(၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ အစိုးရအဖွဲ့ တာဝန်ရှိသူများမှ ဆုတံဆိပ်များနှင့် ငွေသားဆု များအား ပေးအပ်ချီးမြှင့်ကြသည်။        ယင်းနောက် …

Read More »