Home / 2023 (page 2)

Yearly Archives: 2023

မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း ကြိမ်ထည် လက်မှုသင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့

ပဲခူး ဒီဇင်ဘာ ၅ =================           ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း ကြိမ်ထည်လက်မှု သင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး မြန်ဆန်စွာ အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးမှုရရှိနိုင်ရေး စီမံကိန်းများရေးဆွဲခြင်း၊ ဘဏ္ဍာရေး အရင်းအနှီးများ ထောက်ပံ့ပေးခြင်း၊ အခြေခံအဆောက်အုံများ ဆောက်လုပ်ပေးခြင်း၊လူ့စွမ်းအားအရင်းအမြစ် များ တိုးတက်အောင်ဆောင်ရွက်ပေးခြင်း၊ တီထွင်ဆန်းသစ်များမှု အားပေးမြှင့်တင်ခြင်းနှင့် အသက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်းတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုစီးပွား နယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် ဒေသန္တရ …

Read More »

ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ပြောင်းဆံများဖမ်းဆီးရမိခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဂုဏ်ပြုချီးမြှင့်

ပဲခူး ဒီဇင်ဘာ ၅ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ပြောင်းဆံများဖမ်းဆီး ရမိခဲ့မှုပေါ် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ပုံမှန်ကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး (၂)မျိုးဖြင့် ဆေင်ရွက်လျက်ရှိကြောင်း၊ ပဲခူး မြို့နှင့် ဘုရားကြီးမြို့တို့သည် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်နေသာ လမ်းကြောင်းများဖြစ်သည့် မြဝတီ-ဘားအံ- ရန်ကုန်လမ်းကြောင်း၊ မူဆယ်-လားရှိုး-မန္တလေး-ရန်ကုန်လမ်းကြောင်းတို့ဖြင့် ကုန်သွယ်မှုပြုရာတွင် အဓိကကျသည့် လမ်းဆုံမြို့ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများရရှိစေရန်၊ ဥပဒေဘောင်အတွင်းမှ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် ဈေးကွက်ယှဉ်ပြိုင်မှု မျှတမှုရှိစေရန် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များဖွဲ့စည်းပြီး တရားမဝင် တင်သွင်း/တင်ပို့မှုများ ကို ရှာဖွေဖော်ထုတ်စစ်ဆေးအရေးယူရန် တာဝန်ပေးအပ်ခဲ့ကြောင်း၊ တာဝန်ပေးအပ်ခြင်းခံရသည့် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့အနေဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင်တင်ပို့ရန် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

သာယာဝတီ ဒီဇင်ဘာ ၄ ================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ရှိ ဦးကျော်သီဟ၏ ပဲမုန့်လုပ်ငန်းအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများဖြင့် ထုတ်လုပ်နေခြင်းဖြစ်၍ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန်၊ ထုပ်ပိုးမှုစနစ်များ အဆင့် မြှင့်တင်ရန်၊ FDA ထောက်ခံချက်ရရှိရေး ဆောင်ရွက်ရန်နှင့် ဈေးကွက်များ ပိုမိုတိုးချဲ့နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ သင်တောရိုး ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၂၅၀)၌ တောင်သူ(၆)ဦး၏ မြေဧရိယာ(၄၅)ဧကအား အစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေကျပ်(၂၀.၂)သန်းဖြင့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး …

Read More »

ပဲခူးမြို့၌ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်း အမှတ် အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁ =============            ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၁)ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုနှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “ AIDS ကင်းဝေးရေး ပြည်သူလူထု ဦးဆောင်ပေး”ဆိုသည့်အတိုင်း HIV ပိုးရှိ ရှင်သန်သူများနှင့် ဦးတည်အုပ်စုဝင်များ၏ အရည်အသွေး ပိုမိုပြည့်ဝလာပြီး ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ပါက AIDS ရောဂါကို ပြည်သူ့ကျန်းမာရေး အန္တရာယ်အဖြစ်မှ အဆုံးသတ်နိုင်မှာဖြစ်ကြောင်း၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများအတွက် ပြုစုကုသရေးလုပ်ငန်း၏ အဓိကဖြစ်သော အေအာတီဆေးပေး‌ဝေမှုကို …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား/သူများအား အောင်နိုင်ရေးအလံပေးအပ်

ပဲခူး ဒီဇင်ဘာ ၁ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသား/သူ များအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသား/သူ များ၊ နည်းပြ/အုပ်ချုပ်သူများက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူမှုရေးဦးတည်ချက်မှာပါရှိသည့် “တစ်မျိုး သားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး”ဟူသော ဦးတည်ချက်နှင့်အညီ ကျန်းမာကြံ့ခိုင်ပြီး အမျိုးသားပညာရေးမြင့်မားစေရေးအတွက် ကျောင်းသားအားကစားပွဲတော်များ ကျင်းပပေးရခြင်းဖြစ် ကြောင်း၊ ပြိုင်ပွဲဝင် မောင်/မယ်များအနေဖြင့် စိတ်ဓါတ်ကြံ့ခိုင်၍ စွမ်းရည်ပြည့်ဝစွာဖြင့် စည်းကမ်းကောင်းမွန် သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း၊ …

Read More »

အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး)အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့

ပဲခူး နိုဝင်ဘာ ၃၀ ==================           ပဲခူးမြို့၌ နိုဝင်ဘာလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) ဖွင့်လှစ်ပွဲ အခမ်း အနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးနှင့်အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) ကျောင်းအုပ်ကြီး တို့ကအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) နဖူးစည်းဆိုင်းဘုတ်အား Touching magic Ball ဖြင့် ဖွင့်လှစ်ပေးခဲ့သည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက စက်မှုအင်ဂျင်နီယာ အလုပ်ရုံနှင့် မြို့ပြအင်ဂျင်နီယာအလုပ်ရုံများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။ ၎င်းနောက် ကမ္ဗည်းမော်ကွန်းကြေးပြားအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြပြီး လျှပ်စစ်ဆိုင်ရာလက်တွေ့ခန်းများ၊ ရူပဗေဒဆိုင်ရာလက်တွေ့ခန်းများ၊ ဓါတုဗေဒဆိုင်ရာလက်တွေ့ခန်းများနှင့် ကွန်ပျူတာခန်းများအား လှည့်လည် ကြည်ရှုခဲ့ကြသည်။           …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေး

ပဲခူး နိုဝင်ဘာ ၂၉ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်လေး ကျေးရွာ၊ ကျိုက်ပဒိုင်ရေကြီးရေကွင်းအတွင်း လယ်မြေဧရိယာ(၆၆၀၀)ဧက၌ လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကာ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူလယ်သမားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု၊ မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာအသုံးချနိုင်ရေးနှင့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်များ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများအား ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက် အသိပညာပေးခြင်းများ ပြောကြားခဲ့ကြရာ ဒေသခံ ပြည်သူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။           ထို့နောက် …

Read More »

ပဲခူးမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး နိုဝင်ဘာ ၂၉ ================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းအချိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။       ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုဝင်ဘာလ(၂၅)ရက်နေ့ကို အပြည်ပြည် ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပပျောက်ရေးနေ့အဖြစ် သတ်မှတ်ထားရှိပြီး နိုဝင်ဘာလ (၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် သတ်မှတ်ထားရှိခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး တွင် တိုင်းဒေသကြီးအဆင့် အခမ်းအနားကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အကြိုလှုပ်ရှားမှုအဖြစ် လူစည်ကားရာနေရာများတွင် အသိပညာပေးဆိုင်းဘုတ်များစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေ ခြင်းများကို ဖွဲ့စည်းထားသည့် အမျိုးသမီးကော်မတီများက ပူးပေါင်းဆောင်ရွက်ခဲ့သလို အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကဏ္ဍများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ကျား၊မအခြေပြု အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် (၂၄)နာရီ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ စတုဒီသာကျွေးမွေး ခြင်းနှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ အထူးစည်ကားလျက်ရှိ

ပဲခူး နိုဝင်ဘာ ၂၇ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ စတုဒီသာ ကျွေးမွေးခြင်းနှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲအား နိုဝင်ဘာလ(၂၇)ရက်နေ့တွင် (ဒုတိယနေ့အဖြစ်) ပဲခူးမြို့၊ ရွှေမော်ဓော်ဘုရားယာဉ်ရပ်နားဝန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများတို့သည် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးအတွင်းရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် မြို့မိ/မြို့ဖများပူးပေါင်း၍ လူဦးရေ(၁)သောင်းအား ဘဲဥကြော်ချက်၊ ဘာလချောင်ကြော်၊ သီးစုံ ပဲကုလားဟင်းတို့ဖြင့် ဘုရားဖူးလာပြည်သူများအား စတုဒီသာကျွေးမွေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး စတုဒီသာလာရောက်သုံးဆောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ သည်။ ဆက်လက်၍ ညပိုင်းအချိန်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက် တို့သည် တန်ဆောင်တိုင်ပွဲတော်တွင် တိုင်းဒေသကြီးအတွင်းမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် မြို့နယ်အလိုက် ထွက်ရှိသော စားသုံးကုန်၊ လူသုံးကုန်နှင့် …

Read More »

ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပွဲနှင့် တန်ဆောင်တိုင်မီးပုံပျံလွှတ်တင်ပူဇော်ပွဲ စတင်ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၆ ============= ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးပုံပျံလွှတ်တင်ပူဇော်ပွဲအခမ်းအနားအား နိုဝင်ဘာလ(၂၆) ရက်နေ့ ညပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ  တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် အလှည့်ကျဂေါပကအဖွဲ့ဝင်တို့က (၄၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပူဇော်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်ယက္ကန်းအဖွဲ့များ စတင်ရက်လုပ်နိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မင်္ဂလာမောင်း(၃)ချက်တီးပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ယှဉ်ပြိုင်ရက်လုပ်နေသည့် ဂေါတမီစင်တော်၊ ယသော်ဓရာစင်တော်၊ ဝိသာခါစင်တော်၊ ရှင်စောပုစင်တော်၊ ရာဇဓာတုကလျာစင်တော်နှင့် သုဇာတ စင်တော် ယက္ကန်းအဖွဲ့များမှ မသိုးသင်္ကန်း …

Read More »