Home / 2023 (page 5)

Yearly Archives: 2023

လယ်ယာထွက်ကုန်သီးနှံကုန်စည်ဒိုင် ဖွင့်ပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး အောက်တိုဘာ ၃၁ ===================           ပဲခူးမြို့၊ မြို့မဈေး၊ သီရိဥဿာဈေးရုံကြီး အပေါ်ထပ်၌ လယ်ယာထွက်ကုန်သီးနှံကုန်စည်ဒိုင် ဖွင့်ပွဲ အခမ်းအနားအား အောက်တိုဘာလ(၃၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က လယ်ယာ ထွက်ကုန်သီးနှံကုန်စည်ဒိုင်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက လယ်ယာထွက်ကုန်သီးနှံကုန်စည်ဒိုင်ရုံးခန်း၌ ပြသထားသည့် လယ်ယာထွက်ကုန် သီးနှံများနှင့် သီးနှံများအလိုက် ကုန်စည်ဈေးနှုန်းများ ထုတ်ပြန်ပေးနေမှု အခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးရေးဦးစီးဌာနမှ နေ့စဉ်ထုတ်ပြန်လျက်ရှိသည့် Market Information System (M.I.S) …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)ဆက်ကပ်လှူဒါန်းပူဇော်

ပဲခူး အောက်တိုဘာ ၂၉ =============           ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား အောက်တိုဘာလ(၂၉)ရက်နေ့၊ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဆီမီး (၁၀၀၀၀) ဆက်ကပ်လှူဒါန်းပူဇော်ပွဲအား ပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၊ မြောက်ဘက်မုခ်အာရုံခံတန်ဆောင်း၌ မြတ်စွာဘုရားအား ရည်စူး၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကန့်တော့ခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ ဒုတပ်မှူးနှင့် ဇနီးတို့က ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဗုဒ္ဓဂုဏ်တော် များကို ရည်မှန်း၍ နမောတဿသုံးကြိမ်ရွတ်ဆို ကန်တော့ခဲ့ကြသည်။ ၎င်းနောက် …

Read More »

ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ လောင်းလှူပူဇော်ကြည်ညို

ပဲခူး အောက်တိုဘာ ၂၉ ================ ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှကြီးမှူး၍ သီတင်းကျွတ်လပြည့်နေ့၊ အောက်တိုဘာလ (၂၉)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရား တောင်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်၊ ကြခတ်ဝိုင်းကျောင်းတိုက်သိမ်တော်၊ မဟာကလျာဏီသိမ်တော်နှင့် ကမ္မဌာန်းကျောင်းတိုက်သိမ်တော်စသည့်နေရာများတွင် သံဃဂိုဏ်းအလိုက် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ နဝကမ္မအလှူငွေများ လောင်းလှူပူဇော် ကြည်ညိုခဲ့ကြသည်။ သံဃမဟာပဝါရဏာပွဲတော်အား ရွှေမော်ဓောဘုရားတောင်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်ကြီး၌ ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော်ဦးဆောင်၍ သုဓမ္မာဂိုဏ်းဝင်ကျောင်းပေါင်း(၃၆၁)ကျောင်းမှ သံဃာတော် (၂၈၉၇)ပါးတို့မှ (၁၀၃၂)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ ကြခတ်ဝိုင်း ကျောင်းတိုက် သိမ်တော်ကြီးတွင် ကြခတ်ဝိုင်းကျောင်းတိုက် ဆရာတော်ကြီးမှဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း(၁၃၈)သံဃာတော်အပါး(၂၅၀)ပါးမှ (၁၆၀)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ မဟာကလျာဏီ သိမ်တော်ကြီးတွင် သာသနာ့မဏ္ဍိုင်ကျောင်းတိုက် ဆရာတော်ကြီးမှ ဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း(၃၈)ကျောင်းမှ သံဃာတော်(၄၆၇)ပါးတို့မှ (၁၄၂)ကြိမ်မြောက် ပဝါရဏာ ပြုပွဲကိုလည်းကောင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ ပထမဆုံးအကြိမ် သီတင်းကျွတ်မီးထွန်းပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၈ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အောက်တိုဘာလ(၂၈)ရက်နေ့၊ ညနေပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၌ ပထမဆုံးအကြိမ် သီတင်းကျွတ်မီးထွန်းပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။           ရှေးဦးစွာ သတင်းကျွတ်မီးထွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ သီတင်းကျွတ်မီးထွန်းပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စျေးရောင်းပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ဦးနှင့် မြို့မိ/မြို့ဖ(၂)ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနဗင့် ၎င်းတို့၏ ဇနီးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူးနှင့် ဇနီးတို့က သီတင်းကျွတ် မီးထွန်းပွဲတော် ကျင်းပရာ ရွှေမော်ဓောဘုရားလမ်းတစ်လျှောက်ရှိ ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများမှ ကျွေးမွေးလှူဒါန်း နေသည့် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည် အောက်တိုဘာ ၂၆ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ကမ်းနားလမ်း အဆင့်မြှင့်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဧရိယာအတွင်း ကျူးကျော်နေထိုင်မှုမရှိစေရေး၊ ကမ်းနားလမ်း တစ်လျောက် သန့်ရှင်းသာယာ လှပစေရေးနှင့် မြေထိန်းနံရံကြံ့ခိုင်မှုများ စဉ်ဆက်မပြတ် စစ်ဆေးဆောင် ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် နတ်တလင်းမြို့၊ မြို့မစျေးကြီးအတွင်း စျေးရုံအသစ် ဆောက်လုပ်နေမှုနှင့် စျေးရုံအဟောင်းများ ပြန်လည်အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လေဝင်လေထွက်ကောင်းမွန်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ အောက်ခံမြေသား အမာခံရရှိရေး ဆောင်ရွက်ရန်၊  စျေးရုံအဟောင်းရှိ အမိုးများ အသစ်လဲလှယ်ရန်နှင့် ဆေးသုတ်ခြင်းလုပ်ငန်း တစ်ပါတည်း ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ မင်းလှမြို့နယ်၊ စာနီစုကျေးရွာ၊ …

Read More »

သတ္တမအကြိမ်မြောက် “သူနာပြု-သားဖွား” ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားသို့ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပြည် အောက်တိုဘာ ၂၅ ================== ပြည်မြို့၊သီရိခေတ္တရာမြို့တော်ခန်းမ၌ အောက်တိုဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက သတ္တမအကြိမ်မြောက် “သူနာပြု-သားဖွား” ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူနာများကို ကျန်းမာရေးဝန်ဆောင်မှု ပေးရာတွင် အခြားသောကျန်းမာရေးစောင့်ရှောက်မှုပေးသော ဝန်ထမ်းများနည်းတူ သူနာပြုနှင့်သားဖွား ဆရာမများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ပြည်သူများအား အရည်အသွေးပြည့်ဝသော ပြုစုကုသ မှုပေးနိုင်ရေးအတွက် သူနာပြုစောင့်ရှောက်မှုတွင် အရည်အသွေးမြှင့်တင်ရန်၊ သူနာပြုများလိုက်နာရမည့် အခြေခံသူနာပြု ကျင့်ဝတ်များကို ထိန်းသိမ်းမြှင့်တင်ရန်၊ တိုးတက်ပြောင်းလဲလာသော နည်းပညာများနှင့်အညီ လေ့လာသင်ယူနိုင်ရန်လိုအပ်ကြောင်း၊ သူနာပြု-သားဖွားများအနေဖြင့် လူနာများနှင့်ဆက်ဆံသည့်အခါ ကိုယ်ချင်းစာနာမှုကို ရှေ့တန်းတင်ဆောင်ရွက်ခြင်းအားဖြင့် သူနာပြု-သားဖွားများ၏ စေတနာပိုမိုပေါ်လွင်လာ မှာဖြစ်ပြီး ပြည်သူလူထု၏ ယုံကြည်လက်ခံအားကိုးမှု တိုးတက်ရရှိလာနိုင်မှာဖြစ်ကြောင်း၊ အောင်လက်မှတ် အပ်နှင်းခံရသည့် မောင်/မယ်များအနေဖြင့် လုပ်ငန်းခွင်သို့ ဝင်ရောက်သည့်အခါ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် MSMEs ထုတ်ကုန်များ အရောင်းစင်တာ ဖွင့်ပွဲကျင်းပြုလုပ်

ပဲခူး အောက်တိုဘာ ၁၉ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အောက်တိုဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာသီရိဈေးအပေါ်ထပ်၌ MSMEs ထုတ်ကုန်များ အရောင်းစင်တာ ဖွင့်ပွဲကျင်းပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး MSMEs ထုတ်ကုန်များ အရောင်းစင်တာအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသူ များက တိုင်းဒေသကြီး MSMEs ထုတ်ကုန် အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။           အဆိုပါ MSMEs ထုတ်ကုန်များ အရောင်းစင်တာတွင် …

Read More »

ပဲခူးမြို့၌ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပဲခူးမြို့၊ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ သူအား ဂုဏ်ပြုပွဲကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၈ ==================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပဲခူးမြို့ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သူအား ဂုဏ်ပြုပွဲကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သဘာဝဘေးလျော့ချရေး ကမ္ဘာ့မူဘောင်ဖြစ်တဲ့ ဆန်ဒိုင်းမူဘောင်အရ အနာဂတ်ကာလတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်တွေကနေ ကြံ့ကြံ့ခံ နိုင်တဲ့ လူမှုအသိုင်းအဝန်းဖြစ်ရန်နှင့် ဘေးဒဏ်ခံနိုင်ရည်စွမ်း မြင့်မားတဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ကြရန်ဖြစ်ပြီး ၎င်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မညီမျှမှုတွေ မရှိစေဖို့က အလွန်ပင်အဓိကကျတာကြောင့် ယခု ၂၀၂၃ ခုနှစ် အထိမ်းအမှတ်ဆောင်ပုဒ်ကို “ဘေးဒဏ်ကြံ့ကြံ့ခံ နိုင်ဖို့၊ မညီမျှမှုတွေ တိုက်ဖျက်စို့” ဟု သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ …

Read More »

တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရေး ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေး

ပဲခူး အောက်တိုဘာ ၁၇ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာလ(၁၇)ရက်နေ့၊ နံနက် ပိုင်းက ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ခင်းများအား ထိခိုက်ပျက်စီးမှုလျော့နည်းသက်သာစေရေး တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရိတ်သိမ်းခြွေလှေ့စက်များဖြင့် မိုးစပါးရိတ်သိမ်းနေမှုအား သွားရောက် ကြည့်ရှု အားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ရှမ်းရွာကြီးကျေးရွာအုပ်စုသို့ ရောက်ရှိခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရေကြီးနစ်မြှုပ်ခဲ့သည် မိုးစပါးစိုက်ဧကများ ထိခိုက် ပျက်စီးမှုလျော့နည်းစေရေး ရိတ်သိမ်းခြွေလှေ့စက်များဖြင့် မိုးစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုခဲ့ပြီး တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး DY-6 ရေပေးမြောင်းမကြီးမှ ရေသွယ်မြောင်း ဖောက်လုပ်နိုင်ရေး တွက်ချက် တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေး စကား ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ကလိကျေးရွာအုပ်စု၊ ဥဿာစိုက်ပျိုး …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးများအတွက် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြင့် ရိတ်သိမ်းနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

ပဲခူး အောက်တိုဘာ ၁၆ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၁၆) ရက်နေ့၊ နံနက်ပိုင်းက စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံစေရေး အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံပြီး ခေတ်မီနည်းစနစ်များဖြင့် ကုန်ထုတ်လုပ်ငန်းများကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အဓိကကျသည့် သီးနှံတစ်ခုချင်းအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးကို အထူးအလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သက်လျင်အထွက်တိုး မျိုးကောင်းမျိုးသန့်ရရှိရေးကို အဓိကထား ဖြည့်ဆည်း ပေးသွားရမှာဖြစ်ကြောင်း၊ ပဲခူးခရိုင်အတွင်း ရေကြီးနစ်မြှုပ်ခဲ့ သည့် မိုးစပါးစိုက်ဧကများအတွက် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြင့် ရိတ်သိမ်းနိုင်ရေး စက်မှုလယ်ယာဦးစီးဌာနမှ စပါးရိတ်သိမ်းခြွေလှေ့စက်များ သက်ဆိုင်ရာ ဒေသသို့ ချက်ခြင်းရောက်ရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ရန် …

Read More »