Home / 2026 / May (page 2)

Monthly Archives: May 2026

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ပဲခူးတိုင်းဒေသကြီး အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မေ ၁၃           ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ပဲခူးတိုင်းဒေသကြီး အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို မေလ ၁၃ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြလုပ်ခဲ့ ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးတို့က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိနိုင်မည့် အချက်အလက်များအ‌ပေါ် အခြေခံ၍ မူဝါဒ၊ စီမံကိန်းများချမှတ်ရေးဆွဲနိုင်ရေးနှင့် ပဲခူးတိုင်းဒေသကြီးအစီရင်ခံစာနှင့်ပတ်သက်၍ ဖော်ထုတ်ရရှိ သည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။           …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း ရက်(၁၀၀) စီမံချက်ဖြင့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေး ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မေ ၁၂           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေ ၁၂ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ရက်(၁၀၀) စီမံချက်ဖြင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးပေးအပ်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ​ ပြည်ထောင်စုအစိုးအရအဖွဲ့၏ ရက်ပေါင်း ၁၀၀ စီမံကိန်း ကာလအတွင်း လယ်ယာကဏ္ဍအတွက် ရလဒ်ကောင်း Quick Win ရရှိစေမည့် အစီစဉ်အအဖြစ် ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေနှင့် လယ်ယာ သုံးစက်ကိရိယာချေးငွေများအား တိုးမြှင့်ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေများအပြင် လက်မှုလယ်ယာမှ စက်မှု လယ်ယာသို့ ကူးပြောင်းနိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာ ချေးငွေများကို စဉ်ဆက်မပြတ် ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း၊ တောင်သူများနေဖြင့် တိုးမြှင့်ထုတ်ချေးပေးသည့် ချေးငွေများအား လယ်ယာကုန်ထုတ်လုပ်ငန်းတွင် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူဒေသအတွင်း တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်

တောင်ငူ မေ ၁၁              ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက တောင်ငူဒေသအတွင်း တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေ ရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။              ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်၊ နေပူကုန်းလမ်းရှိ လုပ်ငန်းရှင် ဦးကိုကိုနိုင်၏ ငရုတ်သီးအမှုန့်မျိုးစုံလုပ်ငန်းသို့ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ထုတ်လုပ်မှုအဆင့်ဆင့်တိုင်း သန့်ရှင်သပ်ရပ်မှုရှိစေရေးနှင့် အစားအစာ ဘေးကင်းလုံခြုံမှုရှိရန်၊ ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်ရန်နှင့် ကုန်ကြမ်းပြတ်လပ်မှုမရှိစေရေး အားလုံး ပူးပေါင်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တောင်ငူမြို့၊ ရွှေဟင်္သာ(၂)ရပ်ကွက်ရှိ “မိဘမေတ္တာ” မျှစ်ချို/မျှစ်ချဉ် စားသောက်ကုန် လုပ်ငန်းသို့ရောက်ရှိခဲ့ပြီး မျှစ်အစိုထုတ်လုပ်ခြင်းအပြင် ရာသီမရွေးစားသုံး၍ရပြီး ပြည်ပပို့ကုန်တစ်ခုဖြစ်သည့် မျှစ်ခြောက်လုပ်ငန်းလည်း တိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် ဝါးအချောထည် စက်မှု/လက်မှုထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်းရှိ  စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံဖြိုးတိုးတက်စေရေး တွေ့ဆုံပွဲပြုလုပ်

တောင်ငူ မေ ၁၀        တောင်ငူမြို၊ ခပေါင်းခန်းမ၌ မေလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင်အတွင်းရှိ  တောင်ငူခရိုင်အတွင်းရှိ  စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံဖြိုးတိုးတက်စေရေး ခရိုင်/မြိုနယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့သည်။            ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တောင်ငူခရိုင်အတွင်းရှိ လူဦးရေ၏ ၇၅ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံဖြိုး တိုးတက်စေရေး အဓိကပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားရန်ဖြစ်ကြောင်း၊စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက် နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်စုံကောင်းမွန်ရမှာဖြစ်ပြီး သဘာဝမြေဩဇာကိုလည်းသုံးစွဲရေး အားပေးသွားရမှာဖြစ်ကြောင်း၊ ကျေးရွာအလိုက် ရာသီသီးနှံပင်များအား တစ်အုပ်တစ်မမှ စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်သွားနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊မွေးမြူရေးကဏ္ဍနှင့် ပတ်သက်၍ ဒေသတွင်း …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေး ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့

ပဲခူး မေ ၉  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့  မွန်းလွဲပိုင်းက ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေး ဝေါမြို့နယ်၊ ညောင်ခါးရှည်အမြဲတမ်း စစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။  ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့ စေရေးအတွက်  ဝေါမြို့နယ်၊ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။      ထို့နောက် အကောက်ခွန်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဌေး နှင့် တာဝန်ကျ ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် စစ်ဆေးဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများ၊ မော်တော်ယာဉ်များ ဖမ်းဆီးထိန်းသိမ်း သိုလှောင်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။     ဆက်လက်၍  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်

ဝေါ မေ ၇           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မေလ ၇ ရက်နေ့၊ မွန်းလွဲပိုင်းက ဝေါမြို့နယ်အတွင်း ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးမင်းလွင်၏ ဒေသစပ်စာဖြင့် ဥစားဘဲကောင်ရေ(၃၀၀၀)နှင့် ဥစားကြက်ကောင်ရေ(၇၅၀၀) မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဥစားကြက်၊ ဥစားဘဲနှင့် ဒေသကြက်တို့အား မွေးမြူနိုင်ရေး မွေးမြူရေးလုပ်ငန်းရှင်အသစ်များ ပေါ်ထွက်လာစေရေး စည်းရုံးဆောင် ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ အစီအစဉ်ဖြင့် ရက်(၁၀၀)အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတစ်ခုဖြစ်သည့် ဝေါမြို့နယ်၊ နောင်ပတ္တရာကျေးရွာအုပ်စုရှိ ရေကြီးရေနက်ကွင်းများအား ရေတော်မိုးတော်လယ်မြေများအဖြစ် အဆင့် မြှင့်တင်ပေးရန် …

Read More »

၂၀၂၆ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သော တိုင်းဒေသကြီး နွေရာသီ အဆင့်မြင့် အားကစားသင်တန်း ဆင်းပွဲ အခမ်းအနားကျင်းပ

ပဲခူး မေ ၇     ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ မေလ(၇)ရက်နေ့၊ နံနက်ပိုင်းအချိန်က ၂၀၂၆ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သော နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်ပေးခဲ့သည်။        ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ယခုလို နွေရာသီ အဆင့်မြင့် အားကစားသင်တန်းသို့ တက်ရောက် သည့် သင်တန်းသားများအနေဖြင့် မိမိတို့ ဝါသနာပါသည့် အားကစားနည်း တစ်နည်းနည်းကို တက်ကျွမ်းအောင် သင်ကြားစေခြင်းဖြင့် ကျန်းမာကြံ့ခိုင်စေပြီး အားကစားဖြင့် အနာဂတ်၏ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားကောင်း ပေါ်ထွက်လာနိုင်မှာ ဖြစ်ကြောင်း၊ မိဘအုပ်ထိန်းသူများ အနေနဲ့လည်း မိမိတို့ရဲ့ရင်သွေးငယ်များကို နိုင်ငံတော်အတွက် တန်ဖိုးရှိတဲ့ လူတော်လူကောင်းများ ဖြစ်လာစေဖို့ ဆက်လက်ပြီး စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးမယ့် နွေ ၊ မိုး ၊ ဆောင်း နှစ်လုံးပေါက် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ် (၁/၂၀၂၆-၂၀၂၇) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပဲခူး မေ ၆ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မေလ ၆ ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ်(၁/၂၀၂၆-၂၀၂၇) သင်တန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စက်မှုလယ်ယာကဏ္ဍသို့ ကူးပြောင်းရေး နည်းလမ်းပေါင်းစုံဖြင့် ဦးစားပေး ဆောင်ရွက် လျက်ရှိကြောင်း၊ စက်မှုလယ်ယာကူးပြောင်းရေးသည် မဖြစ်မနေ ဆောင်ရွက်ရမည့်လုပ်ငန်းတစ်ရပ်ဖြစ် သကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ လယ်ယာလုပ်ငန်းခွင်တွင် လက်တွေ့လုပ်ကိုင်ဆောင် ရွက်နေသည့် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်မှာသာ အချိန်တိုအတွင်း အောင်မြင်နိုင်မှာဖြစ် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရန်  ချေးငွေထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မေ ၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ မေလ ၅ ရက်နေ့၊ မွန်းလဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရန်  ချေးငွေထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး MSMEs အေဂျင်စီအဖွဲ့ နာယက၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး၏ အဓိကစီးပွားရေး မောင်းနှင်အားသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းအပေါ် အဓိကအခြေခံထားကြောင်း၊ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာပါက တိုင်းဒေသကြီး၏ GDP လည်း တိုးတက်လာမှာဖြစ်ကြောင်း၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်  ချေးငွေထုတ်ချေးပေးရာတွင် အချိန် အကန့်ဖြင့် ထုတ်ချေးပေးခြင်းဖြစ်၍ …

Read More »

ပဲခူးမြို့၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မေ ၅           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၅)ရက်နေ့၊ နံနက်ပိုင်းက နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းရင်းသား မိဘပြည်သူများ၏ အသက်အိုးအိမ်ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်အသွယ်သွယ်များကို ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ် အစဉ်အလာကြီးမားစွာဖြင့် ရပ်တည်ခဲ့တဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ နှစ်(၈၀)ပြည့် နေ့ထူးနေ့မြတ်ပင်ဖြစ်ကြောင်း၊ မြို့ပြရဲ့ လူမှုစီးပွားတိုးတက်မှု များ၊ စက်မှုလုပ်ငန်းတိုးတက်များပြားလာခြင်းနှင့်အတူ မီးဘေးအန္တရာယ်သည်လည်း တစ်ပါတည်းဖြစ် ပေါ်လာတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ မီးသတ်လုပ်ငန်းတာဝန်သည် အချိန်နှင့်တစ်ပြေးညီ အရေးပေါ် တုံ့ပြန်ဖြေရှင်းဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်၍ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် အသင့်ပြင်ဆင် စုဖွဲ့ လေ့ကျင့်မှု၊ အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ပြန်လည်သုံးသပ်မှုစတဲ့ လုပ်ငန်းဆိုင်ရာတွေကို မဟာ ဗျူဟာကျကျ ဆောင်ရွက်တတ်စေဖို့လိုမှာဖြစ်ကြောင်း၊ …

Read More »