ပဲခူး ဇွန် ၁ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် စာသင်တိုက်များသို့ ပိဋကတ်သုံးပုံ အဋ္ဌကထာကွန်ပျူတာစာမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အခမ်းအနား အား ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဇွန်လ ၁ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ သာသနာ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယဥက္ကဋ္ဌနှင့် ၎င်းတို့ဇနီးများ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ သာသနာ ရေးဆိုင်ရာ အသင်းအဖွဲ့များ တက်ရောက်ကြည်ညိုခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသူရိယ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website