ပဲခူး ဇွန် ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲ အား ဇွန်လ(၁၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး၊ တိုင်းဒေသကြီတရားလွှတ်တော်သူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားများ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်းမှာ နေထိုင်ကြတဲ့ ကရင်၊ အရှိုချင်း၊ မွန်၊ ရှမ်းနှင့် ပအိုဝ်းတိုင်းရင်းသားများရဲ့ စာပေဘာသာစကား တိုးတက်စေရန်နဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုများ တွေ့ဆုံနှီးနှောဖလှယ်နိုင်ရေး ကျင်းပပေးရခြင်းဖြစ်ကာ တိုင်းရင်းသားဒေသများဖွံ့ဖြိုး တိုးတက်ရေးနှင့် အေးချမ်းသာယာသော ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးတို့တွင် တိုင်းရင်းသား အားလုံးပူးပေါင်းလက်တွဲ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းနောက် ကရင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစောလင်းအောင်က အခမ်းအနားကျင်း ပရခြင်းနှင့်ပတ်သက်၍ …
Read More »Monthly Archives: June 2026
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ဒိုက်ဦး ဇွန် ၁၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ဒိုက်ဦး မြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင် ကျေးရွာအုပ်စု၌ မွေးမြူရေးလုပ်ငန်းရှင် ဦးဥက္ကာမှ နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဥစားဘဲ ကောင်ရေ(၆၅၀၀) ထပ်မံတိုးချဲ့မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် ရှမ်းစုကျေးရွာ အုပ်စု၌မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်း မြေမြှုပ်နေမှုနှင့် မွေးမြူရေးလုပ်ငန်းရှင် ဒေါ်မေစိုးသူ၏ ကိုယ်တိုင်သားဖောက်၍ ဒေသကြက်ကောင် ရေ (၃၅၀၀)အောင်မြင်စွာ မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး တိရစ္ဆာန်ဆေးပစ္စည်းပေး အပ်ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဒိုက်ဦး မြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၌ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးသီးနှံစိုက်ဧကများအတွက် …
Read More »ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး ဇွန် ၉ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးခရိုင်၊ ကဝမြို့၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကဒ်နှင့် အိမ်ထောင်စုစာရင်းများ လာရောက်ပြုလုပ်နေမှုအား ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ကဝမြို့နယ်၊ (၁)ရပ်ကွက် ကွင်းအတွင်းရှိ မိုးစပါးစိုက်လယ်မြေများ စုပေါင်းထွန်ယက်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သဘာဝ မြေဩဇာနှင့် ရွက်ဖျန်းမြေဩဇာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး အသိပညာပေးပြောကြားခဲ့သည်။ ၎င်းနောက် အုန်းနှဲစံပြကျေးရွာရှိ အစိုးရစက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းသား/သူများ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တောင်ငူဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇွန် ၈ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ ၈ ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တောင်ငူခရိုင်အတွင်းမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ များ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ အား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဒေသအဖြစ် ဆောင်ရွက် ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ အားကစားနှင့် ဒေသဖွံ့ဖြိုးရေး စသည့် ဘက်စုံကဏ္ဍစုံအား အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ တောင်ငူခရိုင်အတွင်း ဆက်စပ်သည့်မြို့နယ်များအားလုံး Smart City, Clean City …
Read More »ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပဲခူး ဇွန် ၅ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားအား ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ ၅ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၆ ခုနှစ်မှာ ကျရောက်သည့် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့်”ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်စို့” ဆိုသည့်အတိုင်း ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုကို လမ်းညွှန်ချက်များအတိုင်း ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ကမ္ဘာကြီး ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေဖို့ ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးဆက်သစ်များအတွက် ကောင်းမွန်ပြီးသန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေး နိုင်ဖို့ လူသားတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အသိစိတ်ဓာတ်ရှိရှိ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းထံသို့ သယံဇာတနှင့် သဘာဝ …
Read More »ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း
ပဲခူး ဇွန် ၅ ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ ၂၀၂၆-၂၀၂၇ ခု ၊ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများ၊ မြို့ပြသန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းသုံးပစ္စည်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းအတွက် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ လျှောက်လွှာတင်သွင်းနိုင်ပါကြောင်း အသိပးကြေညာအပ်ပါသည်။ အပြည့်အစုံကြည့်ရှုရန် (က) ပစ္စည်းတင်ဒါ————– (ခ) လုပ်ငန်းတင်ဒါ————-
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇွန် ၃ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိရာ ဇွန်လ(၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေွဝင်းသည် ပဲခူးခရိုင်၊ သနပ်ပင်မြို့ပေါ်ရှိ အခြေခံ ပညာ ကျောင်းများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးခရိုင်၊ သနပ်ပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး အစည်းအဝေးခန်းမ၌ ဒေသခံဆရာ/ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ် လျာထားချက်အတိုင်း ကျောင်းအပ်နှံမှုရာနှုန်းပြည့်မီစေရေး၊ ကျောင်းနေ ပျော်ရွှင်စေရေး၊ ကျောင်းထွက်မှုရာခိုင်နှုန်း လျော့နည်းစေရေးနှင့် အနည်းဆုံး KG+Grade 9 သင်ယူ တတ်မြောက်စေရေး ရပ်ကွက်/ကျေးရွာများအလိုက် အသိပညာပေး လှည့်လည်စည်းရုံးဆောင်ရွက်ရန် ပြောကြားခဲ့သည်။ ထို့နောက် …
Read More »ပဲခူးမြို့၌ တတိယအကြိမ်မြောက် နွေရာသီအနုပညာသင်တန်း(အတီးဘာသာရပ်)သင်တန်းဆင်းပွဲကျင်းပ
ပဲခူး ဇွန် ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် ၂ဝ၂၆ ခုနှစ်၊ တတိယအကြိမ်မြောက် နွေရာသီအနုပညာသင်တန်း(အတီးဘာသာရပ်) သင်တန်းဆင်းပွဲ အခမ်းအနားအား ပဲခူးမြို့၊ မြို့တော် ခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နွေရာသီအားလပ်ရက်များအား အကျိုး ရှိရှိ အသုံးချပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ကျောင်းသားလူငယ်များ တန်ဖိုးထား၍ ရေရှည် တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းနှင့် မိမိတို့သင်ကြားခဲ့ရသည့် အတီးဘာသာရပ်အလိုက် ကျွမ်းကျင် ပိုင်နိုင်စွာ တက်မြောက်စေရေး ဆက်လက်ကြိုးစားလေ့လာသင်ယူသွားကြစေလိုကြောင်း သင်တန်းဆင်း အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဥပဒေချုပ် ဦးခင်မောင်တင့်က သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပက်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နွေရာသီအနုပညာသင်တန်း (အတီးဘာသာရပ်) …
Read More »ကျောင်းအပ်နှံမှုရာခိုင်နှုန်းများ တိုးတက်မြင့်မားစေရေး အလေးထားဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှာကြား
ပဲခူး ဇွန် ၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇွန်လ ၁ ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှုရာခိုင်နှုန်းများ တိုးတက်မြင့်မားစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်များအလိုက် အခြေခံပညာ ကျောင်းများ၌ ကျောင်းအပ်နှံမှု ရာခိုင်းနှုန်းတိုးတက် မြင့်မားစေရေး သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ရပ်မိ/ရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံမှုနှင့် ကျောင်းတက်ရောက်နေမှု အခြေအနေများ တင်ပြရန်နှင့် လိုအပ်ချက်များရှိပါက ချက်ခြင်းဖြေရှင်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ကျောင်း အပ်နှံမှု၊ ကျောင်းတက်ရောက်နေမှုနှင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်ကြားနေမှု အခြေအနေများကို လည်းကောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက စာသင်ကျောင်းများအလိုက် ကျောင်းအပ်နှံမှု တိုးတက်မြင့်မားလာစေရေး …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် စာသင်တိုက်များသို့ ပိဋကတ် သုံးပုံ အဋ္ဌကထာကွန်ပျူတာစာမူ ကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇွန် ၁ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် စာသင်တိုက်များသို့ ပိဋကတ်သုံးပုံ အဋ္ဌကထာကွန်ပျူတာစာမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အခမ်းအနား အား ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဇွန်လ ၁ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ သာသနာ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယဥက္ကဋ္ဌနှင့် ၎င်းတို့ဇနီးများ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ သာသနာ ရေးဆိုင်ရာ အသင်းအဖွဲ့များ တက်ရောက်ကြည်ညိုခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသူရိယ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website