Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများအား ဆန်၊ဆီ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများအား ဆန်၊ဆီ ထောက်ပံ့ပေးအပ်

ပဲခူး ဖေဖော်ဝါရီ ၂၄

==================

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ မွန်းလွဲ(၁၂:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်များအား ဆန်၊ဆီ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဌာနစိတ်အသီးသီးတို့တွင် တာဝန်ထမ်းဆောင်နေ ကြသော ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်မပျက် လုပ်ကိုင်နေကြသည်ကို တွေ့ရှိရသဖြင့် ကျေးဇူး တင် ဝမ်းမြောက်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်နေသော ဝန်ထမ်းများအနေဖြင့် လည်း နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကိုရှေးရှု၍ မိမိလုပ်ငန်းခွင်သို့ အမြန်ပြန်လည်ဝင်ရောက်ရန်နှင့် တာဝန်သိစွာဖြင့် လုပ်ငန်းခွင့်သို့ ပြန်လည်ဝင်ရောက်သူများကို တစ်စုံတစ်ရာ အရေးယူမှုများ ပြုလုပ် မည်မဟုတ်ကြောင်း ကြေညာထားသည်ကို တာဝန်ရှိသူ အဆင့်ဆင့်က အသိပေးပြောကြားထား စေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာ သွားရမည်ဖြစ်ကြောင်း၊ ပါတီနိုင်ငံရေး ကင်းရှင်းရမည် ဖြစ်ကြောင်း၊ အခက်အခဲများရှိပါကလည်း မိမိတို့အနေဖြင့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖြည့်ဆည်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ကောင်စီ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများအား ဆန်၊ ဆီများ ထောက်ပံ့ ပေးအပ်ရာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမှုထမ်း၊ အရာထမ်း ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။